ဖိအား ကြီးမားစွာ ရှိနေပြီ ဖြစ်တဲ့ ဆိုးရှားနဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ အဲဗာတန်အသင်းကို ဂွတ်ဒီဆင်ပါ့ခ် မှာ သွားရောက် ရင်ဆိုင် ကစားဖို့ ရှိနေပြီး ပွဲချိန် ကတော့ နိုဝင်ဘာလ ၇ (စနေနေ့) ည ၇ နာရီမှာ ဖြစ်ပါတယ်။
ဒီပွဲစဉ် အတွက် ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ လော်ရိုးက အခုလို သုံးသပ်ခန့်မှန်းထားပါတယ်။
” အဲဗာတန်အသင်းဟာ အခုဆို နောက်ဆုံး ကစားထားတဲ့ သုံးပွဲကနေ တစ်မှတ်သာ ရယူထားနိုင်ပါတယ်။ ဒါပေမယ့် ဒီတစ်ပတ် ပွဲမှာတော့ သူတို့ရဲ့ ဒဏ်ရာရ ကစားသမား ဂျိမ်းစ် ရိုဒရီဂွက်ဇ် ပြန် ပါဝင်လာနိုင်မှာပါ။
ဂျိမ်းစ် ရိုဒရီဂွက်ဇ်က ကြီးမားတဲ့ ခြားနားချက် လုပ်နိုင်တဲ့ ကစားသမား ဖြစ်လို့ အဲဗာတန် အတွက် အင်အားကြီး တစ်ရပ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ် နယူးကာဆယ်နဲ့ ပွဲမှာ ရိုဘင်အိုဆန်က ကောင်းကောင်း လုပ်ပြထားလို့ ကျနော်သာ ဆိုရင်တော့ ဂီုးပေါက်မှာ ပစ်ဖို့ဒ်ကို ပြန်ထည့်သုံးဦးမှာ မဟုတ်ပါဘူး။
မန်ချက်စတာ ယူနိုက်တက် က လောလောဆယ်မှာ ဆိုးဝါးတဲ့ သီတင်းပတ် ပိုင်ဆိုင်ထားပါတယ်။ သူတို့က အာဆင်နယ်ကိုလည်း အိုးထရက်ဖို့ဒ်မှာ ဘာမှ မလုပ်နိုင်ခဲ့သလို ကြားရက် တူရကီက ချန်ပီယံလိဂ် ပွဲမှာလည်း ဆိုးဝါးတဲ့ စွမ်းဆောင်ရည်သာ ပြသထားပါတယ်။
ကွင်းလယ်မှာ ယူနိုက်တက် စိန်ပွင့်ပုံစံ ခင်းကျင်းခဲ့တာက နည်းပြဆိုးရှားက မတူညီတဲ့ ကစားသမားတွေကို တလှည့်စီ တမျိုးစီ သုံးဖို့ ကြိုးစားနေပုံပါပဲ။ ဥပမာ ပေါ့ဘာကို ဘယ်ခြမ်း ထွက် ကစားခဲ့တာက အလုပ်မဖြစ်ခဲ့ပါဘူး။ ဒါတွေ ဒီလို ပြောနေပေမယ့် ယူနိုက်တက်ဟာ ဂွတ်ဒီဆင်ပါ့ခ်ကို နိုင်ပွဲယူဖို့ စိတ်ဆုံးဖြတ်ပြီး သွားပါလိမ့်မယ်။
ဒါက လိဂ်မှာ အဝေးကွင်းပွဲ ၆ ပွဲ ဆက် နိုင်ထားလို့ချည်း မဟုတ်ပါဘူး။ နည်းပြ ဆိုးရှား နေရာကလည်း ဖိအားတွေ အများကြီး ဝင်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်ပွဲမှာ ကျနော်ကတော့ ဒီနှစ်သင်း တစ်မှတ်စီ ခွဲယူကြဦးမယ်လို့ ထင်နေပါတယ်။ ” လို့ သုံးသပ်ထားပါတယ်။
လော်ရိုး ခန့်မှန်းရလဒ် ကတော့ အဲဗာတန် 1-1 မန်ချက်စတာ ယူနိုက်တက်ပဲ ဖြစ်ပါတယ်။
