ဂိုးပေါက်ပျောက်နေတဲ့ အူဘာမီးယန်းအတွက် အကြံထုတ် ပြင်ဆင်ဦးမယ့် အာတီတာ

အာဆင်နယ် နည်းပြ အာတီတာ က ယခင်လို ဂိုးသွင်း မကြမ်းနိုင်တော့ဘဲ ဂိုးရခက်နေပြီ ဖြစ်တဲ့ တိုက်စစ်မှူး အူဘာမီးယန်းကို တိုက်စစ် မှာ နေရာ ပြောင်းလဲကစားစေဖို့ အက်စတွန်ဗီလာ အသင်းနဲ့ ပွဲ အပြီးမှာ ကြံရွယ်နေပါတယ်။ အာဆင်နယ်ဟာ ဗီလာကို အိမ်ကွင်းမှာ ဧည့်ခံ ကစားတဲ့ ပွဲမှာ သုံးဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာပါ။

အူဘာမီးယန်းက ဘယ်တောင်ပံခြမ်းကနေ ကစားပြီး ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ပရီးမီးယားလိဂ်မှာ သူ့အတွက် ပထမဆုံး အကြိမ် အဖြစ် ပွဲချန် အတွင်း ဂိုးပေါက် တစ်ကြိမ်တောင် တည့်အောင် မကန်နိုင်ခဲ့ဘဲ ရှိပါတယ်။ အာတီတာဟာ တိုက်စစ်မှာ လာကာဇက် အခြေအနေ မကောင်းတဲ့ အပြင် အူဘာမီးယန်းပါ ဂိုးမသွင်းနိုင်တာကြောင့် အကွက်သစ်တွေ ရွှေ့ဖို့ ကြံစည်နေရပြီ ဖြစ်ပါတယ်။

အာဆင်နယ်အသင်း မန်နေဂျာ အာတီတာကလည်း ဖွင့် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး လေးပွဲမှာ တစ်ဂိုးမှ မသွင်းနိုင်တဲ့ အသင်းရဲ့ ပုံစံကို ပြောင်းလဲဖို့ လိုနေပြီ ဖြစ်ကြောင်း ဝန်ခံ စကားဆိုခဲ့ပါတယ်။

” အသင်း တစ်သင်း ဆိုတာ လုပ်နိုင်တာတွေကို စုစည်း လုပ်ဆောင်ရတာပါ။ ကျနော်တို့ ဒိထက် ပိုလုပ်နိုင်ဖို့ လိုပါတယ်။ တချို့ အချိန်တွေမှာ အခြေအနေကောင်းခဲ့ပေမယ့် အဆုံးသတ်ကောင်း မလုပ်နိုင်တာကြောင့် တိုးတက်အောင် ပြင်ဆငိဖု့ လိုပါတယ်။ နေရာတို့ ရွေ့လျားမှုတွေ သူ့အတွက် ကျနော်တို့ သေချာ စဉ်းစားရပါမယ်။

အူဘာမီးယန်း အတွက် ဘယ်နေရာက နေရာမှန် ဖြစ်မလဲ ဘယ်လို က ပို အလုပ်ဖြစ်မလဲ ဆွေးနွေးရမှာပါ။ ဒါပေမယ့် သူ ဂိုးသွင်းတာ မသွင်းတာ အတွက် စကားနိုင် လုနေရယ့်အချိန် မဟုတ်ပါဘူး။ ” လို့ အာတီတာက ပြောဆိုခဲ့ပါတယ်။

အာဆင်နယ် အနေနဲ့ ရှုံးပွဲကနေ သင်ခန်းစာ ယူပြီး ပြင်ဆင် တုန့်ပြန်ရမယ့် အချိန် ဖြစ်ပေမယ့် နိုင်ငံတကာ သီတင်းပတ် ရှိတာကြောင့် ချက်ချင်း လှုပ်ရှားနိုင်မှာ မဟုတ်တဲ့ အပေါ်လည်း အာတီတာက စိတ်ပျက်နေပါတယ်။

