ဂန်းနားဟောင်း အဒီဘာယောကတော့ ဂါနာသား ကွင်းလယ်သမား သောမတ်စ် ပါတေးကို ပရီးမီးယားလိဂ်မှ ချယ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုတွေကို ကျော်ပြီး အာဆင်နယ် အသင်း ထံ သွားဖို့ အပိုင် စည်းရုံး တိုက်တွန်းခဲ့ကြောင်း ထုတ်ဖော် ဖွင့်ဟလာခဲ့ပါတယ်။ ပါတေးဟာ အက်သလက်တီကို မက်ဒရစ်ကနေ အာဆင်နယ်အသင်းထံ ပေါင် ၄၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူပါ။
အသက် ၂၇ နှစ် အရွယ် ဂါနာသားကိုေ ခါ်ယူဖို့ ပရီးမီးယားလိဂ်ကနေ အာဆင်နယ်၊ ချယ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ခေါ်ယူဖို့ ကြိုးစားခဲ့ပြီး အာဆင်နယ်ကတော့ အရ ခေါ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ် ကစားသမားဟောင်း အဒီဘာယောကတော့ အာဆင်နယ်မှာ ပါတေး တိုးတက်လာဖို့ ကောင်းမွန်ကြောင်းနဲ့ အသင်းကောင်း ဖြစ်ကြောင်း အကြံပေး တိုက်တွန်းခဲ့ပါတယ်။
” သူက အင်္ဂလန်က ကလပ်အသင်း တချို့ပေါ့၊ အာဆင်နယ်၊ ချယ်ဆီး၊ မန်ယူနိုက်တက်နဲ့ တခြားအသင်းတွေက သူ့ကို စိတ်ဝင်စားနေကြတယ်ပေါ့ အကြံပေးဖို့ မေးတယ်။ ကျနော်က သူ့ကို အာဆင်နယ် သွြးဖို့ အကြံပေးခဲ့တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီမှာ ကျနော် ကစားခဲ့တော့ သူ့ခြေစွမ်း တိုးတက်လာဖို့ ကောင်းမွန်တဲ့ အနေအထား ရှိတယ်လို့ ထင်တယ်။
အာဆင်နယ်က ကလပ်အသင်း တစ်ခု ဆိုတာထက် ပိုပါတယ်။ တကယ့် မိသားစု အသိုက်အဝန်း တစ်ခုလိုပဲ။ ပါတေးက ပရီးမီးယားလိဂ်မှာ အခုထိ ကစားထားသမျှ ခြေစွမ်းတွေ မြင်ရတော့လည်း ကျနော် အထင်ကြီးမိပါတယ်။ ” လို့ အဒီဘာယောက ပြောဆိုခဲ့ပါတယ်။
အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းတွေ နည်းပါးနေပေမယ့် ပါတေးကတော့ သူ့ ဂန်းနား ကစားသမား ဘ၀ အစပိုင်းမှာတည်းက အသင်း အားထားရတဲ့သူ တစ်ယောက် အဖြစ် စွမ်းဆောင်ရည်ကောင်းတွေ ပြသထားပြီ ဖြစ်ပါတယ်။
Zawgyi – ဂန္းနားေဟာင္း အဒီဘာေယာကေတာ့ ဂါနာသား ကြင္းလယ္သမား ေသာမတ္စ္ ပါေတးကို ပရီးမီးယားလိဂ္မွ ခ်ယ္ဆီးနဲ႕ မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ စိတ္၀င္စားမႈေတြကို ေက်ာ္ျပီး အာဆင္နယ္ အသင္း ထံ သြားဖို႔ အပိုင္ စည္းရံုး တိုက္တြန္းခဲ့ေၾကာင္း ထုတ္ေဖာ္ ဖြင့္ဟလာခဲ့ပါတယ္။ ပါေတးဟာ အက္သလက္တီကို မက္ဒရစ္ကေန အာဆင္နယ္အသင္းထံ ေပါင္ ၄၅ သန္းနဲ႕ ေျပာင္းေရႊ႕ခဲ့သူပါ။
အသက္ ၂၇ နွစ္ အရြယ္ ဂါနာသားကိုေ ခၚယူဖို႔ ပရီးမီးယားလိဂ္ကေန အာဆင္နယ္၊ ခ်ယ္ဆီးနဲ႕ မန္ခ်က္စတာ ယူနိုက္တက္တို႔က ေခၚယူဖို႔ ၾကိဳးစားခဲ့ျပီး အာဆင္နယ္ကေတာ့ အရ ေခၚနုိင္ခဲ့တာ ျဖစ္ပါတယ္။ အာဆင္နယ္ ကစားသမားေဟာင္း အဒီဘာေယာကေတာ့ အာဆင္နယ္မွာ ပါေတး တိုးတက္လာဖို႔ ေကာင္းမြန္ေၾကာင္းနဲ႕ အသင္းေကာင္း ျဖစ္ေၾကာင္း အၾကံေပး တိုက္တြန္းခဲ့ပါတယ္။
” သူက အဂၤလန္က ကလပ္အသင္း တခ်ိဳ႕ေပါ့၊ အာဆင္နယ္၊ ခ်ယ္ဆီး၊ မန္ယူနိုက္တက္နဲ႕ တျခားအသင္းေတြက သူ႔ကို စိတ္၀င္စားေနၾကတယ္ေပါ့ အၾကံေပးဖို႔ ေမးတယ္။ က်ေနာ္က သူ႔ကို အာဆင္နယ္ သြၾးဖို႔ အၾကံေပးခဲ့တယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ အဲဒီမွာ က်ေနာ္ ကစားခဲ့ေတာ့ သူ႔ေျခစြမ္း တိုးတက္လာဖို႔ ေကာင္းမြန္တဲ့ အေနအထား ရွိတယ္လို႔ ထင္တယ္။
အာဆင္နယ္က ကလပ္အသင္း တစ္ခု ဆိုတာထက္ ပိုပါတယ္။ တကယ့္ မိသားစု အသိုက္အ၀န္း တစ္ခုလိုပဲ။ ပါေတးက ပရီးမီးယားလိဂ္မွာ အခုထိ ကစားထားသမွ် ေျခစြမ္းေတြ ျမင္ရေတာ့လည္း က်ေနာ္ အထင္ၾကီးမိပါတယ္။ ” လို႔ အဒီဘာေယာက ေျပာဆိုခဲ့ပါတယ္။
အာဆင္နယ္ဟာ ပရီးမီးယားလိဂ္မွာ ရလဒ္ေကာင္းေတြ နည္းပါးေနေပမယ့္ ပါေတးကေတာ့ သူ႔ ဂန္းနား ကစားသမား ဘ၀ အစပိုင္းမွာတည္းက အသင္း အားထားရတဲ့သူ တစ္ေယာက္ အျဖစ္ စြမ္းေဆာင္ရည္ေကာင္းေတြ ျပသထားျပီ ျဖစ္ပါတယ္။