မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းကြီး ဆာဟာကတော့ လက်ရှိ ဆိုးရှား ကိုင်တွယ်နေတဲ့ မန်ချက်စတာ ယူနိုက်တက်မှာ စိတ်ဓာတ် ပြင်းပြမှုပိုင်း လိုအပ်ချက်တွေ ရှိနေပြီး ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်လို နောက်ထပ် လေးယောက်လောက် ထပ် ရှိသင့်ကြောင်း ထောက်ပြ အကြံပြုခဲ့ပါတယ်။
ဆိုးရှားဟာ ယူနိုက်တက်ကို နည်းပြ အဖြစ် ရောက်လာစဉ်တည်းက စလို့ အခုထိ ကစားသမား ဝယ်ယူဖို့ ပေါင် သန်း ၂၀၀ ကျော် သုံးစွဲခဲ့ပြီး ဖြစ်ပါတယ်။ ဒီထဲမှာ ဟယ်ရီ မက်ဂွဲရား၊ ဝမ် ဘစ်ဆာကာ၊ ဖာနန်ဒက်စ်နဲ့ ဗန်ဒီဘိခ် တို့ ပါဝင်ပါတယ်။
ဒီလို ငွေသုံးပြီး ကစားသမားကောင်းတွေ ခေါ်ထားပေမယ့် ဆုဖလား ရယူနိုင်ခြင်း မရှိသေးတဲ့ ယူနိုက်တက်ဟာ လီဗာပူး၊ မန်စီးတီးတို့လို ပုံစံကောင်း တည်ငြိမ်စွာ ထိန်းထားနိုင်ဖို့လည်း ရုန်းကန်နေရပါတယ်။ အာဆင်နယ်ကို ရှုံးနိမ့်တဲ့ အပြင် အစ္စဘူလ်အသင်းကိုပါ ဆက် ရံှုးခဲ့တဲ့ ယူနိုက်တက်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာတော့ အဲဗာတန်ကို နိုင်လိုက်တာကြောင့် ဖိအား အနည်းငယ် လျော့ခဲ့ပါတယ်။
ထိုပွဲမှာ ဘရူနို ဖာနန်ဒက်စ်က အထူး အစွမ်းပြခဲ့တာ ဖြစ်ပြီး ၂ ဂိုး သွင်းယူခဲ့ကာ ဟက်ထရစ် ရနိုင်မယ့် အခွင့်ရေးကိုလည်း လက်လွှတ်ပြီး အသင်းဖော် ကာဗာနီ ဂိုးသွင်းဖို့ ပံ့ပိုးပေးခဲ့ပါတယ်။ ဆာဟာ ကတော့ လက်ရှိယူနိုက်တက်မှာ ဖာနန်ဒက်စ်လို အသင်း အတွက် စိတ်ဓာတ် အပြည့်နဲ့ ပေးဆပ်သူတွေ ထပ်ရှိဖို့ လိုနေတယ်လို့ ယုံကြည်နေပါတယ်။
” ခုလောလောဆယ် အားလုံး အာရုံစိုက်နေကြတာက ဆိုးရှားပေါ့။ ဒါပေမယ့် ကစားသမား ခေါ်ယူမှုပိုင်းကိုလည်း မေ့ထားလို့ မရပါဘူး။ ပေါင် ၄၇ သန်း သုံးခဲ့ရတဲ့ ဖရက်လို ကစားသမားက တကယ့်တကယ် ပွဲထဲမှာ ဘာမှ ထူးထူးခြားခြားကို လုပ်မပြနိုင်ခဲ့ဘူး။
ဖာနန်ဒက်စ်လို ကစားသမားမျိုး ကြည့်စမ်းပါ။ ယူနိုက်တက်က သူ့လို ကစားသမား လေးယောက်လောက် လိုပါတယ်။ အဲဒီ လေးယောက်လောက်နဲ့ ဆို တကယ်ကို ဆုဖလားတွေ အတွက် ယှဉ်ပြိုင်နိုင်ပါပြီ။ အဲဒါပဲ ယူနိုက်တက် လိုအပ်နေတာပါ။ ကစားသမားသစ်တွေရဲ့ စိတ်ဓာတ်အားပါ။
ကျနော်ကတော့ ချန်ပီယံလိဂ်နဲ့ ဆုဖလားကြီးတွေကိုမှ နိုင်ချင်တဲ့ ကစားသမားတွေ ရောက်လာစေချင်ပါတယ်။ ဒါကပဲ ယူနိုက်တက် လိုအပ်နေတဲ့ အရာပါ။ ” လို့ ဆာဟာက သုံးသပ် ပြောဆိုခဲ့ပါတယ်။
Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ ကစားသမားေဟာင္းၾကီး ဆာဟာကေတာ့ လက္ရွိ ဆိုးရွား ကိုင္တြယ္ေနတဲ့ မန္ခ်က္စတာ ယူနိုက္တက္မွာ စိတ္ဓာတ္ ျပင္းျပမႈပိုင္း လိုအပ္ခ်က္ေတြ ရွိေနျပီး ကြင္းလယ္ကစားသမား ဘရူနို ဖာနန္ဒက္စ္လို ေနာက္ထပ္ ေလးေယာက္ေလာက္ ထပ္ ရွိသင့္ေၾကာင္း ေထာက္ျပ အၾကံျပဳခဲ့ပါတယ္။
ဆိုးရွားဟာ ယူနိုက္တက္ကို နည္းျပ အျဖစ္ ေရာက္လာစဥ္တည္းက စလို႔ အခုထိ ကစားသမား ၀ယ္ယူဖို႔ ေပါင္ သန္း ၂၀၀ ေက်ာ္ သံုးစြဲခဲ့ျပီး ျဖစ္ပါတယ္။ ဒီထဲမွာ ဟယ္ရီ မက္ဂြဲရား၊ ၀မ္ ဘစ္ဆာကာ၊ ဖာနန္ဒက္စ္နဲ႕ ဗန္ဒီဘိခ္ တို႔ ပါ၀င္ပါတယ္။
ဒီလို ေငြသံုးျပီး ကစားသမားေကာင္းေတြ ေခၚထားေပမယ့္ ဆုဖလား ရယူနိုင္ျခင္း မရွိေသးတဲ့ ယူနိုက္တက္ဟာ လီဗာပူး၊ မန္စီးတီးတို႔လို ပံုစံေကာင္း တည္ျငိမ္စြာ ထိန္းထားနိုင္ဖို႔လည္း ရုန္းကန္ေနရပါတယ္။ အာဆင္နယ္ကို ရွံဳးနိမ့္တဲ့ အျပင္ အစၥဘူလ္အသင္းကိုပါ ဆက္ ရံွဳးခဲ့တဲ့ ယူနိုက္တက္ဟာ ေနာက္ဆံုး ကစားခဲ့တဲ့ ပြဲမွာေတာ့ အဲဗာတန္ကို နုိင္လိုက္တာေၾကာင့္ ဖိအား အနည္းငယ္ ေလ်ာ့ခဲ့ပါတယ္။
ထိုပြဲမွာ ဘရူနို ဖာနန္ဒက္စ္က အထူး အစြမ္းျပခဲ့တာ ျဖစ္ျပီး ၂ ဂိုး သြင္းယူခဲ့ကာ ဟက္ထရစ္ ရနိုင္မယ့္ အခြင့္ေရးကိုလည္း လက္လႊတ္ျပီး အသင္းေဖာ္ ကာဗာနီ ဂိုးသြင္းဖို႔ ပံ့ပိုးေပးခဲ့ပါတယ္။ ဆာဟာ ကေတာ့ လက္ရွိယူနိုက္တက္မွာ ဖာနန္ဒက္စ္လို အသင္း အတြက္ စိတ္ဓာတ္ အျပည့္နဲ႕ ေပးဆပ္သူေတြ ထပ္ရွိဖို႔ လိုေနတယ္လို႔ ယံုၾကည္ေနပါတယ္။
” ခုေလာေလာဆယ္ အားလံုး အာရံုစိုက္ေနၾကတာက ဆိုးရွားေပါ့။ ဒါေပမယ့္ ကစားသမား ေခၚယူမႈပိုင္းကိုလည္း ေမ့ထားလို႔ မရပါဘူး။ ေပါင္ ၄၇ သန္း သံုးခဲ့ရတဲ့ ဖရက္လို ကစားသမားက တကယ့္တကယ္ ပြဲထဲမွာ ဘာမွ ထူးထူးျခားျခားကို လုပ္မျပနုိင္ခဲ့ဘူး။
ဖာနန္ဒက္စ္လို ကစားသမားမ်ိဳး ၾကည့္စမ္းပါ။ ယူနိုက္တက္က သူ႔လို ကစားသမား ေလးေယာက္ေလာက္ လိုပါတယ္။ အဲဒီ ေလးေယာက္ေလာက္နဲ႕ ဆို တကယ္ကို ဆုဖလားေတြ အတြက္ ယွဥ္ျပိဳင္နုိင္ပါျပီ။ အဲဒါပဲ ယူနိုက္တက္ လိုအပ္ေနတာပါ။ ကစားသမားသစ္ေတြရဲ႕ စိတ္ဓာတ္အားပါ။
က်ေနာ္ကေတာ့ ခ်န္ပီယံလိဂ္နဲ႕ ဆုဖလားၾကီးေတြကိုမွ နုိင္ခ်င္တဲ့ ကစားသမားေတြ ေရာက္လာေစခ်င္ပါတယ္။ ဒါကပဲ ယူနိုက္တက္ လိုအပ္ေနတဲ့ အရာပါ။ ” လို႔ ဆာဟာက သံုးသပ္ ေျပာဆိုခဲ့ပါတယ္။