ချယ်ဆီးအသင်း လိုအပ်ချိန်တိုင်း ရှိမနေဘဲ ပျောက်ဆုံးနေတဲ့ ဂျာမန်သား ကွင်းလယ် ကိုင်ဟာဗက်ဇ်

ဘန်လေနဲ့ ပွဲမှာ ချယ်ဆီးအသင်းရဲ့ ကစားသမားသစ်တွေထဲ ဇီယက်ချ်ရဲ့ ခြေစွမ်းကို ချယ်ဆီးခံစစ်မှူးဟောင်း လီဘိုးက အထင်ကြီးမိပေမယ့် ကွင်းလယ် ဖန်တီးရှင် ကိုင်ဟာဗက်ဇ်ကတော့ ဒိထက် လုပ်ပြနိုင်ဖို့ လိုသေးတယ်လို့ ၎င်းက သုံးသပ်ခဲ့ကာ အသင်းလိုအပ်ချိန်တိုင်း ဂျာမန်သားက ပျောက်ဆုံးနေတယ်လို့ ထောက်ပြခဲ့ပါတယ်။

အသက် ၂၁ နှစ် အရွယ် ကွင်းလယ်သမားဟာ သူ ဘာလုပ်နိုင်လဲ ဆိုတာ ကာရာဘောင်းဖလား ပွဲမှာတုန်းက ဟက်ထရစ် သွင်းကာ အစွမ်းပြခဲ့ပါတယ်။ ဒါပေမယ့် ပေါင် သန်း ၇၀ တန် ကွင်းလယ်ကစားသမားဟာ သူ့အတွက် ချယ်ဆီး သုံးခဲ့ရတဲ့ တန်ကြေးနဲ့ ထိုက်တန်အောင် လုပ်ပြဖို့ လိုသေးကြောင်း လီဘိုး က ဆိုလိုက်ပါတယ်။

ဟာဗက်ဇ်ဟာ ပရီးမီးယားလိဂ်မှာတော့ ခြေစွမ်းကောင်းတွေ ပြသဖို့ ရုန်းကန်ရဆဲ ဖြစ်ပါတယ်။ ဒါကြောင့် လီဘိုးကတော့ ဟာဗက်ဇ် ဒိထက်ပိုပြိး အားစိုက် ကစားဖို့ တိုက်တွန်းလိုက်ပြီး ဇီယက်လို့ မှန်ကန်တဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ ပွဲထဲမှာ ရှိနေဖို့ လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။

” ချယ်ဆီးအသင်းကတော့ ပိုပြီး ကောင်းလာနေတယ် ကျနော် ထင်ပါတယ်။ ကစားသမား တချို့လည်း ကောင်းလာနေတယ်။ ဇီယက်ဆို ကြံ့ခိုင်မှု အပြည့်နဲ့ အကောင်းဆုံး ခြေစွမ်း ထုတ်နေတာ မြင်ရတော့ သိပ်ကျေနပ် အားရမိတယ်။ ဒါပေမယ့် ဟာဗက်ဇ် ကိုတော့ သိပ် စိတ်တိုင်း မကျမိသေးဘူး။ ကျနော့် အနေနဲ့တော့ သူ့ဆီက ဒိထက် ပိုလုပ်ပြတာတွေ မြင်ချင်ပါတယ်။

သူ ထွက်လာ လုပ်ပြရမယ့် အချိန်တိုင်း ပျောက်ဆုံးနေတာထက် ပို အားထုတ် လုပ်ပြတာ မြင်ချင်ပါတယ်။ ဖရန့်လည်း သူ့ အပေါ် အပြည့်အ၀ ကျေနပ်ဦးမှာ မဟုတ်ဘူးလို့ ကျနော်ထင်တယ်။ တခါတလေဆို ပွဲထဲမှာ သူတို့ အချင်းချင်း ပြန်ရှာနေတာမျိုးတွေ တွေ့ရတယ် တစ်ယောက် သဘော တစ်ယောက် သိပ် မသိသေးသလိုပေါ့။

ချယ်ဆီးကနေ ဒိထက် ပိုပြီး ကောင်းမွန်တဲ့ အရာတွေ မြင်ရဖို့ ကျနော် မျှော်လင့်ပါတယ်။ သူတို့မှာ ရှိတဲ့ ကစားသမားတွေနဲ့ဆို အများကြိး လုပ်ပြနိုင်ပါသေးတယ်။ ” လို့ လီဘိုးက ထောက်ပြ ပြောဆိုခဲ့ပါတယ်။

တာ့ဖ်မိုးမှာ ဘန်လေကို နိုင်တဲ့ပွဲနောက် ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ထိပ်ဆုံး ၆ သင်းထဲ ပြန်ဝင်လာခဲ့ပြီ ဖြစ်ပြီး ဆုဖလားတွေ စိန်ခေါ်ဖို့တို့ တောက်ပတဲ့ ခြေစွမ်းတွေ ပိုမို ပြသနိုင်ဖို့ လိုအပ်နေပါသေးတယ်။ ချယ်ဆီးအသင်းဟာ ကြားရက် ချန်ပီယံလိဂ်မှာ ရေးနက်စ် အသင်းနဲ့ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။

