ချန်ပီယံလိဂ် မှာ ချယ်ဆီး ဒီနှစ် မဟုတ်ရင် နောက်နှစ် ဗိုလ်စွဲမယ် ထုတ် ပြောလိုက်တဲ့ တီမိုဝါနာ

ချယ်ဆီးအသင်း တိုက်စစ်မှူး တီမိုဝါနာကတော့ နည်းပြ လမ်းပတ်ရဲ့ ပဲ့ကိုင်မှုနဲ့ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတဲ့ ကလပ်အသင်းဟာ လာမယ့် ၂နှစ်လောက် အတွင်းမှာပဲ ချန်ပီယံလိဂ် ဗိုလ်စွဲနိုင်တယ်လို့ ယုံကြည်ကြောင်း ဒီတစ်ပတ် အုပ်စုပွဲ မတိုင်ခင်မှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဒီညမှာတော့ ချန်ပီယံလိဂ် အုပ်စု တတိယမြောက် ပွဲ အဖြစ် ပြင်သစ်ကလပ် ရင်းနက်စ်အသင်းနဲ့ ချယ်ဆီးက ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ အုပ်စု အဖွင့်ပွဲမှာ ဆီဗီလာ ကို ဂိုးမရှိ သရေ ကျထားပြီး ဒုတိယပွဲမှာ ခရက်စ်နိုဒါကို ၄-၀ နဲ့ အနိုင်ယူထားပါတယ်။ ချယ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ်မှာ ၁၆ သင်း အဆင့်ထိသာ ရောက်ခဲ့ပြီး ဘိုင်ယန်မြူးနစ်ကို ရှုံးခဲ့လို့ ပြိုင်ပွဲက ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းရဲ့ ချန်ပီယံလိဂ် ဗိုလ်စွဲနိုင်တဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး မေးမြန်းခံခဲ့ရရာမှာ တိုက်စစ်မှူး တီမိုဝါနာကတော့ နောက် ၂နှစ် အတွင်းမှာ ဖြစ်လာနိုင်ကြောင်း ဆိုခဲ့ပါတယ်။

” ဒီရာသီမှာ တော်တော် အဆင့်မြင့်မြင့်ထိ ရောက်နိုင်ဖို့ မျှော်လင့်ပါတယ်။ အခုဆို သုံရက်တိုင်း တစ်ပွဲက အသင်းတိုင်း ကစားနေရပါတယ်။ ချန်ပီယံလိဂ်မှာ ကစားနေတဲ့ အသင်းတိုင်းက ယှဉ်ပြိုင်ဖို့ တော်တော် ခက်ခဲတယ်။ ကျနေ်ာတို့မှာ တောင့်တင်းတဲ့ လူစာရင်းရှိတယ်။ ကစားသမားကောင်းတွေ အများကြီး ရှိထားတယ်။ ဒီတော့ ဒီပြိုင်ပွဲမှာ မြင့်နိုင်သမျှ မြင့်မြင့် ရောက်ဖို့ ကျနော်တို့ ရည်မှန်းထားပါတယ်။

ချန်ပီယံလိဂ်မှာ ကျနော်တို့က ဗိုလ်စွဲသည်ထိ ယှဉ်ပြိုင်ဖို့ ရောက်နေတာပါ။ ဒီနှစ်က အခွင့်ကောင်းတစ်ခုပါပဲ။ အားလုံးက ပွဲ အများကြီး ကစားနေကြတော့ ဒါကို ဘယ်လို စီမံရမလဲ စဉ်းစားဖို့ပဲ လိုတာပါ။ ချန်ပီယံလိဂ် ဗိုလ်စွဲဖို့ကတော့ ဒီနှစ် မဟုတ်ရင် နောက်နှစ်ဆို ဖြစ်နိုင်ပြီလို့ ကျနေ်ာ ထင်တယ်။ ကျနော်က ဒီကို ဆုဖလားတွေ ယူဖို့ ရောက်လာခဲ့တာပါ။ ” လို့ ဂျာမန်သားက ပြောဆိုခဲ့ပါတယ်။

ဒီည ချန်ပီယံလိဂ် ပွဲ ကစားပြီးရင် ချယ်ဆီးအသင်းက ပရီးမီးယားလိဂ် ပွဲ အဖြစ် စနေနေ့မှာ ရှက်ဖီးယူနိုက်တက် အသင်းနဲ့ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္း တိုက္စစ္မွဴး တီမို၀ါနာကေတာ့ နည္းျပ လမ္းပတ္ရဲ႕ ပဲ့ကိုင္မႈနဲ႕ လမ္းေၾကာင္းမွန္ေပၚမွာ ရွိေနတဲ့ ကလပ္အသင္းဟာ လာမယ့္ ၂နွစ္ေလာက္ အတြင္းမွာပဲ ခ်န္ပီယံလိဂ္ ဗိုလ္စြဲနုိင္တယ္လို႔ ယံုၾကည္ေၾကာင္း ဒီတစ္ပတ္ အုပ္စုပြဲ မတိုင္ခင္မွာ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

