အစ္စတန်ဘူလ်အသင်း ကို ရင်ဆိုင်ဖို့ တူရကီ ထွက်ခွာသွားတဲ့ ယူနိုက်တက် ၂၄ ဦး လူစာရင်း

အရှိန်ကောင်း ရနေတဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ခြေလှမ်းတွေက အိုးထရက်ဖို့ဒ်မှာ အာဆင်နယ်ကို အရေးနိမ့်ခဲ့ရတာကြောင့် ရပ်တန့်သွားခဲ့ရပါတယ်။ ဒါပေမယ့် ဆိုးရှား ဦးဆောင်တဲ့ ယူနိုက်တက် အသင်းသားတွေက ဥရောပပွဲတွေမှာ မထင်မှတ်တဲ့ ရလဒ်ကြီးတွေ ယူဆောင်နိုင်လေ့ ရှိပါတယ်။

ဒီကြားရက် ချန်ပီယံလိဂ် အုပ်စုပွဲမှာ အစ္စတန်ဘူလ် ဘက်ရှီးယား အသင်းနဲ့ တွေ့ဆုံနေပြီး ယူနိုက်တက် အသင်းသားတွေက လတ်တလော ရှုံးပွဲကို တုန့်ပြန် ပေါက်ကွဲပြကြဖွယ် ရှိနေပါတယ်။

ဒီရာသီ ချန်ပီယံလိဂ် အုပ်စုဟာ အုပ်စုကြပ် မရဏ အုပ်စုမှာ ကျရောက်နေတာ ဖြစ်ပေမယ့် ယူနိုက်တက်က ပထမနှစ်ပွဲမှာ ပီအက်စ်ဂျီနဲ့ လိုက်ပ်ဇစ် အသင်းတို့ကို အနိုင်ယူကာ အမှတ်ပြည့် ယူထားခဲ့တာကြောင့် ဒီတစ်ပတ် အစ္စတန်ဘူလ်အသင်းကို နိုင်ရင် အုပ်စုတွင်း ပြိုင်ဘက် အားလုံးကို အနိုင်ရတဲ့ မှတ်တမ်းကောင်းပါ ရရှိနိုင်မှာ ဖြစ်ပါတယ်။

အဝေးကွင်း ပွဲ ကစားရမှာ ဖြစ်လို့ တူရကီသို့ ထွက်ခွာသွားမယ့် ယူနိုက်တက်ရဲ့ ၂၄ ဦး လူစာရင်းမှာ ကိုဗစ် တွေ့ရှိထားတဲ့ အဲလက်စ် တဲလက်စ်က လွဲလို့ လူစုံ ပါဝင်ခဲ့ပါတယ်။ ပြည်တွင်းပွဲမှာ ပွဲပယ် ထိထားတဲ့ မာရှယ်လည်း ဒီလူစာရင်းမှာ ပါဝင်လာပါတယ်။

တူရကီသွားတဲ့ ယူနိုက်တက် လူစာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • ဂိုး – ဒီဂီယာ၊ ဒင်း ဟန်ဒါဆန်၊ လီဂရန့်။
  • ခံစစ် – ဝမ်ဘစ်ဆာကာ၊ ဖိုဆုမန်ဆာ၊ တွမ်ဇီဘီ၊ လင်ဒီလော့ဖ်၊ မန်ဂီ၊ မက်ဂွဲရား၊ လုခ်ရှော၊ ဘရန်ဒန် ဝီလီယံ။
  • ကွင်းလယ် – မာတစ်၊ ဖရက်၊ တော်မီနေး၊ ပေါ့ဘာ၊ ဗန်ဒီဘိခ်၊ မာတာ၊ ဂျိမ်းစ်၊ ဘရူနို ဖာနန်ဒက်စ်။
  • တိုက်စစ် – မာရှယ်၊ ရက်ဖို့ဒ်၊ ကာဗာနီ၊ အစ်ဟာလို၊ မေဆန် ဂရင်းဝုဒ်။

