ချယ်ဆီးအသင်းမှာ နည်းပြ လမ်းပတ် မျက်နှာသာပေးခြင်းခံရလှတဲ့ တိုက်စစ်သမား မေဆန်မောင့်ကတော့ နွေမှာ ရောက်လာတဲ့ ကစားသမားသစ်တွေထဲ ကမ္ဘာ့အဆင့် ကစားသမားတွေ ပါဝင်ပြီး ပွဲ ကစားခွင့် ပြိုင်ဆိုင်နေရပေမယ့် သူ့ အခြေအနေ အတွက် မစိုးရိမ်ကြောင်း ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။
၎င်းက ကစားသမားသစ်တွေနဲ့ အတူ တိုးတက်လာမယ့် ချယ်ဆီးအသင်း အလားအလာတွေ အတွက် စိတ် လှုပ်ရှားနေမိကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
” ကျနော်ကတော့ ကျနော့် ပုံစံအတိုင်း ရှိမှာပါ။ စိန်ခေါ်မှုတွေ အတွက် ကျနော်က အမြဲ အသင့်ပါပဲ။ ပွဲ ထွက် နေရာအတွက်လည်း ပြိုင်ဆိုင်လိုစိတ် ရှိတယ်။ ကစားသမားသစ်တွေက ကမ္ဘာ့ အဆင့် ကစားသမားတွေ ပါဝင်ပြီး သူတို့ ဘယ်လောက်ထိ အဆင့် ရှိတယ် ဆိုတာ ကျနော် သိပါတယ်။ ဒါက ကလပ်အသင်း အတွက် လိုအပ်နေတာတွေပါပဲ။
ပြိုင်ဆိုင်မှုနဲ့ စံနှုန်းမြင့်မြင့်တွေကပဲ ကျနော်တို့ကို ရှေ့ဆက် သွားနေစေတဲ့ အရာတွေပါ။ ဒီတော့ ကစားသမားသစ်တွေနဲ့ ပတ်သတ်ပြီး ကျနော်က စိုးရိမ် မနေပါဘူး။ ကွင်းထဲမှာ သူတို့နဲ့ အတူ ကစားရတာ ပျော်ရွှင် စိတ်လှုပ်ရှားမိပါသေးတယ်။ ” လို့ မေဆန်မောင့်က ဆိုပါတယ်။
ဇီယက်ချ် ရောက်လာပြီးနောက် မိုရိုကိုသားက ညာခြမ်း ပိုထွက် ကစားတာကြောင့် မေဆန်မောင့်က ကွင်းလယ်ထဲ ပိုဝင်ကာ ပြောင်းလဲ ကစားပေးနေပါတယ်။ ဒီရာသီမှာ မောင့်က ဝေဖန်မှုတွေ ခံထားရပေမယ့် ဒိနောက်ပိုင်း ပွဲတွေမှာ ထူးချွန်တဲ့ ခြေစွမ်းတွေ ပြသကာ ဝေဖန်မှုတွေကိုလည်း နှုတ်ပိတ်ထားနိုင်ခဲ့ပါတယ်။
Zawgyi – ခ်ယ္ဆီးအသင္းမွာ နည္းျပ လမ္းပတ္ မ်က္နွာသာေပးျခင္းခံရလွတဲ့ တိုက္စစ္သမား ေမဆန္ေမာင့္ကေတာ့ ေႏြမွာ ေရာက္လာတဲ့ ကစားသမားသစ္ေတြထဲ ကမၻာ့အဆင့္ ကစားသမားေတြ ပါ၀င္ျပီး ပြဲ ကစားခြင့္ ျပိဳင္ဆိုင္ေနရေပမယ့္ သူ႔ အေျခအေန အတြက္ မစိုးရိမ္ေၾကာင္း ဖြင့္ဟ ေျပာဆိုခဲ့ပါတယ္။
၄င္းက ကစားသမားသစ္ေတြနဲ႕ အတူ တိုးတက္လာမယ့္ ခ်ယ္ဆီးအသင္း အလားအလာေတြ အတြက္ စိတ္ လႈပ္ရွားေနမိေၾကာင္းလည္း ေျပာဆိုိခဲ့ပါတယ္။
” က်ေနာ္ကေတာ့ က်ေနာ့္ ပံုစံအတိုင္း ရွိမွာပါ။ စိန္ေခၚမႈေတြ အတြက္ က်ေနာ္က အျမဲ အသင့္ပါပဲ။ ပြဲ ထြက္ ေနရာအတြက္လည္း ျပိဳင္ဆိုင္လိုစိတ္ ရွိတယ္။ ကစားသမားသစ္ေတြက ကမၻာ့ အဆင့္ ကစားသမားေတြ ပါ၀င္ျပီး သူတို႔ ဘယ္ေလာက္ထိ အဆင့္ ရွိတယ္ ဆိုတာ က်ေနာ္ သိပါတယ္။ ဒါက ကလပ္အသင္း အတြက္ လိုအပ္ေနတာေတြပါပဲ။
ျပိဳင္ဆိုင္မႈနဲ႕ စံႏႈန္းျမင့္ျမင့္ေတြကပဲ က်ေနာ္တို႔ကို ေရွ႕ဆက္ သြားေနေစတဲ့ အရာေတြပါ။ ဒီေတာ့ ကစားသမားသစ္ေတြနဲ႕ ပတ္သတ္ျပီး က်ေနာ္က စိုးရိမ္ မေနပါဘူး။ ကြင္းထဲမွာ သူတို႔နဲ႕ အတူ ကစားရတာ ေပ်ာ္ရႊင္ စိတ္လႈပ္ရွားမိပါေသးတယ္။ ” လို႔ ေမဆန္ေမာင့္က ဆိုပါတယ္။
ဇီယက္ခ်္ ေရာက္လာျပီးေနာက္ မိုရိုကိုသားက ညာျခမ္း ပိုထြက္ ကစားတာေၾကာင့္ ေမဆန္ေမာင့္က ကြင္းလယ္ထဲ ပို၀င္ကာ ေျပာင္းလဲ ကစားေပးေနပါတယ္။ ဒီရာသီမွာ ေမာင့္က ေ၀ဖန္မႈေတြ ခံထားရေပမယ့္ ဒိေနာက္ပိုင္း ပြဲေတြမွာ ထူးခၽြန္တဲ့ ေျခစြမ္းေတြ ျပသကာ ေ၀ဖန္မႈေတြကိုလည္း ႏႈတ္ပိတ္ထားနုိင္ခဲ့ပါတယ္။