အစ္စတန်ဘူလ် Vs မန်ယူနိုက်တက် ချန်ပီယံလိဂ် အုပ်စုပွဲ အတွက် အိုဝင် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ပြည်တွင်း ပွဲမှာ အထိနာထားတဲ့ မန်ချက်စတာ ယူနိုက်တက်အတွက် ဒီတစ်ပတ် ကြားရက်မှာ ပြန်လည် တုန့်ပြန် ပေါက်ကွဲဖို့ ချန်ပီယံလိဂ် အုပ်စုပွဲ က စောင့်ကြိုလိုနေပါတယ်။ ယူနိုက်တက်ဟာ တူရကီကလပ် အစ္စတန်ဘူလ် ဘက်ရှီးယား အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။

ပွဲချိန်ကတော့ လာမယ့် နိုဝင်ဘာ ၅ ရက် (ကြာသပတေးနေ့) နံနက် ၀၀း၂၅ နာရီမှာ ဖြစ်ပါတယ်။ ဒီပွဲ အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က အခုလို သုံးသပ်ထားပါတယ်။

အိုဝင်က – ” မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိ ဘောလုံးလောကမှာ ခန့်မှန်းရ အခက်ဆုံး ဖြစ်နိုင်ပါတယ်။ ဥရောပမှာ သူတို့ အကောင်းဆုံး ပုံစံတွေ ပြသနေပေမယ့် ပြည်တွင်းလိဂ်မှာတော့ ဟန်ချက်ညီမှု မရှိသေးပါဘူး။ ဥရောပပွဲ ပြန် ရောက်လာတော့ သူတို့ နောက်ထပ် ရလဒ်ကောင်း ယူပြနိုင်မယ် ကျနော် ထင်ပါတယ်။

ယူနိုက်တက်က အိမ်ကွင်းထက် အဝေးကွင်း ကစားတာ လောလောဆယ် ပိုသင့်တော်နေတယ် ပြောရမှာပါ။ သူတို့က ကောင်တာ တိုက်စစ် အကောင်းဆုံး လုပ်ပြနိုင်ပါတယ်။ ဆိုးရှား အနေနဲ့ အာဆင်နယ်ကို ရှုံးထားတဲ့ ပွဲကနေ ပြန်နိုးထနိုင်ဖို့က ဒီပွဲ အကောင်းဆုံး အခွင့် အရေးပါ။ သူတို့ အမှတ်ပြည့် ယူပြီး အိုးထရက်ဖို့ဒ်ကို ပြန်ကြပါလိမ့်မယ်။ ” လို့ ဆိုထားပါတယ်။

မိုက်ကယ် အိုဝင်ခန့်မှန်းရလဒ် ကတော့ အစ္စတန်ဘူလ် ဘက်ရှီးယား 0-2 မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။

Zawgyi – ျပည္တြင္း ပြဲမွာ အထိနာထားတဲ့ မန္ခ်က္စတာ ယူနိုက္တက္အတြက္ ဒီတစ္ပတ္ ၾကားရက္မွာ ျပန္လည္ တုန္႔ျပန္ ေပါက္ကြဲဖို႔ ခ်န္ပီယံလိဂ္ အုပ္စုပြဲ က ေစာင့္ၾကိဳလိုေနပါတယ္။ ယူနိုက္တက္ဟာ တူရကီကလပ္ အစၥတန္ဘူလ္ ဘက္ရွီးယား အသင္းကို အေ၀းကြင္းမွာ သြားေရာက္ ရင္ဆိုင္ရမွာပါ။

ပြဲခ်ိန္ကေတာ့ လာမယ့္ နို၀င္ဘာ ၅ ရက္ (ၾကာသပေတးေန႔) နံနက္ ၀၀း၂၅ နာရီမွာ ျဖစ္ပါတယ္။ ဒီပြဲ အတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္က အခုလို သံုးသပ္ထားပါတယ္။

အို၀င္က – ” မန္ခ်က္စတာယူနိုက္တက္ဟာ လက္ရွိ ေဘာလံုးေလာကမွာ ခန္႔မွန္းရ အခက္ဆံုး ျဖစ္နိုင္ပါတယ္။ ဥေရာပမွာ သူတို႔ အေကာင္းဆံုး ပံုစံေတြ ျပသေနေပမယ့္ ျပည္တြင္းလိဂ္မွာေတာ့ ဟန္ခ်က္ညီမႈ မရွိေသးပါဘူး။ ဥေရာပပြဲ ျပန္ ေရာက္လာေတာ့ သူတို႔ ေနာက္ထပ္ ရလဒ္ေကာင္း ယူျပနိုင္မယ္ က်ေနာ္ ထင္ပါတယ္။

ယူနိုက္တက္က အိမ္ကြင္းထက္ အေ၀းကြငး္ ကစားတာ ေလာေလာဆယ္ ပိုသင့္ေတာ္ေနတယ္ ေျပာရမွာပါ။ သူတို႔က ေကာင္တာ တိုက္စစ္ အေကာင္းဆံုး လုပ္ျပနိုင္ပါတယ္။ ဆိုးရွား အေနနဲ႕ အာဆင္နယ္ကို ရွံဳးထားတဲ့ ပြဲကေန ျပန္နုိးထနုိင္ဖို႔က ဒီပြဲ အေကာင္းဆံုး အခြင့္ အေရးပါ။ သူတို႔ အမွတ္ျပည့္ ယူျပီး အိုးထရက္ဖို႔ဒ္ကို ျပန္ၾကပါလိမ့္မယ္။ ” လို႔ ဆိုထားပါတယ္။

မိုက္ကယ္ အို၀င္ခန္႔မွန္းရလဒ္ ကေတာ့ အစၥတန္ဘူလ္ ဘက္ရွီးယား 0-2 မန္ခ်က္စတာ ယူနိုက္တက္ ျဖစ္ပါတယ္။