Zawgyi – ဖိအား ၾကီးမားစြာ ရွိေနျပီ ျဖစ္တဲ့ ဆိုးရွားနဲ႕ မန္ခ်က္စတာ ယူနိုက္တက္ဟာ ဒီတစ္ပတ္ ပရီးမီးယားလိဂ္မွာ အဲဗာတန္အသင္းကို ဂြတ္ဒီဆင္ပါ့ခ္ မွာ သြားေရာက္ ရင္ဆုိင္ ကစားဖို႔ ရွိေနျပီး ပြဲခ်ိန္ ကေတာ့ နုိ၀င္ဘာလ ၇ (စေနေန႔) ည ၇ နာရီမွာ ျဖစ္ပါတယ္။
ဒီပြဲစဥ္ အတြက္ ဘီဘီစီ သတင္းဌာနမွ ပင္တိုင္ သံုးသပ္သူ ေလာ္ရိုးက အခုလို သံုးသပ္ခန္႔မွန္းထားပါတယ္။
” အဲဗာတန္အသင္းဟာ အခုဆို ေနာက္ဆံုး ကစားထားတဲ့ သံုးပြဲကေန တစ္မွတ္သာ ရယူထားနုိင္ပါတယ္။ ဒါေပမယ့္ ဒီတစ္ပတ္ ပြဲမွာေတာ့ သူတို႔ရဲ႕ ဒဏ္ရာရ ကစားသမား ဂ်ိမ္းစ္ ရိုဒရီဂြက္ဇ္ ျပန္ ပါ၀င္လာနိုင္မွာပါ။
ဂ်ိမ္းစ္ ရိုဒရီဂြက္ဇ္က ၾကီးမားတဲ့ ျခားနားခ်က္ လုပ္နုိင္တဲ့ ကစားသမား ျဖစ္လို႔ အဲဗာတန္ အတြက္ အင္အားၾကီး တစ္ရပ္ ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ အပတ္ နယူးကာဆယ္နဲ႕ ပြဲမွာ ရိုဘင္အိုဆန္က ေကာင္းေကာင္း လုပ္ျပထားလို႔ က်ေနာ္သာ ဆိုရင္ေတာ့ ဂီုးေပါက္မွာ ပစ္ဖို႔ဒ္ကို ျပန္ထည့္သံုးဦးမွာ မဟုတ္ပါဘူး။
မန္ခ်က္စတာ ယူနိုက္တက္ က ေလာေလာဆယ္မွာ ဆိုး၀ါးတဲ့ သီတင္းပတ္ ပိုင္ဆိုင္ထားပါတယ္။ သူတို႔က အာဆင္နယ္ကိုလည္း အိုးထရက္ဖို႔ဒ္မွာ ဘာမွ မလုပ္နုိင္ခဲ့သလို ၾကားရက္ တူရကီက ခ်န္ပီယံလိဂ္ ပြဲမွာလည္း ဆိုး၀ါးတဲ့ စြမ္းေဆာင္ရည္သာ ျပသထားပါတယ္။
ကြင္းလယ္မွာ ယူနိုက္တက္ စိန္ပြင့္ပံုစံ ခင္းက်င္းခဲ့တာက နည္းျပဆိုးရွားက မတူညီတဲ့ ကစားသမားေတြကို တလွည့္စီ တမ်ိဳးစီ သံုးဖို႔ ၾကိဳးစားေနပံုပါပဲ။ ဥပမာ ေပါ့ဘာကို ဘယ္ျခမ္း ထြက္ ကစားခဲ့တာက အလုပ္မျဖစ္ခဲ့ပါဘူး။ ဒါေတြ ဒီလို ေျပာေနေပမယ့္ ယူနိုက္တက္ဟာ ဂြတ္ဒီဆင္ပါ့ခ္ကို နုိင္ပြဲယူဖို႔ စိတ္ဆံုးျဖတ္ျပီး သြားပါလိမ့္မယ္။
ဒါက လိဂ္မွာ အေ၀းကြင္းပြဲ ၆ ပြဲ ဆက္ နုိင္ထားလို႔ခ်ည္း မဟုတ္ပါဘူး။ နည္းျပ ဆိုးရွား ေနရာကလည္း ဖိအားေတြ အမ်ားၾကီး ၀င္ေနျပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီတစ္ပတ္ပြဲမွာ က်ေနာ္ကေတာ့ ဒီနွစ္သင္း တစ္မွတ္စီ ခြဲယူၾကဦးမယ္လို႔ ထင္ေနပါတယ္။ ” လို႔ သံုးသပ္ထားပါတယ္။
ေလာ္ရိုး ခန္႔မွန္းရလဒ္ ကေတာ့ အဲဗာတန္ 1-1 မန္ခ်က္စတာ ယူနိုက္တက္ပဲ ျဖစ္ပါတယ္။