Zawgyi – ဘန္ေလနဲ႕ ပြဲမွာ ခ်ယ္ဆီးအသင္းရဲ႕ ကစားသမားသစ္ေတြထဲ ဇီယက္ခ်္ရဲ႕ ေျခစြမ္းကို ခ်ယ္ဆီးခံစစ္မွဴးေဟာင္း လီဘိုးက အထင္ၾကီးမိေပမယ့္ ကြင္းလယ္ ဖန္တီးရွင္ ကိုင္ဟာဗက္ဇ္ကေတာ့ ဒိထက္ လုပ္ျပနိုင္ဖို႔ လိုေသးတယ္လို႔ ၄င္းက သံုးသပ္ခဲ့ကာ အသင္းလိုအပ္ခ်ိန္တိုင္း ဂ်ာမန္သားက ေပ်ာက္ဆံုးေနတယ္လို႔ ေထာက္ျပခဲ့ပါတယ္။

အသက္ ၂၁ နွစ္ အရြယ္ ကြင္းလယ္သမားဟာ သူ ဘာလုပ္နုိင္လဲ ဆိုတာ ကာရာေဘာင္းဖလား ပြဲမွာတုန္းက ဟက္ထရစ္ သြင္းကာ အစြမ္းျပခဲ့ပါတယ္။ ဒါေပမယ့္ ေပါင္ သန္း ၇၀ တန္ ကြင္းလယ္ကစားသမားဟာ သူ႔အတြက္ ခ်ယ္ဆီး သံုးခဲ့ရတဲ့ တန္ေၾကးနဲ႕ ထိုက္တန္ေအာင္ လုပ္ျပဖို႔ လိုေသးေၾကာင္း လီဘိုး က ဆိုလိုက္ပါတယ္။

ဟာဗက္ဇ္ဟာ ပရီးမီးယားလိဂ္မွာေတာ့ ေျခစြမ္းေကာင္းေတြ ျပသဖို႔ ရုန္းကန္ရဆဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ လီဘိုးကေတာ့ ဟာဗက္ဇ္ ဒိထက္ပိုျပိး အားစိုက္ ကစားဖို႔ တိုက္တြန္းလိုက္ျပီး ဇီယက္လို႔ မွန္ကန္တဲ့ စိတ္ပိုင္းျဖတ္မႈနဲ႕ ပြဲထဲမွာ ရွိေနဖို႔ လိုတယ္လို႕ ေျပာဆိုခဲ့ပါတယ္။

” ခ်ယ္ဆီးအသင္းကေတာ့ ပိုျပီး ေကာင္းလာေနတယ္ က်ေနာ္ ထင္ပါတယ္။ ကစားသမား တခ်ိဳ႕လည္း ေကာင္းလာေနတယ္။ ဇီယက္ဆို ၾကံ႕ခိုင္မႈ အျပည့္နဲ႕ အေကာင္းဆံုး ေျခစြမ္း ထုတ္ေနတာ ျမင္ရေတာ့ သိပ္ေက်နပ္ အားရမိတယ္။ ဒါေပမယ့္ ဟာဗက္ဇ္ ကိုေတာ့ သိပ္ စိတ္တိုင္း မက်မိေသးဘူး။ က်ေနာ့္ အေနနဲ႕ေတာ့ သူ႔ဆီက ဒိထက္ ပိုလုပ္ျပတာေတြ ျမင္ခ်င္ပါတယ္။

သူ ထြက္လာ လုပ္ျပရမယ့္ အခ်ိန္တိုင္း ေပ်ာက္ဆံုးေနတာထက္ ပို အားထုတ္ လုပ္ျပတာ ျမင္ခ်င္ပါတယ္။ ဖရန္႔လည္း သူ႔ အေပၚ အျပည့္အ၀ ေက်နပ္ဦးမွာ မဟုတ္ဘူးလို႔ က်ေနာ္ထင္တယ္။ တခါတေလဆို ပြဲထဲမွာ သူတို႔ အခ်င္းခ်င္း ျပန္ရွာေနတာမ်ိဳးေတြ ေတြ႔ရတယ္ တစ္ေယာက္ သေဘာ တစ္ေယာက္ သိပ္ မသိေသးသလိုေပါ့။

ခ်ယ္ဆီးကေန ဒိထက္ ပိုျပီး ေကာင္းမြန္တဲ့ အရာေတြ ျမင္ရဖို႔ က်ေနာ္ ေမွ်ာ္လင့္ပါတယ္။ သူတို႔မွာ ရွိတဲ့ ကစားသမားေတြနဲ႕ဆို အမ်ားၾကိး လုပ္ျပနိုင္ပါေသးတယ္။ ” လို႔ လီဘိုးက ေထာက္ျပ ေျပာဆိုခဲ့ပါတယ္။

တာ့ဖ္မိုးမွာ ဘန္ေလကို နုိင္တဲ့ပြဲေနာက္ ခ်ယ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ ထိပ္ဆံုး ၆ သင္းထဲ ျပန္၀င္လာခဲ့ျပီ ျဖစ္ျပီး ဆုဖလားေတြ စိန္ေခၚဖို႔တို႔ ေတာက္ပတဲ့ ေျခစြမ္းေတြ ပိုမို ျပသနိုင္ဖို႔ လိုအပ္ေနပါေသးတယ္။ ခ်ယ္ဆီးအသင္းဟာ ၾကားရက္ ခ်န္ပီယံလိဂ္မွာ ေရးနက္စ္ အသင္းနဲ႕ ရင္ဆိုင္ကစားရမွာ ျဖစ္ပါတယ္။