ပြောင်းရွှေ့ကြေး အလွတ်နဲ့ ရမယ့် ခံစစ်မှူးကို စစ်ခင်း အပြိုင်လုကြဦးမယ့် လန်ဒန်ကလပ် သုံးသင်း

ဘိုင်ယန်မြူးနစ်ကနေ နောက်နှစ်နွေမှာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ထွက်ခွာဖို့ ရှိနေတဲ့ ခံစစ်မှူး ဘိုတန် ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်မှ ချယ်ဆီး၊ အာဆင်နယ်နဲ့ စပါးအသင်းတို့ လန်ဒန် သုံးသင်း အပြိုင်ဆိုင် ဖြစ်လာဖို့ ရှိနေပါတယ်။ ဘိုင်ယန်ကလည်း လိုက်ပ်ဇစ်မှ အူပါမီကာနို ကို ခေါ်ယူလိုတာကြောင့် ဘိုတန်ကို စာချုပ် သက်တမ်း မတိုးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၂ နှစ် အရွယ် ခံစစ်မှူးနေရာမှာ ဘိုင်ယန်က ခြေစွာလာတဲ့ လိုက်ပ်ဇစ် ကြယ်ပွင့် ကစားသမား အူပါမီကာနို ကို ခေါ်ယူ အစားထိုးဖို့ စိတ်အား ထက်သန်နေပါတယ်။ ဂျာမနီက သတင်းများ အရတော့ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ထွက်လာမယ့် ဘိုတန်ကို အာဆင်နယ် စပါးနဲ့ ချယ်ဆီးတို့က ခေါ်ယူဖို့ စောင့်ကြည့်နေပြီး အပြိုင် ကြိုးစားကြဖို့ ရှိကြောင်း သိရပါတယ်။

ဘိုင်ယန်မှာ ၉ နှစ်တာ ကစားခဲ့တဲ့ ဘိုတန်ကတော့ လက်ရှိကလပ်မှာ ဆက်နေဖို့ ပိုမို လိုလားပေမယ့် ကလပ်အသင်း ကိုယ်တိုင်က လက်လွှတ်ဖို့ ဆုံးဖြတ်ထားတာကြောင့် အသင်းသစ် ရှာဖွေတော့မှာ ဖြစ်ပြီး ဇန်နဝါရီမှာ အကြို သဘောတူညီမှုတွေ လုပ်ဆောင်နိုင်မြှ ဖြစ်ပါတယ်။

လန်ဒန်ကလပ်တွေထဲမှာ အာဆင်နယ် နည်းပြ အာတီတာက သူ့ ခံစစ်တန်းကို ထပ်မံ အင်အားတိုးဖို စီစဉ်နေတာကြောင့် ပြောင်းရွှေ့ကြေး အလွတ်နဲ့ ရမယ့် ဘိုတန်ကို အတော် စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် မြောက်လန်ဒန် ပြိုင်ဘက် ဖြစ်တဲ့ စပါးအသင်းကလည်း ဘိုတန် အခြေအနေကို စောင့်ကြည့်နေတာကြောင့် အာဆင်နယ် ရဖို့ ထင်သလို လွယ်မှာ မဟုတ်ပါဘူး။

ချယ်ဆီးအသင်းကလည်း ဒီနှစ် အစောပိုင်းမှာ ဘိုတန်ကို ချဥ်းကပ်ဖူးခဲ့ပါတယ်။ ဒါပေမယ့် ဖရန့်လမ်းပတ်က သီယေဂို ဆေးလ်ဗားကို ခေါ်ယူဖြစ်ခဲ့တာပါ။ ဒါပေမယ့် နောက်ထပ် ဝါရင့် ခံစစ်သမား တစ်ဦး အလွတ်နဲ့ ရနိုင်မယ်ဆို လမ်းပတ် စဉ်းစားဖြစ်ဖို့ ရှိနေပါတယ်။

ဘိုတန်ဟာ ဘိုင်ယန်နဲ့ အတူ ဘွန်ဒစ်လီဂါဖလား ၈ ကြိမ်နဲ့ ချန်ပီယံလိဂ် တစ်ကြိမ် ရရှိခဲ့တဲ့ အတွေ့အကြုံ ရင့် ကစားသမား ဖြစ်ပါတယ်။

