ချယ်ဆီးအသင်း နည်းပြ လမ်းပတ်ဟာ ဒီနွေမှာ ကစားသမား ဝယ်ယူဖို့ ပေါင် သန်း ၂၀၀ ကျော် သုံးစွဲခဲ့တဲ့နောက် ဆုဖလားတွေ ယူပြဖို့ ဖိအားတွေ ရှိလာမှာ ဖြစ်သော်လည်း ဒီလို ဖိအားမျိုးတော့ ပြုံးပြီးတောင် ကြိုနေလိမ့်ဦးမယ်လို့ ချယ်ဆီး ကစားသမားဟောင်း ပိုယက်က သုံးသပ် ပြောဆိုခဲ့ပါတယ်။
အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ချ်ဟာ အပြောင်းအရွှေ့ ပိတ် ပြစ်ဒဏ်က လွတ်လာတဲ့ ကလပ်အသင်းအတွက် စိတ်ကြိုက် ကစားသမားများ ဝယ်ယူဖို့ အပြည့်အ၀ ပံ့ပိုးမှုတွေ ပေးခဲ့ပါတယ်။ ဒါကြောင့် ချယ်ဆီးအသင်းဟာ မန်ဒီ၊ သီယေဂို ဆေးဗား၊ ဘန်ချေးဝဲလ်၊ ကိုင်ဟာဗက်ဇ်၊ ဇီယက်နဲ့ တီမိုဗာနာတို့ကို ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒီတလော သီတင်းပတ်တွေ အတွင်းမှာပဲ လမ်းပတ်ရဲ့ ချယ်ဆီးဟာ တောက်ပမှုတွေ စတင် မြင်တွေ့နေရပြီ ဆိုရမှာပါ။
လမ်းပတ်ဟာ သူ့ကို မျှော်လင့်ထားကြသလို လုပ်ပြဖို့ တာဝန်ရှိနေတာ ဖြစ်ပေမယ့် ဒီအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်မှာ မဟုတ်ဘဲ သူ့အတွက် ပံ့ပိုးမှုတွေ ပေးပြီး ရလာမယ့် ဖိအားတွေကို ဘယ်လို အသင်း မန်နေဂျာမျိုး မဆို နှစ်သက်ကြမှာပါလို့ ပိုယက်က ဆိုပါတယ်။
” ပြီးခဲ့တဲ့ ရာသီက ကစားသမားသစ်တွေ ခေါ်ခွင့် မရဘဲနဲ့တောင် ဖရန့် လုပ်ပြခဲ့တာတွေကို ကျနော်တော့ သဘောကျမိတယ်။ သူက လူငယ် ကစားသမားတွေကို အရေးပါတဲ့ အခိုက်အတန့်တွေမှာပါ ထုတ်သုံးခဲ့တာပါ။ ဒီနွေမှာတော့ ချယ်ဆီးက အသုံးစရိတ် ကြီးကြီး သုံးပြထားခဲ့တာ ဖြစ်လို့ မျှော်လင့်မှုတွေက ပုံစံ ပြောင်းသွားပါပြီ။ ဒါကို ဖရန့် ရင်ဆိုင်ရပါမယ်။ သိပ်ပြီး အကူးအပြောင်း လုပ် တည်ဆောက်နေလို့ မရတော့ပါဘူး။
ဒါက ဖိအားပိုဖြစ်စေနိုင်သလား .. ကျနော့်ကို ပိုကောင်းတဲ့ ကစားသမားတွေပေးပြီး ဖိအားပေးတာမျိုး ဆိုရင်တော့ ပေးလိုက်စမ်းပါ။ ကျနော့်က ပေါင် သန်း ၂၀၀ ပေးသုံးပြီး ဖိအားပေးတဲ့ အသင်း ပိုင်ရှင်မျိုး အမြဲ လိုချင်လွန်းလို့ပါ။ ” လို့ ပိုယက်က ဒေးလီးမေးလ်မှာ ဆိုခဲ့ပါတယ်။
ချယ်ဆီး အနေနဲ့ လမ်းပတ်ကို အချိန်ပိုပေး စောင့်ကြည့်သင့်သလား ဆိုတဲ့ အမေးကိုတော့ ပိုယက်က ဒီခေတ် မော်ဒန် ဘောလုံးလောကမှာ စိတ်ရှည်မှုဆိုတာက သိပ်ရှားပါးတဲ့ ကိစ္စ ဖြစ်ပြီး အပြောင်းအလဲတွေ အတွက် သိပ်ကြာကြာ အချိန်ယူနိုင်မှာတော့ မဟုတ်ကြောင်း သုံးသပ် ပြောဆိုခဲ့ပါသေးတယ်။