Zawgyi – အရွိန္ေကာင္း ရေနတဲ့ မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ ေျခလွမ္းေတြက အိုးထရက္ဖို႕ဒ္မွာ အာဆင္နယ္ကို အေရးနိမ့္ခဲ့ရတာေၾကာင့္ ရပ္တန္႔သြားခဲ့ရပါတယ္။ ဒါေပမယ့္ ဆိုးရွား ဦးေဆာင္တဲ့ ယူနိုက္တက္ အသင္းသားေတြက ဥေရာပပြဲေတြမွာ မထင္မွတ္တဲ့ ရလဒ္ၾကီးေတြ ယူေဆာင္နုိင္ေလ့ ရွိပါတယ္။

ဒီၾကားရက္ ခ်န္ပီယံလိဂ္ အုပ္စုပြဲမွာ အစၥတန္ဘူလ္ ဘက္ရွီးယား အသင္းနဲ႕ ေတြ႔ဆံုေနျပီး ယူနိုက္တက္ အသင္းသားေတြက လတ္တေလာ ရွံဳးပြဲကို တုန္႔ျပန္ ေပါက္ကြဲျပၾကဖြယ္ ရွိေနပါတယ္။

ဒီရာသီ ခ်န္ပီယံလိဂ္ အုပ္စုဟာ အုပ္စုၾကပ္ မရဏ အုပ္စုမွာ က်ေရာက္ေနတာ ျဖစ္ေပမယ့္ ယူနိုက္တက္က ပထမနွစ္ပြဲမွာ ပီအက္စ္ဂ်ီနဲ႕ လိုက္ပ္ဇစ္ အသင္းတို႔ကို အနိုင္ယူကာ အမွတ္ျပည့္ ယူထားခဲ့တာေၾကာင့္ ဒီတစ္ပတ္ အစၥတန္ဘူလ္အသင္းကို နုိင္ရင္ အုပ္စုတြင္း ျပိဳင္ဘက္ အားလံုးကို အနုိင္ရတဲ့ မွတ္တမ္းေကာင္းပါ ရရွိနုိင္မွာ ျဖစ္ပါတယ္။

အေ၀းကြင္း ပြဲ ကစားရမွာ ျဖစ္လို႔ တူရကီသို႔ ထြက္ခြာသြားမယ့္ ယူနိုက္တက္ရဲ႕ ၂၄ ဦး လူစာရင္းမွာ ကိုဗစ္ ေတြ႔ရွိထားတဲ့ အဲလက္စ္ တဲလက္စ္က လြဲလို႔ လူစံု ပါ၀င္ခဲ့ပါတယ္။ ျပည္တြင္းပြဲမွာ ပြဲပယ္ ထိထားတဲ့ မာရွယ္လည္း ဒီလူစာရင္းမွာ ပါ၀င္လာပါတယ္။

တူရကီသြားတဲ့ ယူနိုုက္တက္ လူစာရင္းကေတာ့ ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

  • ဂိုး – ဒီဂီယာ၊ ဒင္း ဟန္ဒါဆန္၊ လီဂရန္႔။
  • ခံစစ္ – ၀မ္ဘစ္ဆာကာ၊ ဖိုဆုမန္ဆာ၊ တြမ္ဇီဘီ၊ လင္ဒီေလာ့ဖ္၊ မန္ဂီ၊ မက္ဂြဲရား၊ လုခ္ေရွာ၊ ဘရန္ဒန္ ၀ီလီယံ။
  • ကြင္းလယ္ – မာတစ္၊ ဖရက္၊ ေတာ္မီေနး၊ ေပါ့ဘာ၊ ဗန္ဒီဘိခ္၊ မာတာ၊ ဂ်ိမ္းစ္၊ ဘရူနို ဖာနန္ဒက္စ္။
  • တိုက္စစ္ – မာရွယ္၊ ရက္ဖို႔ဒ္၊ ကာဗာနီ၊ အစ္ဟာလို၊ ေမဆန္ ဂရင္း၀ုဒ္။