ချယ်ဆီးမှာ အထိုင်ကျ အစွမ်းပြနေပြီ ဖြစ်တဲ့ ဝါရင့် ခံစစ်မှူး သီယေဂို ဆေးဗားကတော့ ပြီးခဲ့တဲ့ နွေ အပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ ကိစ္စ များ ဆွေးနွေးနေစဉ် သူ လက်ခံလုနီးနီးမှာ နည်းပြ လမ်းပတ် ပို့ခဲ့တဲ့ ပုံ တစ်ပုံက သူ့ကို လုံး၀ အံ့အားသင့်စေပြီး ကြည်နူး ဂုဏ်ယူခဲ့ရကြောင်း ဖွင့်ဟခဲ့ပါတယ်။
ချယ်ဆီးအသင်းမှာ လမ်းပတ်နဲ့ အတူ ချိတ်ဆက် အလုပ်လုပ်ခွင့်ရတာက ဂုဏ်ယူစရာပဲ လို့ ဆိုရင်း သီယေဂို ဆေးဗားက သူ ပြောင်းရွှေ့ လာခါနီး အဖြစ်အပျက်ကို ထုတ်ဖော် ပြောခဲ့ပါတယ်။
” ကျနော် ချယ်ဆီးအသင်းနဲ့ သဘောတူညီမှု ရခါနီးမှာ လမ်းပတ်က ကျနေ်ာ့ကို ဓာတ်ပုံ တစ်ပုံ ပို့လာတယ်။ အရင် မာရာကာနာမှာ ဘရာဇီးနဲ့ အင်္ဂလန်အသင်းတို့ ချစ်ကြည်ရေးပွဲ ကစားတုန်းက ကျနော်တို့ နှစ်ယောက်သား လက်ဆွဲ နှုတ်ဆက်နေတဲ့ ပုံပါ။ အဲဒါက ကျနော့် အတွက်တော့ ဆပ်ပရိုက် အကြီးကြီး ဖြစ်စေခဲ့တယ်။ ဘာလို့လဲ ဆိုတော့ ကျနော် အဲဒီပွဲ မှတ်တောင် မမှတ်မိဘူး။
အဲဒီနောက် သူနည်းပြတဲ့ အသင်းဆီ သွားဖို့ ကျနော် တွေဝေမနေတော့ဘူး။ သူက ကျနော့် စွမ်းဆောင်ခဲ့မှုတွေကို သဘောကျတယ်ဆိုတော့ ပျော်ရွှင်မိတယ်။ ကျနော် တတ်နိုင်သမျှ အကုန်ထုတ်ပြီး ချယ်ဆီးအတွက် ကူညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်။
ကျနော်ရင်ဆိုင် ကစားဖူးတဲ့ အကောင်းတကာ့ အကောင်းဆုံး ကွင်းလယ် တစ်ဦးက အခု နည်းပြ အဖြစ် တာဝန်ယူပြီး ပြန်လက်တွဲခွင့် ရတာ ဂုဏ်ယူစရာပါ။ ကျနော်ကတော့ အဝတ်လဲခန်းထဲမှာ ပြောဆိုရင်း အိုင်ဒီယာတွေ ဖလှယ်ရတာ ဆွေးနွေး ပြောဆိုရတာ သိပ် သဘောကျမိပါတယ်။ ” လို့ သီယေဂို ဆေးဗားက ပြောဆိုခဲ့ပါတယ်။
အသက် ၃၆ နှစ် အရွယ် ခံစစ်မှူးဟာ သြဂုတ်လထဲမှာ ပီအက်စ်ဂျီကနေ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ချယ်ဆီးထံ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ဝါရင့် အတွေ့အကြုံရှိတစ်ဦး ခေါ်ယူလိုနေတဲ့ လမ်းပတ် ဆန္ဒ ပြည့်ဝခဲ့ရပါတယ်။ အသင်းထံ ပြောင်းလာအောင်လည်း လမ်းပတ် ကိုယ်တိုင် ဘရာဇီးသားကို စည်းရုံးရေး ဆင်းခဲ့ပါသေးတယ်။
