ယူနိုက်တက်နဲ့ ဒီရာသီက သူ့ကစားသမားဘဝမှာ အခက်ခဲဆုံးအချိန်ဖြစ်ခဲ့ကြောင်း ပေါ့ဘာက ဝန်ခံခဲ့ပြီး နိုင်ငံတကာ သီတင်းပတ်မှာ ပြင်သစ်အသင်းနဲ့အတူ ကစားရတာက အသက်ရှူပေါက် ရစေတယ်လို့ ခံစားရကြောင်း ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်မှာ ခဏအတွင်း အောင်မြင်လာခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်က သူ့ရဲ့ ငယ်ဘဝ သူရဲကောင်းတွေဟာ ရော်နယ်ဒင်ဟိုနဲ့ ရော်နယ်ဒိုဖြစ်တယ်လို့ ဖွင့်ဟခဲ့ပြီး ပေါလ်စခိုးက ဂျရတ်ထက် ပိုကောင်းတယ် လို့လဲ ပြောဆိုခဲ့ပါတယ်။
အိုးလ်ထရက်ဖို့ဒ်မှာ ၁၆နှစ်ကြာ ကစားခဲ့တဲ့ ကွင်းလယ်လူဟောင်း ပေါလ်စခိုးဟာ ၂၀၁၁ မှာ ကစားသမားဘဝကနေ အနားယူခဲ့ပေမယ့် ၄လ နားခဲ့ပြီးနောက် ကြံ့ခိုင်မှု အရှိဆုံး ဖြစ်နေသေးတာကြောင့် အဲဗာတန်ကို ပြောင်းဖို့ စဉ်းစားခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
လီဗာပူးနဲ့ ယူနိုက်တက်တို့ဟာ ရက်ဘူးလိုက်ပ်ဇစ်နောက်ခံလူ အူပါမီကာနိုကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် ပေါင်သန်း၄၀တန် ကစားသမားဟာ ပရီးမီးယားလိဂ်ကို ငြင်းပယ်ပြီး ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့နိုင်တယ် လို့ လိုက်ပ်ဇစ်နည်းပြဟောင်းက ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်ဟာ ခေတ်နောက်ကျနေတဲ့ အပြောင်းအရွှေ့ ချဉ်းကပ်မှုတွေကို ပြောင်းလဲနိုင်ဖို့အတွက် အေဂျက်ရဲ့ ဘောလုံးဒါရိုက်တာ မက် အိုဗာမားစ်နဲ့ အမှုဆောင်ချုပ် အက်ဒ်ဝင် ဗန်ဒါဆားတို့ကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။
ပီအက်စ်ဂျီကို ၂-၁နဲ့ နိုင်ခဲ့တဲ့ပွဲမှာ ပါဝင်ပြီး နောက်ပိုင်း ကိုဗစ်ကြောင့် ထပ်မကစားနိုင်သေးတဲ့ အဲလက်စ်တဲလက်စ်ဟာ အခု ဘရာဇီးအသင်းနဲ့အတူ ရှိနေတာဖြစ်ပြီး ဆေးစစ်မှု နက်ဂတစ် ထပ်ပြရင် ဥရုဂွေးနဲ့ ပွဲမှာ ပါဝင်လာနိုင်ပါတယ်။
ယူနိုက်တက်ဟာ ပေါ်တူဂီကလပ် ဘရာဂါ နောက်ခံလူ ဒေးဗစ်ကာမိုကို ခေါ်ယူဖို့ ချိတ်ဆက်နေခဲ့တာဖြစ်ပေမယ့် အဲ့ဒီ့မတိုင်ခင်တစ်ရက်ကမှ စာချုပ်သစ် ချုပ်ခဲ့တာကြောင့် ၎င်းရဲ့တန်ကြေးက ယူရို သန်း၂၀ ကနေ သန်း၄၀အထိ တက်သွားခဲ့တာဖြစ်ပါတယ်။