ဒီညမွာေတာ့ ခ်န္ပီယံလိဂ္ အုပ္စု တတိယေျမာက္ ပြဲ အျဖစ္ ျပင္သစ္ကလပ္ ရင္းနက္စ္အသင္းနဲ႕ ခ်ယ္ဆီးက ယွဥ္ျပိဳင္ ကစားရမွာ ျဖစ္ပါတယ္။ အုပ္စု အဖြင့္ပြဲမွာ ဆီဗီလာ ကို ဂိုးမရွိ သေရ က်ထားျပီး ဒုတိယပြဲမွာ ခရက္စ္နိုဒါကို ၄-၀ နဲ႕ အနိုင္ယူထားပါတယ္။ ခ်ယ္ဆီးအသင္းဟာ ျပီးခဲ့တဲ့ ရာသီ ခ်န္ပီယံလိဂ္မွာ ၁၆ သင္း အဆင့္ထိသာ ေရာက္ခဲ့ျပီး ဘိုင္ယန္ျမဴးနစ္ကို ရွံဳးခဲ့လို႔ ျပိဳင္ပြဲက ထြက္ခြာခဲ့ရတာ ျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းရဲ႕ ခ်န္ပီယံလိဂ္ ဗိုလ္စြဲနုိင္တဲ့ အေျခအေနနဲ႕ ပတ္သတ္ျပီး ေမးျမန္းခံခဲ့ရရာမွာ တိုက္စစ္မွဴး တီမို၀ါနာကေတာ့ ေနာက္ ၂နွစ္ အတြင္းမွာ ျဖစ္လာနုိင္ေၾကာင္း ဆိုခဲ့ပါတယ္။

” ဒီရာသီမွာ ေတာ္ေတာ္ အဆင့္ျမင့္ျမင့္ထိ ေရာက္နုိင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ အခုဆို သုံရက္တိုင္း တစ္ပြဲက အသင္းတိုင္း ကစားေနရပါတယ္။ ခ်န္ပီယံလိဂ္မွာ ကစားေနတဲ့ အသင္းတိုင္းက ယွဥ္ျပိဳင္ဖို႔ ေတာ္ေတာ္ ခက္ခဲတယ္။ က်ေန္ာတို႔မွာ ေတာင့္တင္းတဲ့ လူစာရင္းရွိတယ္။ ကစားသမားေကာင္းေတြ အမ်ားၾကီး ရွိထားတယ္။ ဒီေတာ့ ဒီျပိဳင္ပြဲမွာ ျမင့္နုိင္သမွ် ျမင့္ျမင့္ ေရာက္ဖို႔ က်ေနာ္တုိ႔ ရည္မွန္းထားပါတယ္။

ခ်န္ပီယံလိဂ္မွာ က်ေနာ္တုိ႔က ဗိုလ္စြဲသည္ထိ ယွဥ္ျပိဳင္ဖို႔ ေရာက္ေနတာပါ။ ဒီနွစ္က အခြင့္ေကာင္းတစ္ခုပါပဲ။ အားလံုးက ပြဲ အမ်ားၾကီး ကစားေနၾကေတာ့ ဒါကို ဘယ္လုိ စီမံရမလဲ စဥ္းစားဖို႔ပဲ လိုတာပါ။ ခ်န္ပီယံလိဂ္ ဗိုလ္စြဲဖို႔ကေတာ့ ဒီနွစ္ မဟုတ္ရင္ ေနာက္နွစ္ဆို ျဖစ္နိုင္ျပီလို႔ က်ေန္ာ ထင္တယ္။ က်ေနာ္က ဒီကို ဆုဖလားေတြ ယူဖို႔ ေရာက္လာခဲ့တာပါ။ ” လို႔ ဂ်ာမန္သားက ေျပာဆိုခဲ့ပါတယ္။

ဒီည ခ်န္ပီယံလိဂ္ ပြဲ ကစားျပီးရင္ ခ်ယ္ဆီးအသင္းက ပရီးမီးယားလိဂ္ ပြဲ အျဖစ္ စေနေန႔မွာ ရွက္ဖီးယူနိုက္တက္ အသင္းနဲ႕ ယွဥ္ျပိဳင္ ကစားရဖို႔ ရွိေနပါတယ္။