Zawgyi – ခ်ယ္ဆီးအသင္း နည္းျပ လမ္းပတ္ဟာ ဒီေႏြမွာ ကစားသမား ၀ယ္ယူဖို႔ ေပါင္ သန္း ၂၀၀ ေက်ာ္ သံုးစြဲခဲ့တဲ့ေနာက္ ဆုဖလားေတြ ယူျပဖို႔ ဖိအားေတြ ရွိလာမွာ ျဖစ္ေသာ္လည္း ဒီလို ဖိအားမ်ိဳးေတာ့ ျပံဳးျပီးေတာင္ ၾကိဳေနလိမ့္ဦးမယ္လို႔ ခ်ယ္ဆီး ကစားသမားေဟာင္း ပိုယက္က သံုးသပ္ ေျပာဆိုခဲ့ပါတယ္။
အသင္းပိုင္ရွင္ ရိုမန္ ေအဗရာမိုဗစ္ခ်္ဟာ အေျပာင္းအေရႊ႕ ပိတ္ ျပစ္ဒဏ္က လြတ္လာတဲ့ ကလပ္အသင္းအတြက္ စိတ္ၾကိဳက္ ကစားသမားမ်ား ၀ယ္ယူဖို႔ အျပည့္အ၀ ပံ့ပိုးမႈေတြ ေပးခဲ့ပါတယ္။ ဒါေၾကာင့္ ခ်ယ္ဆီးအသင္းဟာ မန္ဒီ၊ သီေယဂို ေဆးဗား၊ ဘန္ေခ်း၀ဲလ္၊ ကိုင္ဟာဗက္ဇ္၊ ဇီယက္နဲ႕ တီမိုဗာနာတို႔ကို ေခၚယူနိုင္ခဲ့ပါတယ္။ ဒီတေလာ သီတင္းပတ္ေတြ အတြင္းမွာပဲ လမ္းပတ္ရဲ႕ ခ်ယ္ဆီးဟာ ေတာက္ပမႈေတြ စတင္ ျမင္ေတြ႔ေနရျပီ ဆိုရမွာပါ။
လမ္းပတ္ဟာ သူ႔ကို ေမွ်ာ္လင့္ထားၾကသလို လုပ္ျပဖို႔ တာ၀န္ရွိေနတာ ျဖစ္ေပမယ့္ ဒီအတြက္ ၀န္ထုတ္၀န္ပိုး ျဖစ္မွာ မဟုတ္ဘဲ သူ႔အတြက္ ပံ့ပိုးမႈေတြ ေပးျပီး ရလာမယ့္ ဖိအားေတြကို ဘယ္လို အသင္း မန္ေနဂ်ာမ်ိဳး မဆို နွစ္သက္ၾကမွာပါလုိ႔ ပိုယက္က ဆိုပါတယ္။
” ျပီးခဲ့တဲ့ ရာသီက ကစားသမားသစ္ေတြ ေခၚခြင့္ မရဘဲနဲ႕ေတာင္ ဖရန္႔ လုပ္ျပခဲ့တာေတြကို က်ေနာ္ေတာ့ သေဘာက်မိတယ္။ သူက လူငယ္ ကစားသမားေတြကို အေရးပါတဲ့ အခိုက္အတန္႔ေတြမွာပါ ထုတ္သံုးခဲ့တာပါ။ ဒီေႏြမွာေတာ့ ခ်ယ္ဆီးက အသံုးစရိတ္ ၾကီးၾကီး သံုးျပထားခဲ့တာ ျဖစ္လို႔ ေမွ်ာ္လင့္မႈေတြက ပံုစံ ေျပာင္းသြားပါျပီ။ ဒါကို ဖရန္႔ ရင္ဆိုင္ရပါမယ္။ သိပ္ျပီး အကူးအေျပာင္း လုပ္ တည္ေဆာက္ေနလို႔ မရေတာ့ပါဘူး။
ဒါက ဖိအားပိုျဖစ္ေစနုိင္သလား .. က်ေနာ့္ကို ပိုေကာင္းတဲ့ ကစားသမားေတြေပးျပီး ဖိအားေပးတာမ်ိဳး ဆိုရင္ေတာ့ ေပးလိုက္စမ္းပါ။ က်ေနာ့္က ေပါင္ သန္း ၂၀၀ ေပးသံုးျပီး ဖိအားေပးတဲ့ အသင္း ပိုင္ရွင္မ်ိဳး အျမဲ လိုခ်င္လြန္းလို႔ပါ။ ” လို႔ ပိုယက္က ေဒးလီးေမးလ္မွာ ဆိုခဲ့ပါတယ္။
ခ်ယ္ဆီး အေနနဲ႕ လမ္းပတ္ကို အခ်ိန္ပိုေပး ေစာင့္ၾကည့္သင့္သလား ဆိုတဲ့ အေမးကိုေတာ့ ပိုယက္က ဒီေခတ္ ေမာ္ဒန္ ေဘာလံုးေလာကမွာ စိတ္ရွည္မႈဆိုတာက သိပ္ရွားပါးတဲ့ ကိစၥ ျဖစ္ျပီး အေျပာင္းအလဲေတြ အတြက္ သိပ္ၾကာၾကာ အခ်ိန္ယူနိုင္မွာေတာ့ မဟုတ္ေၾကာင္း သံုးသပ္ ေျပာဆိုခဲ့ပါေသးတယ္။