Zawgyi – ယူႏိုက္တက္နဲ႔ ဒီရာသီက သူ႔ကစားသမားဘဝမွာ အခက္ခဲဆုံးအခ်ိန္ျဖစ္ခဲ့ေၾကာင္း ေပါ့ဘာက ဝန္ခံခဲ့ၿပီး ႏိုင္ငံတကာ သီတင္းပတ္မွာ ျပင္သစ္အသင္းနဲ႔အတူ ကစားရတာက အသက္ရႉေပါက္ ရေစတယ္လို႔ ခံစားရေၾကာင္း ေျပာဆိုခဲ့ပါတယ္။
ယူႏိုက္တက္မွာ ခဏအတြင္း ေအာင္ျမင္လာခဲ့တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္က သူ႔ရဲ႕ ငယ္ဘဝ သူရဲေကာင္းေတြဟာ ေရာ္နယ္ဒင္ဟိုနဲ႔ ေရာ္နယ္ဒိုျဖစ္တယ္လို႔ ဖြင့္ဟခဲ့ၿပီး ေပါလ္စခိုးက ဂ်ရတ္ထက္ ပိုေကာင္းတယ္ လို႔လဲ ေျပာဆိုခဲ့ပါတယ္။
အိုးလ္ထရက္ဖို႔ဒ္မွာ ၁၆ႏွစ္ၾကာ ကစားခဲ့တဲ့ ကြင္းလယ္လူေဟာင္း ေပါလ္စခိုးဟာ ၂၀၁၁ မွာ ကစားသမားဘဝကေန အနားယူခဲ့ေပမယ့္ ၄လ နားခဲ့ၿပီးေနာက္ ႀကံ့ခိုင္မႈ အရွိဆုံး ျဖစ္ေနေသးတာေၾကာင့္ အဲဗာတန္ကို ေျပာင္းဖို႔ စဥ္းစားခဲ့တယ္လို႔ ဝန္ခံခဲ့ပါတယ္။
လီဗာပူးနဲ႔ ယူႏိုက္တက္တို႔ဟာ ရက္ဘူးလိုက္ပ္ဇစ္ေနာက္ခံလူ အူပါမီကာႏိုကို ေခၚယူဖို႔ စိတ္ဝင္စားခဲ့ေပမယ့္ ေပါင္သန္း၄၀တန္ ကစားသမားဟာ ပရီးမီးယားလိဂ္ကို ျငင္းပယ္ၿပီး ဘိုင္ယန္ျမဴးနစ္ထံ ေျပာင္းေ႐ႊ႕ႏိုင္တယ္ လို႔ လိုက္ပ္ဇစ္နည္းျပေဟာင္းက ေျပာဆိုခဲ့ပါတယ္။
ယူႏိုက္တက္ဟာ ေခတ္ေနာက္က်ေနတဲ့ အေျပာင္းအေ႐ႊ႕ ခ်ဥ္းကပ္မႈေတြကို ေျပာင္းလဲႏိုင္ဖို႔အတြက္ ေအဂ်က္ရဲ႕ ေဘာလုံးဒါ႐ိုက္တာ မက္ အိုဗာမားစ္နဲ႔ အမႈေဆာင္ခ်ဳပ္ အက္ဒ္ဝင္ ဗန္ဒါဆားတို႔ကို ေခၚယူဖို႔ စဥ္းစားေနပါတယ္။
ပီအက္စ္ဂ်ီကို ၂-၁နဲ႔ ႏိုင္ခဲ့တဲ့ပြဲမွာ ပါဝင္ၿပီး ေနာက္ပိုင္း ကိုဗစ္ေၾကာင့္ ထပ္မကစားႏိုင္ေသးတဲ့ အဲလက္စ္တဲလက္စ္ဟာ အခု ဘရာဇီးအသင္းနဲ႔အတူ ရွိေနတာျဖစ္ၿပီး ေဆးစစ္မႈ နက္ဂတစ္ ထပ္ျပရင္ ဥ႐ုေဂြးနဲ႔ ပြဲမွာ ပါဝင္လာႏိုင္ပါတယ္။
ယူႏိုက္တက္ဟာ ေပၚတူဂီကလပ္ ဘရာဂါ ေနာက္ခံလူ ေဒးဗစ္ကာမိုကို ေခၚယူဖို႔ ခ်ိတ္ဆက္ေနခဲ့တာျဖစ္ေပမယ့္ အဲ့ဒီ့မတိုင္ခင္တစ္ရက္ကမွ စာခ်ဳပ္သစ္ ခ်ဳပ္ခဲ့တာေၾကာင့္ ၎ရဲ႕တန္ေၾကးက ယူ႐ို သန္း၂၀ ကေန သန္း၄၀အထိ တက္သြားခဲ့တာျဖစ္ပါတယ္။