ချယ်ဆီးအသင်းရဲ့ ရှက်ဖီးကို အနိုင်ယူခဲ့တဲ့ ဂိုးပြတ်နိုင်ခဲ့တဲ့ ပွဲအပြီးမှာ လန်ဒန် အခြေစိုက် ကလပ်အသင်းဟာ ထီပေါက်သလိုကို ကစားသမား နှစ်ဦးကို အရ တော်ခဲ့ကြောင်း ဂရေမီ ဆောင်းနက်စ်က သုံးသပ် ချီးကျူးခဲ့ပါတယ်။
ဖရန့်လမ်းပတ်ရဲ့ အသင်းဟာ အေဗရာဟမ်၊ ချေးဝဲလ်၊ သီယေဂို ဆေးဗား၊ တီမိုဝါနာတု့ိ သွင်းဂိုးတွေနဲ့ စတန်းဖို့ဘရစ်ချ်မှာ သက်တောင့်သက်သာ နိုင်ပွဲ ယူခဲ့ပါတယ်။ ပွဲ အပြီးမှာတော့ ချယ်ဆီးအသင်းမှ အသက် ၂၀ သာ ရှိသေးတဲ့ လူငယ် ကစားသမား ရီစီ ဂျိမ်းစ်နဲ့ နွေက ခေါ်ခဲ့တဲ့ ခံစစ်မှူး ချေးဝဲလ်တို့ဟာ ထူးချွန်လွန်းခဲ့ကြောင်း ဆောင်းနက်က ချီးကျူးခဲ့ပါတယ်။
” ကစားသမား တစ်ယောက်ကို ပြောင်းရွှေ့ကြေး မြင့်မြင့်နဲ့ ခေါ်လိုက်ရင် အားလုံးက ဝိုင်းကို စောင့်ကြည့်ကြတော့တာပဲ။ ဒါကြောင့် ချေးဝဲလ် အပေါ် မျက်လုံးတွေက ရှိနေခဲ့ကြပြီး သူကတော့ ကောင်းကောင်း လုပ်ပြနိုင်ခဲ့တယ်။ အစွန်ခံစစ်သမား တစ်ဦး ဖြစ်တဲ့ ဘန်ချေးဝဲလ် အတွက် ချယ်ဆီးက ပေါင် သန်း ၅၀ သုံးခဲ့တာပါ။ ဒါကြောင့်လည်း အားလုံးက ဝိုင်း စောင့်ကြည့်နေခဲ့ကြတယ်။
ရီစီ ဂျိမ်းစ်ကတော့ ထိပ်တန်း ကစားသမား တစ်ယောက်ပါ။ သူ့ အသက်အရွယ်နဲ့ မလိုက်အောင် ပိုပြီးတော့ ကောင်းလာနေတယ်။ ကျနော်က သူ့ စွမ်းရည်၊ နေရာယူတာ ပေးပို့တာတွေကို ပြောနေတာ မဟုတ်သေးဘူးနော်။ ဒီ အရွယ်နဲ့ သူ ပိုင်ဆိုင်ထားတဲ့ ခံစစ် စွမ်းရည်နဲ့တင် အံ့သြစရာ ကောင်းနေပြီ။ သူက ပိုပြီးတော့လည်း ကောင်းလာနေသေးတယ်။
ဂျိမ်းစ် မှာ လိုအပ်တဲ့ အရည်အချင်းတွေ အားလုံး ပြည့်စုံလာနေပြီ။ ပွဲထဲမှာ လုပ်ဆောင်ရမှာတွေ အားလုံး ချပြနိုင်ခဲ့တယ်။ ချယ်ဆီးကတော့ အစွန်ခံစစ်ကောင်း နှစ်ဦး ဒီလို ရထားတာ ထီပေါက်လိုက်သလိုပါပဲ။ ဂျိမ်းစ်ဆို အသက် ၂၀ ပဲ ရှိသေးတယ်နော်။ ” လို့ ဆောင်းနက်စ် က ပြောဆိုခဲ့ပါတယ်။
