လက်ရှိ ယူနိုက်တက်မှာ ပေါ့ဘာအတွက် အကောင်းဆုံးနေရာက အရန်ခုံ မှာ ပါပဲ

မန်ချက်စတာ ယူနိုက်တက်မှာ ရုန်းကန်နေရတဲ့ ပေါလ်ပေါ့ဘာကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ နည်းပြ ဆိုးလ်ရှားက မသိဘူးလို့ ချယ်ဆီး ခံစစ်မှူးဟောင်းကြီး ဖရန့် လီဘိုး က ယူဆနေပြီး တကယ်တော့ အခုအချိန်မှာ ပေါ့ဘာရဲ့ အကောင်းဆုံး နေရာက အရန်ခုံပဲလို့ ထောက်ပြ ပြောဆိုလာခဲ့ပါတယ်။

ညက ပွဲမှာ ပြင်သစ်သား ရဲ့ အမှားကြောင့် အာဆင်နယ်ကို ပင်နယ်တီပေးခဲ့ရပြီး အူဘာမီးယန်းရဲ့ ကန်သွင်းမှုနဲ့ပဲ လန်ဒန်ကလပ်က အနိုင် ရခဲ့သလို ဒီပွဲဟာ ယူနိုက်တက်အတွက်တော့ ဒီရာသီ ၃ပွဲမြောက် အိမ်ကွင်းရှုံးပွဲဖြစ်ခဲ့ပြီး ပေါ့ဘာအတွက် မေ့ပျောက်ချင်စရာ ညနေခင်း တစ်ခု အဖြစ် အဆုံးသတ်ခဲ့ရပါတယ်။

လီဘိုးကတော့ ဆိုးရှား တစ်ယောက် ပေါ့ဘာရဲ့ အကောင်းဆုံး ပုံစံ ရရှိအောင် လုပ်ဖို့ ရုန်းကန်နေရတာကြောင့် လောလောဆယ် ပြင်သစ်သား ကို ပွဲထွက် စာရင်းမှာ မထည့်သင့်ဘူးလို့ ယူဆနေပါတယ်။

“ယူနိုက်တက်ရဲ့ ကစားပုံအတွက် ဖြေရှင်းချက်ရှိလား မရှိလား ကျွန်တော်မသိဘူး၊ ဒီနေ့ စိန်ပွင့်ပုံ ကွင်းလယ်ကို မြင်ရတာက အတော်လေး ထူးဆန်းခဲ့တယ်၊ ဘာလို့လဲဆိုတော့ ဆိုးလ်ရှားက ပေါ့ဘာကို အလယ်မှာ ထားချင်ခဲ့ တာလေ၊ အဲ့ဒါက ပြဿနာဖြစ်နေတာပဲ၊

ဘာလို့လဲ ဆိုတော့ သူ က ဒုတိယပိုင်းမှာပေါ့ဘာကို ပြောင်းလဲစေခဲ့ပြီး ဘယ်တောင်ပံလောက်နီးပါး ကစားခိုင်းခဲ့တာ၊ ပေါ့ဘာကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာ ဆိုးလ်ရှား မသိဘူး။ သူ့ရဲ့ တကယ့်နေရာကို ဆိုးလ်ရှား စဉ်းစားဖို့လိုနေပြီ၊ တကယ်တော့ အခုချိန်မှာ ပေါ့ဘာအတွက် အသင့်တော်ဆုံးနေရာက အရန်ခုံပါပဲ ” လို့ လီဘိုး က ပြောဆိုခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ကြားရက် ချန်ပီယံလိဂ်မှာတော့ အစ္စတန်ဘူလ် ဘာရှက်ရှီဟီ နဲ့ တွေ့ဆုံဖို့ တူရကီကို သွားရမှာဖြစ်ပြီး အုပ်စု ပြိုင်ဘက် ၃ သင်း လုံး အနိုင်ရရှိဖို့ကို မျှော်လင့်နေမှာဖြစ်ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္မွာ ႐ုန္းကန္ေနရတဲ့ ေပါလ္ေပါ့ဘာကို ဘယ္လို ကိုင္တြယ္ရမလဲဆိုတာ နည္းျပ ဆိုးလ္ရွားက မသိဘူးလို႔ ခ်ယ္ဆီး ခံစစ္မွဴးေဟာင္းၾကီး ဖရန္႔ လီဘိုး က ယူဆေနျပီး တကယ္ေတာ့ အခုအခ်ိန္မွာ ေပါ့ဘာရဲ႕ အေကာင္းဆုံး ေနရာက အရန္ခုံပဲလို႔ ေထာက္ျပ ေျပာဆိုလာခဲ့ပါတယ္။

