အိမ်ပြန်လာချင်တဲ့ သားမိုက် တစ်ယောက်ကို အိုးထရက်ဖို့ဒ်က ကြိုနိုင်သလား စဉ်းစားရဖွယ်ရှိ

ဂျူဗင်တပ်မှာ အဆင်မပြေစ ပြုလာတဲ့ ခရစ္စတီယာနို ရော်နယ်ဒို ကို အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်က ပြန်လာပူးပေါင်းဖို့ ဆွေးနွေးမှုများ ရှိနေကြောင်း သတင်းထွက်ပေါ်လာပါတယ်။ အသက် ၃၅ နှစ် အရွယ် ပေါ်တူဂီသားဟာ ရီးရဲလ်မက်ဒရစ်ကနေ ဂျူဗင်တပ် အသင်းထံ ပြောင်းရွှေ့လာခဲ့တာက ၃ ရာသီမြောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဒီတလော သတင်းများအရတော့ ဂျူဗင်တပ်ဟာ ရော်နယ်ဒိုကို ရာသီကုန်မှာ ရှင်းထုတ်လိုနေပြီး ၎င်းကို ခေါ်ယူဖို့ ပီအက်စ်ဂျီ အသင်းကနေ အလေးအနက် ချိတ်ဆက်မှုတွေ ရှိထားပါတယ်။ ဒါပေမယ့် ESPN နဲ့ Fox Sports သတင်းထောက် ခရစ္စတီယန် မာတင် အဆို အရ ယူနိုက်တက်ဟာ ရော်နယ်ဒို ကို ပြန်ခေါ်ဖို့ စကား စ ထားပြီ ဖြစ်ကြောင်း သိရပါတယ်။

မာတင်ကတော့ ရော်နယ်ဒို ဟာ ယူနိုက်တက်ရဲ့ ဖိတ်ခေါ်မှုကို လေ့လာမှာ ဖြစ်ပြီး ဂျူဗင်တပ်ကလည်း ကစားသမားကသာ အလိုရှိရင် ထွက်ခွာခွင့် ပြုဖို့ အသင့် ရှိနေပါတယ်။

ရော်နယ်ဒိုဟာ အသက် ၁၈ နှစ်မှာ စပို့တင်း လစ္စဘွန်းကနေ ယူနိုက်တက်ထံ ပြောင်းရွှေ့လာပြီး ၆ နှစ်တာ ကစားသွားသူ ဖြစ်ပါတယ်။ ဆာအဲလက်စ် ဖာဂူဆန်ရဲ့ သင်ပြမှုတွေနဲ့ ထူးချွန်လာတဲ့ ရော်နယ်ဒိုဟာ ကမ္ဘာ့ အကောင်းဆုံး ကစားသမား စာရင်း ဝင် ဖြစ်လာပြီး မန်ချက်စတာ မှာ ပရီးမီးယား ဖလား သုံးကြိမ်နဲ့ အက်ဖ်အေဖလား ချန်ပီယံလိဂ်ဖလားများ ရယူသွားပါတယ်။

၂၀၀၈ မှာတော့ ယူနိုက်တက် ကစားသမား တစ်ဦး အနေနဲ့ ဂျော့ချ်ဘတ်စ် နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ဘလွန်းဒီအော ဆု ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ လျှမ်းလျှမ်းတောက် အောင်မြင်လာတဲ့ ရော်နယ်ဒိုဟာ ၂၀၀၉ မှာတော့ အိုးထရက်ဖို့ဒ်ကို စွန့်ခွာပြီး ကြယ်စင်စု ကစားသမားတွေ ရှိရာ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့သွားခဲ့ပါတယ်။

ဆာအဲလက်စ်ဟာ ၂၀၁၃ မှာ ရော်နယ်ဒို ကို ပြန်ခေါ်ဖို့ ကြိုးစားခဲ့သေးပေမယ့် အပြောင်းအရွှေ့ မအောင်မြင်ခဲ့ပါဘူး။ အခုချိန်မှာ အရွယ်ရလာပြီး ကစားသမား တစ်ယောက် နောက်ဆုံးအရွယ်ပိုင်းထဲ ရောက်လာတဲ့ ရော်နယ်ဒို ကို အသင်းဟောင်းက ပြန်ခေါ်လိုခဲ့ရင် ပေါ်တူဂီသားနဲ့ ပြန်လည် ပေါင်းစည်း နိုင်မလား၊ ယူနိုက်တက် အနေနဲ့ တချိန်က စွန့်ခွာသွားတဲ့ သားတစ်ယောက်ကို ပြန်လည် ထွေးပွေ့နိုင်မလား စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