Zawgyi – ဘိုင္ယန္ျမဴးနစ္ကေန ေနာက္နွစ္ေႏြမွာ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ထြက္ခြာဖို႔ ရွိေနတဲ့ ခံစစ္မွဴး ဘိုတန္ ကို ေခၚယူဖို႔ ပရီးမီးယားလိဂ္မွ ခ်ယ္ဆီး၊ အာဆင္နယ္နဲ႕ စပါးအသင္းတို႔ လန္ဒန္ သံုးသင္း အျပိဳင္ဆိုင္ ျဖစ္လာဖို႔ ရွိေနပါတယ္။ ဘိုင္ယန္ကလည္း လိုက္ပ္ဇစ္မွ အူပါမီကာနို ကို ေခၚယူလိုတာေၾကာင့္ ဘိုတန္ကို စာခ်ဳပ္ သက္တမ္း မတိုးဖို႔ ဆံုးျဖတ္ခဲ့တာ ျဖစ္ပါတယ္။

အသက္ ၃၂ နွစ္ အရြယ္ ခံစစ္မွဴးေနရာမွာ ဘိုင္ယန္က ေျခစြာလာတဲ့ လိုက္ပ္ဇစ္ ၾကယ္ပြင့္ ကစားသမား အူပါမီကာနို ကို ေခၚယူ အစားထိုးဖို႔ စိတ္အား ထက္သန္ေနပါတယ္။ ဂ်ာမနီက သတင္းမ်ား အရေတာ့ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ထြက္လာမယ့္ ဘိုတန္ကို အာဆင္နယ္ စပါးနဲ႕ ခ်ယ္ဆီးတို႔က ေခၚယူဖို႔ ေစာင့္ၾကည့္ေနျပီး အျပိဳင္ ၾကိဳးစားၾကဖို႔ ရွိေၾကာင္း သိရပါတယ္။

ဘိုင္ယန္မွာ ၉ နွစ္တာ ကစားခဲ့တဲ့ ဘိုတန္ကေတာ့ လက္ရွိကလပ္မွာ ဆက္ေနဖို႔ ပိုမို လိုလားေပမယ့္ ကလပ္အသင္း ကိုယ္တိုင္က လက္လႊတ္ဖို႔ ဆံုးျဖတ္ထားတာေၾကာင့္ အသင္းသစ္ ရွာေဖြေတာ့မွာ ျဖစ္ျပီး ဇန္န၀ါရီမွာ အၾကိဳ သေဘာတူညီမႈေတြ လုပ္ေဆာင္နုိင္မွၾ ျဖစ္ပါတယ္။

လန္ဒန္ကလပ္ေတြထဲမွာ အာဆင္နယ္ နည္းျပ အာတီတာက သူ႔ ခံစစ္တန္းကို ထပ္မံ အင္အားတိုးဖို စီစဥ္ေနတာေၾကာင့္ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ရမယ့္ ဘိုတန္ကို အေတာ္ စိတ္၀င္စားေနပါတယ္။ ဒါေပမယ့္ ေျမာက္လန္ဒန္ ျပိဳင္ဘက္ ျဖစ္တဲ့ စပါးအသငး္ကလည္း ဘိုတန္ အေျခအေနကို ေစာင့္ၾကည့္ေနတာေၾကာင့္ အာဆင္နယ္ ရဖို႔ ထင္သလို လြယ္မွာ မဟုတ္ပါဘူး။

ခ်ယ္ဆီးအသင္းကလည္း ဒီနွစ္ အေစာပိုင္းမွာ ဘိုတန္ကို ခ်ဥး္ကပ္ဖူးခဲ့ပါတယ္။ ဒါေပမယ့္ ဖရန္႔လမ္းပတ္က သီေယဂို ေဆးလ္ဗားကို ေခၚယူျဖစ္ခဲ့တာပါ။ ဒါေပမယ့္ ေနာက္ထပ္ ၀ါရင့္ ခံစစ္သမား တစ္ဦး အလြတ္နဲ႕ ရနုိင္မယ္ဆို လမ္းပတ္ စဥ္းစားျဖစ္ဖို႔ ရွိေနပါတယ္။

ဘိုတန္ဟာ ဘိုင္ယန္နဲ႕ အတူ ဘြန္ဒစ္လီဂါဖလား ၈ ၾကိမ္နဲ႕ ခ်န္ပီယံလိဂ္ တစ္ၾကိမ္ ရရွိခဲ့တဲ့ အေတြ႔အၾကံဳ ရင့္ ကစားသမား ျဖစ္ပါတယ္။