ညက ပြဲမွာ ျပင္သစ္သား ရဲ႕ အမွားေၾကာင့္ အာဆင္နယ္ကို ပင္နယ္တီေပးခဲ့ရၿပီး အူဘာမီးယန္းရဲ႕ ကန္သြင္းမႈနဲ႔ပဲ လန္ဒန္ကလပ္က အႏိုင္ ရခဲ့သလို ဒီပြဲဟာ ယူႏိုက္တက္အတြက္ေတာ့ ဒီရာသီ ၃ပြဲေျမာက္ အိမ္ကြင္းရႈံးပြဲျဖစ္ခဲ့ၿပီး ေပါ့ဘာအတြက္ ေမ့ေပ်ာက္ခ်င္စရာ ညေနခင္း တစ္ခု အျဖစ္ အဆုံးသတ္ခဲ့ရပါတယ္။

လီဘိုးကေတာ့ ဆိုးရွား တစ္ေယာက္ ေပါ့ဘာရဲ႕ အေကာင္းဆုံး ပုံစံ ရရွိေအာင္ လုပ္ဖို႔ ႐ုန္းကန္ေနရတာေၾကာင့္ ေလာေလာဆယ္ ျပင္သစ္သား ကို ပြဲထြက္ စာရင္းမွာ မထည့္သင့္ဘူးလို႔ ယူဆေနပါတယ္။

“ယူႏိုက္တက္ရဲ႕ ကစားပုံအတြက္ ေျဖရွင္းခ်က္ရွိလား မရွိလား ကြၽန္ေတာ္မသိဘူး၊ ဒီေန႔ စိန္ပြင့္ပုံ ကြင္းလယ္ကို ျမင္ရတာက အေတာ္ေလး ထူးဆန္းခဲ့တယ္၊ ဘာလို႔လဲဆိုေတာ့ ဆိုးလ္ရွားက ေပါ့ဘာကို အလယ္မွာ ထားခ်င္ခဲ့ တာေလ၊ အဲ့ဒါက ျပႆနာျဖစ္ေနတာပဲ၊

ဘာလို႔လဲ ဆိုေတာ့ သူ က ဒုတိယပိုင္းမွာေပါ့ဘာကို ေျပာင္းလဲေစခဲ့ၿပီး ဘယ္ေတာင္ပံေလာက္နီးပါး ကစားခိုင္းခဲ့တာ၊ ေပါ့ဘာကို ဘယ္လို ကိုင္တြယ္ရမလဲ ဆိုတာ ဆိုးလ္ရွား မသိဘူး။ သူ႔ရဲ႕ တကယ့္ေနရာကို ဆိုးလ္ရွား စဥ္းစားဖို႔လိုေနၿပီ၊ တကယ္ေတာ့ အခုခ်ိန္မွာ ေပါ့ဘာအတြက္ အသင့္ေတာ္ဆုံးေနရာက အရန္ခုံပါပဲ ” လို႔ လီဘိုး က ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ ၾကားရက္ ခ်န္ပီယံလိဂ္မွာေတာ့ အစၥတန္ဘူလ္ ဘာရွက္ရွီဟီ နဲ႔ ေတြ႕ဆုံဖို႔ တူရကီကို သြားရမွာျဖစ္ၿပီး အုပ္စု ျပိဳင္ဘက္ ၃ သင္း လုံး အႏိုင္ရရွိဖို႔ကို ေမွ်ာ္လင့္ေနမွာျဖစ္ပါတယ္။