Zawgyi – အာဆင္နယ္ နည္းျပ အာတီတာ က ယခင္လို ဂိုးသြင္း မၾကမ္းနိုင္ေတာ့ဘဲ ဂိုးရခက္ေနျပီ ျဖစ္တဲ့ တိုက္စစ္မွဴး အူဘာမီးယန္းကို တိုက္စစ္ မွာ ေနရာ ေျပာင္းလဲကစားေစဖို႔ အက္စတြန္ဗီလာ အသင္းနဲ႕ ပြဲ အျပီးမွာ ၾကံရြယ္ေနပါတယ္။ အာဆင္နယ္ဟာ ဗီလာကို အိမ္ကြင္းမွာ ဧည့္ခံ ကစားတဲ့ ပြဲမွာ သံုးဂိုး ဂိုးမရွိနဲ႕ အေရးနိမ့္ခဲ့တာပါ။

အူဘာမီးယန္းက ဘယ္ေတာင္ပံျခမ္းကေန ကစားျပီး ဂိုးရဖို႔ ၾကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘဲ ပရီးမီးယားလိဂ္မွာ သူ႔အတြက္ ပထမဆံုး အၾကိမ္ အျဖစ္ ပြဲခ်န္ အတြင္း ဂိုးေပါက္ တစ္ၾကိမ္ေတာင္ တည့္ေအာင္ မကန္နိုင္ခဲ့ဘဲ ရွိပါတယ္။ အာတီတာဟာ တိုက္စစ္မွာ လာကာဇက္ အေျခအေန မေကာင္းတဲ့ အျပင္ အူဘာမီးယန္းပါ ဂိုးမသြင္းနုိင္တာေၾကာင့္ အကြက္သစ္ေတြ ေရႊ႕ဖို႔ ၾကံစည္ေနရျပီ ျဖစ္ပါတယ္။

အာဆင္နယ္အသင္း မန္ေနဂ်ာ အာတီတာကလည္း ဖြင့္ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ေနာက္ဆံုး ေလးပြဲမွာ တစ္ဂိုးမွ မသြင္းနိုင္တဲ့ အသင္းရဲ႕ ပံုစံကို ေျပာင္းလဲဖို႔ လိုေနျပီ ျဖစ္ေၾကာင္း ၀န္ခံ စကားဆိုခဲ့ပါတယ္။

” အသင္း တစ္သင္း ဆိုတာ လုပ္နုိင္တာေတြကို စုစည္း လုပ္ေဆာင္ရတာပါ။ က်ေနာ္တို႔ ဒိထက္ ပိုလုပ္နုိင္ဖို႔ လိုပါတယ္။ တခ်ိဳ႕ အခ်ိန္ေတြမွာ အေျခအေနေကာင္းခဲ့ေပမယ့္ အဆံုးသတ္ေကာင္း မလုပ္နုိင္တာေၾကာင့္ တိုးတက္ေအာင္ ျပင္ဆင္ိဖု႔ လိုပါတယ္။ ေနရာတို႔ ေရြ႕လ်ားမႈေတြ သူ႔အတြက္ က်ေနာ္တို႔ ေသခ်ာ စဥ္းစားရပါမယ္။

အူဘာမီးယန္း အတြက္ ဘယ္ေနရာက ေနရာမွန္ ျဖစ္မလဲ ဘယ္လို က ပို အလုပ္ျဖစ္မလဲ ေဆြးေႏြးရမွာပါ။ ဒါေပမယ့္ သူ ဂိုးသြင္းတာ မသြင္းတာ အတြက္ စကားနိုင္ လုေနရယ့္အခ်ိန္ မဟုတ္ပါဘူး။ ” လို႔ အာတီတာက ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္ အေနနဲ႕ ရွံဳးပြဲကေန သင္ခန္းစာ ယူျပီး ျပင္ဆင္ တုန္႔ျပန္ရမယ့္ အခ်ိန္ ျဖစ္ေပမယ့္ နုိင္ငံတကာ သီတင္းပတ္ ရွိတာေၾကာင့္ ခ်က္ခ်င္း လႈပ္ရွားနိုင္မွာ မဟုတ္တဲ့ အေပၚလည္း အာတီတာက စိတ္ပ်က္ေနပါတယ္။