အာဆင်နယ် က ချယ်ဆီးရဲ့ မေဆန်မောင့် လို ကစားသမားမျိုး လိုအပ်နေတယ် လို့ ထောက်ပြမှု

အာဆင်နယ်အသင်းဟာ ကွင်းလယ်မှာ ချယ်ဆီးနဲ့ အင်္ဂလန် ကြယ်ပွင့် ကစားသမား မေဆန်မောင့် လို လူမျိုး လိုအပ်နေတာ ဖြစ်ကြောင်း ဂန်းနား ကစားသမားဟောင်းကြီး ဒီဇွန်က သုံးသပ် ထောက်ပြသွားခဲ့ပါတယ်။

မီခေးလ် အာတီတာရဲ့ အသင်းဟာ ဒီရာသီမှာ ခြေစွမ်းနဲ့ ရလဒ်တွေ တည်ငြိမ်ဖို့ ရုန်းကန်ရဆဲ ဖြစ်ပြီး နောက်ဆုံးပွဲမှာ အက်စတွန်ဗီလာကို အနိုင်မယူနိုင်ခဲ့ဘဲ ဂိုးပြတ် ရှုံးနိမ့်ထားခဲ့ပါတယ်။ ဒီဇွန်ကတော့ ဂန်းနားတွေဟာ ကွင်းလယ်နဲ့ တိုက်စစ်သမား သုံးယောက်ကို ချိတ်ဆက်ပေးနိုင်မယ့်သူ လိုအပ်နေတယ်လို့ ယူဆနေပါတယ်။

ချယ်ဆီးအသင်းရဲ့ မေဆန်မောင့်ဟာ အာဆင်နယ် လိုအပ်နေတဲ့ ကစားသမားမျိုး ဖြစ်ပြီး အူဘာမီးယန်း အပေါ် ဖိအားတွေ လျှော့ချပေးနိုင်မယ့်သူလို့ ၎င်းက ယုံကြည်နေပါတယ်။ မောင့်က ချယ်ဆီးအသင်းမှာတော့ နည်းပြ လမ်းပတ်ရဲ့ နေရာပေး ဦးစားပေး ခံရသူ ဖြစ်ပါတယ်။

” ဂိုးရဖို့ ကစားသမား တစ်ယောက်တည်း အပေါ်ပဲ မှီခိုနေရတယ်ဆို ကိစ္စက ကြီးပါတယ်။ အခုဆို အာဆင်နယ် အတွက် ဂိုးတွေက ဘယ်ကမှကို မမြင်ရတော့ဘူး။ ကွင်းလယ်ကလည်း မရှိဘူး။ ပြိုင်ဘက်တွေရဲ့ ခံစစ် စည်းကို ချိုးဖျက်ပြီး တိုက်စစ်ကို တွန်းပေးနိုင်မယ့် မေဆန်မောင့် လို ကစားသမားမျိုး ဒါမှမဟုတ် ကွင်းလယ်ကနေ ထိုးဖောက် တိုက်စစ် ဆင်နိုင်မယ် တစ်ယောက်ယောက် အာဆင်နယ်က လိုအပ်နေပြီ။ ” လို့ သုံးသပ် ထောက်ပြသွားခဲ့ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့နွေက လိုင်ယွန် ကွင်းလယ်ကစားသမား အော်ဝါကို ခေါ်ယူဖို့ အလေးအနက် ချိတ်ဆက်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် ဇန်နဝါရီမှာတော့ ကွင်းလယ် တိုက်စစ်သမား တစ်ယောက်ယောက် ခေါ်ယူဖို့ အာတီတာ ထပ်မံ ကြိုးပမ်းရဖွယ် ရှိပါတယ်။

Zawgyi – အာဆင္နယ္အသင္းဟာ ကြင္းလယ္မွာ ခ်ယ္ဆီးနဲ႕ အဂၤလန္ ၾကယ္ပြင့္ ကစားသမား ေမဆန္ေမာင့္ လို လူမ်ိဳး လိုအပ္ေနတာ ျဖစ္ေၾကာင္း ဂန္းနား ကစားသမားေဟာင္းၾကီး ဒီဇြန္က သံုးသပ္ ေထာက္ျပသြားခဲ့ပါတယ္။

မီေခးလ္ အာတီတာရဲ႕ အသင္းဟာ ဒီရာသီမွာ ေျခစြမ္းနဲ႕ ရလဒ္ေတြ တည္ျငိမ္ဖို႔ ရုန္းကန္ရဆဲ ျဖစ္ျပီး ေနာက္ဆံုးပြဲမွာ အက္စတြန္ဗီလာကို အနိုင္မယူနိုင္ခဲ့ဘဲ ဂိုးျပတ္ ရွံဳးနိမ့္ထားခဲ့ပါတယ္။ ဒီဇြန္ကေတာ့ ဂန္းနားေတြဟာ ကြင္းလယ္နဲ႕ တိုက္စစ္သမား သံုးေယာက္ကို ခ်ိတ္ဆက္ေပးနုိင္မယ့္သူ လိုအပ္ေနတယ္လို႔ ယူဆေနပါတယ္။

ခ်ယ္ဆီးအသင္းရဲ႕ ေမဆန္ေမာင့္ဟာ အာဆင္နယ္ လိုအပ္ေနတဲ့ ကစားသမားမ်ိဳး ျဖစ္ျပီး အူဘာမီးယန္း အေပၚ ဖိအားေတြ ေလွ်ာ့ခ်ေပးနိုင္မယ့္သူလို႔ ၄င္းက ယံုၾကည္ေနပါတယ္။ ေမာင့္က ခ်ယ္ဆီးအသင္းမွာေတာ့ နည္းျပ လမ္းပတ္ရဲ႕ ေနရာေပး ဦးစားေပး ခံရသူ ျဖစ္ပါတယ္။

” ဂိုးရဖို႔ ကစားသမား တစ္ေယာက္တည္း အေပၚပဲ မွီခိုေနရတယ္ဆို ကိစၥက ၾကီးပါတယ္။ အခုဆို အာဆင္နယ္ အတြက္ ဂိုးေတြက ဘယ္ကမွကို မျမင္ရေတာ့ဘူး။ ကြင္းလယ္ကလည္း မရွိဘူး။ ျပိဳင္ဘက္ေတြရဲ႕ ခံစစ္ စည္းကို ခ်ိဳးဖ်က္ျပီး တိုက္စစ္ကို တြန္းေပးနိုင္မယ့္ ေမဆန္ေမာင့္ လို ကစားသမားမ်ိဳး ဒါမွမဟုတ္ ကြင္းလယ္ကေန ထိုးေဖာက္ တိုက္စစ္ ဆင္နိုင္မယ္ တစ္ေယာက္ေယာက္ အာဆင္နယ္က လိုအပ္ေနျပီ။ ” လို႔ သံုးသပ္ ေထာက္ျပသြားခဲ့ပါတယ္။

အာဆင္နယ္ဟာ ျပီးခဲ့တဲ့ေႏြက လိုင္ယြန္ ကြင္းလယ္ကစားသမား ေအာ္၀ါကို ေခၚယူဖို႔ အေလးအနက္ ခ်ိတ္ဆက္ခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။ ဒါေၾကာင့္ ဇန္န၀ါရီမွာေတာ့ ကြင္းလယ္ တုိက္စစ္သမား တစ္ေယာက္ေယာက္ ေခၚယူဖို႔ အာတီတာ ထပ္မံ ၾကိဳးပမ္းရဖြယ္ ရွိပါတယ္။