Zawgyi – ခ်ယ္ဆီးမွာ အထိုင္က် အစြမ္းျပေနျပီ ျဖစ္တဲ့ ၀ါရင့္ ခံစစ္မွဴး သီေယဂို ေဆးဗားကေတာ့ ျပီးခဲ့တဲ့ ေႏြ အေျပာင္းအေရႊ႕မွာ အသင္းေျပာင္းဖို႔ ကိစၥ မ်ား ေဆြးေႏြးေနစဥ္ သူ လက္ခံလုနီးနီးမွာ နည္းျပ လမ္းပတ္ ပို႔ခဲ့တဲ့ ပံု တစ္ပံုက သူ႔ကို လံုး၀ အံ့အားသင့္ေစျပီး ၾကည္နူး ဂုဏ္ယူခဲ့ရေၾကာင္း ဖြင့္ဟခဲ့ပါတယ္။
ခ်ယ္ဆီးအသင္းမွာ လမ္းပတ္နဲ႕ အတူ ခ်ိတ္ဆက္ အလုပ္လုပ္ခြင့္ရတာက ဂုဏ္ယူစရာပဲ လို႔ ဆိုရင္း သီေယဂို ေဆးဗားက သူ ေျပာင္းေရႊ႕ လာခါနီး အျဖစ္အပ်က္ကို ထုတ္ေဖာ္ ေျပာခဲ့ပါတယ္။
” က်ေနာ္ ခ်ယ္ဆီးအသင္းနဲ႕ သေဘာတူညီမႈ ရခါနီးမွာ လမ္းပတ္က က်ေန္ာ့ကို ဓာတ္ပံု တစ္ပံု ပို႔လာတယ္။ အရင္ မာရာကာနာမွာ ဘရာဇီးနဲ႕ အဂၤလန္အသင္းတို႔ ခ်စ္ၾကည္ေရးပြဲ ကစားတုန္းက က်ေနာ္တို႔ နွစ္ေယာက္သား လက္ဆြဲ ႏႈတ္ဆက္ေနတဲ့ ပံုပါ။ အဲဒါက က်ေနာ့္ အတြက္ေတာ့ ဆပ္ပရိုက္ အၾကီးၾကီး ျဖစ္ေစခဲ့တယ္။ ဘာလို႔လဲ ဆိုေတာ့ က်ေနာ္ အဲဒီပြဲ မွတ္ေတာင္ မမွတ္မိဘူး။
အဲဒီေနာက္ သူနည္းျပတဲ့ အသင္းဆီ သြားဖို႔ က်ေနာ္ ေတြေ၀မေနေတာ့ဘူး။ သူက က်ေနာ့္ စြမ္းေဆာင္ခဲ့မႈေတြကို သေဘာက်တယ္ဆိုေတာ့ ေပ်ာ္ရႊင္မိတယ္။ က်ေနာ္ တတ္နုိင္သမွ် အကုန္ထုတ္ျပီး ခ်ယ္ဆီးအတြက္ ကူညီေပးနုိင္ဖို႕ ေမွ်ာ္လင့္ပါတယ္။
က်ေနာ္ရင္ဆိုင္ ကစားဖူးတဲ့ အေကာင္းတကာ့ အေကာင္းဆံုး ကြင္းလယ္ တစ္ဦးက အခု နည္းျပ အျဖစ္ တာ၀န္ယူျပီး ျပန္လက္တြဲခြင့္ ရတာ ဂုဏ္ယူစရာပါ။ က်ေနာ္ကေတာ့ အ၀တ္လဲခန္းထဲမွာ ေျပာဆိုရင္း အိုင္ဒီယာေတြ ဖလွယ္ရတာ ေဆြးေႏြး ေျပာဆိုရတာ သိပ္ သေဘာက်မိပါတယ္။ ” လို႔ သီေယဂို ေဆးဗားက ေျပာဆိုခဲ့ပါတယ္။
အသက္ ၃၆ နွစ္ အရြယ္ ခံစစ္မွဴးဟာ ၾသဂုတ္လထဲမွာ ပီအက္စ္ဂ်ီကေန ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ခ်ယ္ဆီးထံ ေရာက္ရွိလာခဲ့တာ ျဖစ္ျပီး ၀ါရင့္ အေတြ႔အၾကံဳရွိတစ္ဦး ေခၚယူလိုေနတဲ့ လမ္းပတ္ ဆႏၵ ျပည့္၀ခဲ့ရပါတယ္။ အသင္းထံ ေျပာင္းလာေအာင္လည္း လမ္းပတ္ ကိုယ္တိုင္ ဘရာဇီးသားကို စည္းရံုးေရး ဆင္းခဲ့ပါေသးတယ္။