ချယ်ဆီး ကွင်းလယ် ကစားသမား ဂျော်ဂျင်ဟိုဟာ သူ့ရဲ့နည်းပြဟောင်းဖြစ်သူ ဆာရီနဲ့ ပြန်လည်လက်တွဲဖို့ မျှော်လင့်နေသလို ဆာရီ သွားမယ့် နောက်ကလပ်ကို သူလဲ လိုက်ပြီးပြောင်းရွှေ့နိုင်တယ်လို့ အေးဂျင့်ဖြစ်သူက ပြောဆိုခဲ့ပါတယ်။ ဂျော်ဂျင်ဟိုဟိာ နာပိုလီမှာ ၃ နှစ်ကြာ ဆာရီလက်အောက်မှာလုပ်ခဲ့ပြီးနောက် သူတို့နှစ်ယောက်လုံးဟာ ၂၀၁၈ နွေရာသီမှာ စတန်းဖို့ဒ်ဘရစ်ခ်ျကိုအတူရောက်လာခဲ့ကြတာပါ။
အီတလီသား နှစ်ယောက်ဟာ စီးရီးအေမှာ နာပိုလီကို အင်အားကြီးအသင်းဖြစ်အောင် ပေါင်းစပ်ကူညီပေးခဲ့တာဖြစ်ပြီးတော့ ပရီးမီးယားလိဂ်မှာလဲ အလားတူ လုပ်ပြနိုင်ခဲ့တာပါ။ ဂျော်ဂျင်ဟို ဟာ ချယ်ဆီးမှာ ၎င်းရဲ့ ပထမရာသီပြည့်မှာ လိဂ်အဆင့် ၃ နဲ့ ယူရိုပါလိဂ် အောင်မြင်မှုအတွက် အဓိကနေရာကနေ ပါဝင်ခဲ့တာဖြစ်ပေမယ့် ဆာရီကတော့ လူရွေးချယ်ရာမှာ ခေါင်းမာမှုနဲ့ အပြောင်းအလဲမရှိတဲ့ နည်းဗျူဟာ ချဉ်းကပ်မှုတွေကြောင့် ဝေဖန်မှုများစွာ ရရှိခဲ့တာဖြစ်ပါတယ်။
အသက် ၆၁ နှစ်အရွယ် နည်းပြဟာ ၂၀၁၉ ဇွန်လမှာတော့ ချယ်ဆီးကနေ ထွက်ခွာကာ ဂျူဗင်တပ်ကို ရောက်ရှိခဲ့ပြီး သူ့နေရာမှာ ကလပ်ဂန္တဝင် လမ်းပတ်က အစားထိုး တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။ ဆာရီက မနှစ်က ဂျူဗင်တပ်ကို စီးရီးအေ ၉ ကြိမ်ဆက် ရရှိအောင် ဦးဆောင်ပေးခဲ့ပေမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ လိုင်ယွန်ကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တဲ့နောက် ထုတ်ပယ်ခံခဲ့ရတာပါ။
နာပိုလီနည်းပြဟောင်းဟာ အခု အသင်းလက်မဲ့ဖြစ်နေပြီး အလုပ်အသစ် ရှာဖွေနေသလို ဂျော်ဂျင်ဟိုကတော့ ချယ်ဆီးရဲ့ အထင်ကြီးစရာ နွေရာသီ လူအင်အားဖြည့်တင်းမှုအပြီး ကလပ်ကအတွက် ပြိုင်ပွဲစုံမှာ ဆုဖလားတွေ စိန်ခေါ်နိုင်ဖို့ ကူညီပေးနေတာ ဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် ကစားသမားရဲ့ အဓိက ဥပဒေရေးရာ ကိုယ်စားလှယ်ဖြစ်တဲ့ ဂျွာအို ဆန်းတို့စ်က ဂျော်ဂျင်ဟိုဟာ သူ့ရဲ့လက်ရှိအခြေနေကို ကျေနပ်နေပေမယ့်လဲ ဆာရီနဲ့ ပြန်လည်လက်တွဲလိုတာနဲ့အတူ ဆာရီသွားမယ့် နေရာကို စောင့်ကြည့်နေတာကို ဆိုပါတယ်။