Zawgyi – ဂ်ဴဗင္တပ္မွာ အဆင္မေျပစ ျပဳလာတဲ့ ခရစၥတီယာနို ေရာ္နယ္ဒို ကို အသင္းေဟာင္း မန္ခ်က္စတာ ယူနိုက္တက္က ျပန္လာပူးေပါငး္ဖို႔ ေဆြးေႏြးမႈမ်ား ရွိေနေၾကာင္း သတင္းထြက္ေပၚလာပါတယ္။ အသက္ ၃၅ နွစ္ အရြယ္ ေပၚတူဂီသားဟာ ရီးရဲလ္မက္ဒရစ္ကေန ဂ်ဴဗင္တပ္ အသင္းထံ ေျပာင္းေရႊ႕လာခဲ့တာက ၃ ရာသီေျမာက္ ရွိခဲ့ျပီ ျဖစ္ပါတယ္။

ဒီတေလာ သတင္းမ်ားအရေတာ့ ဂ်ဴဗင္တပ္ဟာ ေရာ္နယ္ဒိုကို ရာသီကုန္မွာ ရွင္းထုတ္လိုေနျပီး ၄င္းကို ေခၚယူဖို႔ ပီအက္စ္ဂ်ီ အသင္းကေန အေလးအနက္ ခ်ိတ္ဆက္မႈေတြ ရွိထားပါတယ္။ ဒါေပမယ့္ ESPN နဲ႕ Fox Sports သတင္းေထာက္ ခရစၥတီယန္ မာတင္ အဆို အရ ယူနိုက္တက္ဟာ ေရာ္နယ္ဒို ကို ျပန္ေခၚဖို႔ စကား စ ထားျပီ ျဖစ္ေၾကာင္း သိရပါတယ္။

မာတင္ကေတာ့ ေရာ္နယ္ဒို ဟာ ယူနိုက္တက္ရဲ႕ ဖိတ္ေခၚမႈကို ေလ့လာမွာ ဖျစ္ျပီး ဂ်ဴဗင္တပ္ကလည္း ကစားသမားကသာ အလိုရွိရင္ ထြက္ခြာခြင့္ ျပဳဖို႔ အသင့္ ရွိေနပါတယ္။

ေရာ္နယ္ဒိုဟာ အသက္ ၁၈ နွစ္မွာ စပို႔တင္း လစၥဘြန္းကေန ယူနိုက္တက္ထံ ေျပာင္းေရႊ႕လာျပီး ၆ နွစ္တာ ကစားသြားသူ ျဖစ္ပါတယ္။ ဆာအဲလက္စ္ ဖာဂူဆန္ရဲ႕ သင္ျပမႈေတြနဲ႕ ထူးခၽြန္လာတဲ့ ေရာ္နယ္ဒိုဟာ ကမၻာ့ အေကာင္းဆံုး ကစားသမား စာရင္း ၀င္ ျဖစ္လာျပီး မန္ခ်က္စတာ မွာ ပရီးမီးယား ဖလား သံုးၾကိမ္နဲ႕ အက္ဖ္ေအဖလား ခ်န္ပီယံလိဂ္ဖလားမ်ား ရယူသြားပါတယ္။

၂၀၀၈ မွာေတာ့ ယူနိုက္တက္ ကစားသမား တစ္ဦး အေနနဲ႕ ေဂ်ာ့ခ်္ဘတ္စ္ ေနာက္ပိုင္း ပထမဆံုး အၾကိမ္ အျဖစ္ ဘလြန္းဒီေအာ ဆု ကို ဆြတ္ခူးနုိင္ခဲ့ပါတယ္။ လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္လာတဲ့ ေရာ္နယ္ဒိုဟာ ၂၀၀၉ မွာေတာ့ အိုးထရက္ဖို႔ဒ္ကို စြန္႔ခြာျပီး ၾကယ္စင္စု ကစားသမားေတြ ရွိရာ ရီးရဲလ္မက္ဒရစ္ထံ ေျပာင္းေရႊ႕သြားခဲ့ပါတယ္။

ဆာအဲလက္စ္ဟာ ၂၀၁၃ မွာ ေရာ္နယ္ဒို ကို ျပန္ေခၚဖို႔ ၾကိဳးစားခဲ့ေသးေပမယ့္ အေျပာင္းအေရႊ႕ မေအာင္ျမင္ခဲ့ပါဘူး။ အခုခ်ိန္မွာ အရြယ္ရလာျပီး ကစားသမား တစ္ေယာက္ ေနာက္ဆံုးအရြယ္ပိုင္းထဲ ေရာက္လာတဲ့ ေရာ္နယ္ဒို ကို အသင္းေဟာင္းက ျပန္ေခၚလိုခဲ့ရင္ ေပၚတူဂီသားနဲ႕ ျပန္လည္ ေပါင္းစည္း နုိင္မလား၊ ယူနိုက္တက္ အေနနဲ႕ တခ်ိန္က စြန္႔ခြာသြားတဲ့ သားတစ္ေယာက္ကို ျပန္လည္ ေထြးေပြ႕နိုင္မလား စိတ္၀င္စားစရာ ျဖစ္ပါတယ္။