ချယ်ဆီးနဲ့ ရှက်ဖီးယူနိုက်တက်ပွဲစဉ် အတွက် မိုက်ကယ်အိုဝင် သုံးသပ်ခန့်မှန်းချက်
ဒီတစ်ပတ် ရင်ဆိုင်ကစားမယ့် ချယ်ဆီးနဲ့ ရှက်ဖီးယူနိုက်တက် ပွဲစဉ်ကတော့ ဒီ နိုဝင်ဘာလ ၇ (စနေနေ့) ည ၁၂ နာရီမှာ ယှဉ်ပြိုင် ကစားတော့မှာပါ။ ဒီပွဲစဉ် အတွက် နာမည်ကျော် ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က အခုလို သုံးသပ်ထားပါတယ်။
အိုဝင်က – ” လှုပ်လှုပ်ခတ်ခတ် စတင်ခဲ့ရတဲ့ ချယ်ဆီးအသင်းဟာ ဒီရာသီ အခြေကျစပြုလာပုံပါပဲ။ ဒါကလည်း မန်ဒီနဲ့ သီယေဂို ဆေးလ်ဗားတို့နဲ့ အများကြီး သက်ဆိုင်ပါတယ်။ လမ်းပတ် အလိုရှိနေတဲ့ သက်ရောက်မှုမျိုး နှစ်ယောက်လုံးဆီက ရခဲ့တာပါ။
၁၀ ပွဲ ဆက် ရှုံးပွဲ မရှိတဲ့ အပြင် ချယ်ဆီးက နောက်ဆုံး ကစားထားတဲ့ ၃ ပွဲ လုံး နိုင်ထားသလို ဆယ်စုနှစ် အတွင်း ပထမဆုံး အကြိမ် အဖြစ် ၅ ပွဲ ဆက် ပေးဂိုး မရှိတဲ့ မှတ်တမ်းပါ ရထားပါတယ်။
ရှက်ဖီး ယူနိုက်တက် ကလည်း တိုးတက်နေပါတယ်။ လီဗာပူး၊ မန်စီးတီးတို့နဲ့ ရင်ဆိုင်ရစဉ်က ရဲဝံ့တဲ့ စွမ်းဆောင်ရည်တွေ ပြသခဲ့တာက အသိမှတ် ပြုစရာပါ။ ဒါပေမယ့် ခြေစွမ်းထက်နေတဲ့ ချယ်ဆီးနဲ့ တွေ့တာ ဖြစ်လို့ အိမ်ရှင်တွေကပဲ သက်တောင့်သက်သာ အနိုင်ယူသွားဖို့ မြင်ပါတယ်။ ပထမပိုင်း ရလဒ်ကော ဒုတိယပိုင်းပါ ချယ်ဆီး အနိုင်ပါ။ ” လို့ သုံးသပ် ခန့်မှန်းထားပါတယ်။