ချယ်ဆီး အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ ရှက်ဖီးယူနိုက်တက် တွေ့ဆုံနေပြီး အိမ်ကွင်း စတန်းဖို့ဘရစ်ချ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ ပွဲချိန် ကတော့ လာမယ့် နိုဝင်ဘာလ ၇ (စနေနေ့) ည ၁၂ နာရီမှာပါ။
ချယ်ဆီးနဲ့ ရှက်ဖီးယူနိုက်တက် အသင်းတို့ ပွဲစဉ် အတွက် ဘီဘီစီမှ ပင်တိုင်သုံးသပ်သူ လော်ရိုးက အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” ရှက်ဖီးက ဂိုးတွေ သွင်းနိုင်ခြင်း မရှိပါဘူး။ ချယ်ဆီးကို ၃-၀ နဲ့ အနိုင်ယူခဲ့တဲ့ ဂျူလိုင်လနောက်ပိုင်းမှာ ပရီးမီးယားလိဂ်ဂိုး ၁၀ ဂိုးပဲ ရထား ပါတယ်။ ၂ ဂိုးက ပင်နယ်တီက ဖြစ်ပါတယ်။ ဒီရာသီမှာ ရမှတ် ၁ မှတ်ပဲ ရထားတယ်။ စွမ်းဆောင်ရည်ကတော့ အရမ်းဆိုးနေတာ မဟုတ် ပေမယ့် သူတို့မှာ ပြဿနာတွေ ရှိနေတာကိုတော့ ညာလို့ မရပါဘူး။
ချယ်ဆီးကတော့ ပြီးခဲ့တဲ့ ၃ ပွဲမှာ ၁၀ ဂိုးထိ သွင်းထားပြီး နောက်ဆုံး ၅ ပွဲဆက် ဂိုးမပေးထားရဘူး။ သူတို့က အရမ်းကို အထင်ကြီးဖို့ ကောင်းနေပါတယ်။ စနေနေ့ပွဲမှာ သူတို့ အနိုင်ရသင့်ပါတယ်။ သူတို့ ထပ်ပြီး ခြေစွမ်းပြတာမျိုးကို မြင်ရပါလိမ့်မယ်။ ” လို့ သုံးသပ်ထားပါတယ်။
လော်ရိုး ခန့်မှန်းရလဒ် ကတော့ ချယ်ဆီး 2-0 ရှက်ဖီးယူနိုက်တက် ဖြစ်ပါတယ်။