Zawgyi – ခ်ယ္ဆီးအသင္းရဲ႕ ရွက္ဖီးကို အနိုင္ယူခဲ့တဲ့ ဂိုးျပတ္နုိင္ခဲ့တဲ့ ပြဲအျပီးမွာ လန္ဒန္ အေျခစိုက္ ကလပ္အသင္းဟာ ထီေပါက္သလိုကို ကစားသမား နွစ္ဦးကို အရ ေတာ္ခဲ့ေၾကာင္း ဂေရမီ ေဆာင္းနက္စ္က သံုးသပ္ ခ်ီးက်ဴးခဲ့ပါတယ္။
ဖရန္႔လမ္းပတ္ရဲ႕ အသင္းဟာ ေအဗရာဟမ္၊ ေခ်း၀ဲလ္၊ သီေယဂို ေဆးဗား၊ တီမို၀ါနာတု႔ိ သြင္းဂိုးေတြနဲ႕ စတန္းဖို႔ဘရစ္ခ်္မွာ သက္ေတာင့္သက္သာ နုိင္ပြဲ ယူခဲ့ပါတယ္။ ပြဲ အျပီးမွာေတာ့ ခ်ယ္ဆီးအသင္းမွ အသက္ ၂၀ သာ ရိွိေသးတဲ့ လူငယ္ ကစားသမား ရီစီ ဂ်ိမ္းစ္နဲ႕ ေႏြက ေခၚခဲ့တဲ့ ခံစစ္မွဴး ေခ်း၀ဲလ္တို႔ဟာ ထူးခၽြန္လြန္းခဲ့ေၾကာင္း ေဆာင္းနက္က ခ်ီးက်ဴးခဲ့ပါတယ္။
” ကစားသမား တစ္ေယာက္ကို ေျပာင္းေရႊ႕ေၾကး ျမင့္ျမင့္နဲ႕ ေခၚလိုက္ရင္ အားလံုးက ၀ိုင္းကို ေစာင့္ၾကည့္ၾကေတာ့တာပဲ။ ဒါေၾကာင့္ ေခ်း၀ဲလ္ အေပၚ မ်က္လံုးေတြက ရွိေနခဲ့ၾကျပီး သူကေတာ့ ေကာင္းေကာင္း လုပ္ျပနုိင္ခဲ့တယ္။ အစြန္ခံစစ္သမား တစ္ဦး ျဖစ္တဲ့ ဘန္ေခ်း၀ဲလ္ အတြက္ ခ်ယ္ဆီးက ေပါင္ သန္း ၅၀ သံုးခဲ့တာပါ။ ဒါေၾကာင့္လည္း အားလံုးက ၀ိုင္း ေစာင့္ၾကည့္ေနခဲ့ၾကတယ္။
ရီစီ ဂ်ိမ္းစ္ကေတာ့ ထိပ္တန္း ကစားသမား တစ္ေယာက္ပါ။ သူ႔ အသက္အရြယ္နဲ႕ မလိုက္ေအာင္ ပိုျပီးေတာ့ ေကာင္းလာေနတယ္။ က်ေနာ္က သူ႔ စြမ္းရည္၊ ေနရာယူတာ ေပးပို႔တာေတြကို ေျပာေနတာ မဟုတ္ေသးဘူးေနာ္။ ဒီ အရြယ္နဲ႕ သူ ပိုင္ဆိုင္ထားတဲ့ ခံစစ္ စြမ္းရည္နဲ႕တင္ အံ့ၾသစရာ ေကာင္းေနျပီ။ သူက ပိုျပီးေတာ့လည္း ေကာငး္လာေနေသးတယ္။
ဂ်ိမ္းစ္ မွာ လိုအပ္တဲ့ အရည္အခ်င္းေတြ အားလံုး ျပည့္စံုလာေနျပီ။ ပြဲထဲမွာ လုပ္ေဆာင္ရမွာေတြ အားလံုး ခ်ျပနုိင္ခဲ့တယ္။ ခ်ယ္ဆီးကေတာ့ အစြန္ခံစစ္ေကာင္း နွစ္ဦး ဒီလို ရထားတာ ထီေပါက္လိုက္သလိုပါပဲ။ ဂ်ိမ္းစ္ဆို အသက္ ၂၀ ပဲ ရိွေသးတယ္ေနာ္။ ” လို႔ ေဆာင္းနက္စ္ က ေျပာဆိုခဲ့ပါတယ္။