ချယ်ဆီး Vs ရင်းနက်စ် ချန်ပီယံလိဂ် အုပ်စုပွဲ အတွက် အိုဝင် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်
အရှိန်ကောင်းတွေ ရနေတဲ့ ချယ်ဆီး အသင်းဟာ ဒီတစ်ပတ် ကြားရက် ချန်ပီယံလိဂ် အုပ်စုပွဲမှာတော့ ပြင်သစ်ကလပ် ရင်းနက်စ် အသင်းကို အိမ်ကွင်း စတန်းဖို့ ဘရဒ်ချ်မှာ ဧည့်ခံ ကစားရဖို့ ရှိနေပါတယ်။
ချယ်ဆီးနဲ့ ရင်းနက်စ်အသင်းတို့ ပွဲစဉ်က လာမယ့် နိုဝင်ဘာ ၅ ရက် (ကြာသပတေးနေ့) နံနက် ၂း၃၀ နာရီမှာ ယှဉ်ပြိုင် ကစားကြမှာပါ။ ဒီပွဲ အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က အခုလို သုံးသပ်ထားပါတယ်။
အိုဝင်က – ” ဆောက်သမ်တန်ကို အိမ်ကွင်းမှာ ၃ဂိုးစီနဲ့ သရေကျပြီး နောက်ပိုင်း ချယ်ဆီးက တစ်ဂိုးမှ မပေးရဘဲ လေးပွဲ ဆက် ပြန် တုန့်ပြန် ပြခဲ့ပါတယ်။ ချယ်ဆီးကတော့ ရာသီအစမှာ ကသီလင်တ ဖြစ်ခဲ့ရပေမယ့် အချိုးအကွေ့ တစ်ခုလို လုံး၀ လမ်းကြောင်း ပြောင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီပွဲမှာလည်း ချယ်ဆီးက အိမ်ကွင်းမှာ ရင်းနက်စ်ကို ကောင်းစွာ အနိုင်ယူပါလိမ့်မယ်။ ” လို့ ဆိုထားပါတယ်။
မိုက်ကယ် အိုဝင်ခန့်မှန်းရလဒ် ကတော့ ပေးဂိုး မရှိ ချယ်ဆီး အနိုင် (သို့) ချယ်ဆီး 2-0 ရင်းနက်စ် ဖြစ်ပါတယ်။
Zawgyi – အရှိန်ကောင်းတွေ ရနေတဲ့ ချယ်ဆီး အသင်းဟာ ဒီတစ်ပတ် ကြားရက် ချန်ပီယံလိဂ် အုပ်စုပွဲမှာတော့ ပြင်သစ်ကလပ် ရင်းနက်စ် အသင်းကို အိမ်ကွင်း စတန်းဖို့ ဘရဒ်ခ်ျမှာ ဧည့်ခံ ကစားရဖို့ ရှိနေပါတယ်။