ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်ဟာ ဒီရာသီ အက်စတွန်ဗီလာ အသင်းမှာ အငှား သွားရောက် ကစားနေတဲ့ ကွင်းလယ် ကစားသမား ရော့စ် ဘာကလေ အား ဒီတလောမှာပဲ မက်ဆေ့်ပို့ကာ အားပေးမှု လုပ်ခဲ့ပြီး စတန်းဖို့ဘရစ်ချ်မှာ ဘာကလေ တစ်ယောက် အနာဂတ် အစီအစဉ်တွေထဲ ပါနေသေးကြောင်း အချက်ပြခဲ့တယ်လို့ သိရပါတယ်။
ဘာကလေက ပြီးခဲ့တဲ့ နွေ အပြောင်းအရွှေ့ ကုန်ချိန်မှာ အက်စတွန်ဗီလာ အသင်းထံ တစ်ရာသီ အငှား သွားရောက် ကစားခဲ့တာ ဖြစ်ပြီး အင်္ဂလန်သားဟာ အနောက်လန်ဒန်ကလပ်မှာ ပုံမှန် ကစားခွင့် ရဖို့ မသေချာတာကြောင့် လမ်းပတ်က ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ချယ်ဆီးဟာ အပြေငာ်းအရွှေ့မှာ ပေါင် ၂၂၅ သန်းထိ သုံးထားခဲ့တာကြောင့် ဘာကလေ အနေနဲ့ ကွင်းလယ်မှာ နေရာ ရဖို့ စိုးရိမ်စရာ ဖြစ်ခဲ့ပါတယ်။
ဒါကြောင့် အနာဂတ်အတွက် ပွဲကစားချိန် သေချာရနိုင်ဖို့ ဘာကလေ ကိုယ်တိုင်ကလည်း အငှားထွက်ဖို့ ခွင့်တောင်းခဲ့တာ ဖြစ်ပါတယ်။ ဘာကလေဟာ ဒင်း စမစ်ရဲ့ အသင်းနဲ့ အတူ ၅ ပွဲ ကစားပြီး ၂ ဂိုး သွင်းယူထားပြီ ဖြစ်ပါတယ်။
ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်က အင်္ဂလန်သားရဲ့ အငှားထွက်ကစားချိန် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို သတိပြုမိနေပြီး ဒီတလောမှာပဲ ဘာကလေ အတွက် ဂုဏ်ယူကြောင်းနဲ့ ချီးကျူးကြောင်း မတ်ဆေ့ချ်ပို့ ခဲ့တယ်လို့ အင်္ဂလန် သတင်းတွေက ဖော်ထုတ်ထားပါတယ်။
ဒါကြောင့် ဘာကလေ တစ်ယောက် ဒီရာသီ ကုန်ချိန်မှာ ချယ်ဆီး အသင်းကနေ ပြန်ခေါ်ပြီး နေရာပေးခံရဖို့ မျှော်လင့်ချက်ရောင်ခြည် မြင်လာရပြီ ဖြစ်ပါတယ်။ လမ်းပတ်ဟာ ဘာကလေရဲ့ တောက်ပတဲ့ ခြေစွမ်းပြချက် တချို့ကို သတိပြုမိထားတာ ရှိပြီး ဒီရာသီမှာလည်း ပုံမှန် ကစားခွင့် အာမခံချက် မပေးနိုင်တာကြောင့်သာ လွှတ်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
Zawgyi – ခ်ယ္ဆီးနည္းျပ ဖရန္႔လမ္းပတ္ဟာ ဒီရာသီ အက္စတြန္ဗီလာ အသင္းမွာ အငွား သြားေရာက္ ကစားေနတဲ့ ကြင္းလယ္ ကစားသမား ေရာ့စ္ ဘာကေလ အား ဒီတေလာမွာပဲ မက္ေဆ့္ပို႔ကာ အားေပးမႈ လုပ္ခဲ့ျပီး စတန္းဖို႔ဘရစ္ခ်္မွာ ဘာကေလ တစ္ေယာက္ အနာဂတ္ အစီအစဥ္ေတြထဲ ပါေနေသးေၾကာင္း အခ်က္ျပခဲ့တယ္လို႔ သိရပါတယ္။
ဘာကေလက ျပီးခဲ့တဲ့ ေႏြ အေျပာင္းအေရႊ႕ ကုန္ခ်ိန္မွာ အက္စတြန္ဗီလာ အသင္းထံ တစ္ရာသီ အငွား သြားေရာက္ ကစားခဲ့တာ ျဖစ္ျပီး အဂၤလန္သားဟာ အေနာက္လန္ဒန္ကလပ္မွာ ပံုမွန္ ကစားခြင့္ ရဖို႔ မေသခ်ာတာေၾကာင့္ လမ္းပတ္က ခြင့္ျပဳခဲ့တာ ျဖစ္ပါတယ္။ ခ်ယ္ဆီးဟာ အေျပငာ္းအေရႊ႕မွာ ေပါင္ ၂၂၅ သန္းထိ သံုးထားခဲ့တာေၾကာင့္ ဘာကေလ အေနနဲ႕ ကြင္းလယ္မွာ ေနရာ ရဖို႔ စိုးရိမ္စရာ ျဖစ္ခဲ့ပါတယ္။
ဒါေၾကာင့္ အနာဂတ္အတြက္ ပြဲကစားခ်ိန္ ေသခ်ာရနိုင္ဖို႔ ဘာကေလ ကိုယ္တိုင္ကလည္း အငွားထြက္ဖို႔ ခြင့္ေတာင္းခဲ့တာ ျဖစ္ပါတယ္။ ဘာကေလဟာ ဒင္း စမစ္ရဲ႕ အသင္းနဲ႕ အတူ ၅ ပြဲ ကစားျပီး ၂ ဂိုး သြင္းယူထားျပီ ျဖစ္ပါတယ္။
ခ်ယ္ဆီးနည္းျပ ဖရန္႔လမ္းပတ္က အဂၤလန္သားရဲ႕ အငွားထြက္ကစားခ်ိန္ ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ကို သတိျပဳမိေနျပီး ဒီတေလာမွာပဲ ဘာကေလ အတြက္ ဂုဏ္ယူေၾကာင္းနဲ႕ ခ်ီးက်ဴးေၾကာင္း မတ္ေဆ့ခ်္ပို႔ ခဲ့တယ္လို႔ အဂၤလန္ သတင္းေတြက ေဖာ္ထုတ္ထားပါတယ္။
ဒါေၾကာင့္ ဘာကေလ တစ္ေယာက္ ဒီရာသီ ကုန္ခ်ိန္မွာ ခ်ယ္ဆီး အသင္းကေန ျပန္ေခၚျပီး ေနရာေပးခံရဖို႔ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ ျမင္လာရျပီ ျဖစ္ပါတယ္။ လမ္းပတ္ဟာ ဘာကေလရဲ႕ ေတာက္ပတဲ့ ေျခစြမ္းျပခ်က္ တခ်ိဳ႕ကို သတိျပဳမိထားတာ ရွိျပီး ဒီရာသီမွာလည္း ပံုမွန္ ကစားခြင့္ အာမခံခ်က္ မေပးနုိင္တာေၾကာင့္သာ လႊတ္ခဲ့ျခင္း ျဖစ္တယ္လို႔ သိရပါတယ္။