“လမ်းပတ်နဲ့ ချယ်ဆီးဟာ မနှစ်ကထက် ပိုကောင်းအောင် လုပ်နိုင်နေတဲ့အပေါ် ဂျော်ဂျင်ဟိုက ပျော်ရွှင်နေပါတယ်၊ အီတလီကစားသမား အားလုံးနီးပါးက စီးရီးအေမှာရှိပါတယ်၊ ဒါက အရေးပါတဲ့လိဂ်တစ်ခုဖြစ်ပေမယ့် သူကတော့ လန်ဒန်မှာ ရှိနေခဲ့တယ်၊ တကယ်လို့ ဆာရီသာ ဆက်ရှိနေခဲ့ရင် သူလဲ ဂျူဗင်တပ်ကို ရောက်ရှိသွားနိုင်ပါတယ်၊ ဂျော်ဂျင်ဟိုက ဆာရီနဲ့ ပုဂ္ဂိုလ်ရေးအရနဲ့ ပရော်ဖက်ရှင်နယ်အရ အချိတ်အဆက် ရှိနေတာဖြစ်ပြီး ဒါက သိပ်ကိုခိုင်မာပါတယ်၊ ဆာရီ ဘယ်သွားမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်၊ တကယ်လို့ အီတလီက အသင်းကြီးတစ်ခုခုကို သူနည်းပြခဲ့ရင် ဂျော်ဂျင်ဟိုလဲ အဲ့ဒီ့ကိုလိုက်သွားနိုင်ပါတယ်”လို့ ဆန်းတို့စ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။
ချယ်ဆီးဟာ စနေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်နဲ့ တွေ့ဆုံရမှာဖြစ်ပြီး ဂျော်ဂျင်ဟိုဟာလဲ နိုင်ငံတကာသီတင်းပတ်အတွင်း အီတလီအတွက် တောက်ပခဲ့တဲ့နောက် လမ်းပတ်ရဲ့ ပွဲထွက် စာရင်းမှာ နေရာတစ်နေရာ ရရှိနိုင်ပါတယ်။
အတွေ့အကြုံရှိတဲ့ ကွင်းလယ်လူဟာ ပိုလန်ကို ၂-၀ နဲ့ နိုင်ခဲ့တဲ့ နေးရှင်းလိဂ်ပွဲမှာ အီတလီအတွက် ပင်နယ်တီတစ်လုံးသွင်းယူပေးခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဘော့စနီးယားနဲ့အုပ်စုနောက်ဆုံးပွဲစဉ်အတွက် နိုင်ငံအသင်းနဲ့အတူ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။
Zawgyi – ခ်ယ္ဆီး ကြင္းလယ္ ကစားသမား ေဂ်ာ္ဂ်င္ဟိုဟာ သူ႔ရဲ႕နည္းျပေဟာင္းျဖစ္သူ ဆာရီနဲ႔ ျပန္လည္လက္တြဲဖို႔ ေမွ်ာ္လင့္ေနသလို ဆာရီ သြားမယ့္ ေနာက္ကလပ္ကို သူလဲ လိုက္ၿပီးေျပာင္းေ႐ႊ႕ႏိုင္တယ္လို႔ ေအးဂ်င့္ျဖစ္သူက ေျပာဆိုခဲ့ပါတယ္။ ေဂ်ာ္ဂ်င္ဟိုဟိာ နာပိုလီမွာ ၃ ႏွစ္ၾကာ ဆာရီလက္ေအာက္မွာလုပ္ခဲ့ၿပီးေနာက္ သူတို႔ႏွစ္ေယာက္လုံးဟာ ၂၀၁၈ ေႏြရာသီမွာ စတန္းဖို႔ဒ္ဘရစ္ခ္်ကိုအတူေရာက္လာခဲ့ၾကတာပါ။
အီတလီသား နွစ္ေယာက္ဟာ စီးရီးေအမွာ နာပိုလီကို အင္အားႀကီးအသင္းျဖစ္ေအာင္ ေပါင္းစပ္ကူညီေပးခဲ့တာျဖစ္ၿပီးေတာ့ ပရီးမီးယားလိဂ္မွာလဲ အလားတူ လုပ္ျပႏိုင္ခဲ့တာပါ။ ေဂ်ာ္ဂ်င္ဟို ဟာ ခ်ယ္ဆီးမွာ ၎ရဲ႕ ပထမရာသီျပည့္မွာ လိဂ္အဆင့္ ၃ နဲ႔ ယူ႐ိုပါလိဂ္ ေအာင္ျမင္မႈအတြက္ အဓိကေနရာကေန ပါဝင္ခဲ့တာျဖစ္ေပမယ့္ ဆာရီကေတာ့ လူေ႐ြးခ်ယ္ရာမွာ ေခါင္းမာမႈနဲ႔ အေျပာင္းအလဲမရွိတဲ့ နည္းဗ်ဴဟာ ခ်ဥ္းကပ္မႈေတြေၾကာင့္ ေဝဖန္မႈမ်ားစြာ ရရွိခဲ့တာျဖစ္ပါတယ္။
အသက္ ၆၁ ႏွစ္အ႐ြယ္ နည္းျပဟာ ၂၀၁၉ ဇြန္လမွာေတာ့ ခ်ယ္ဆီးကေန ထြက္ခြာကာ ဂ်ဴဗင္တပ္ကို ေရာက္ရွိခဲ့ၿပီး သူ႔ေနရာမွာ ကလပ္ဂႏၲဝင္ လမ္းပတ္က အစားထိုး တာဝန္ယူခဲ့တာ ျဖစ္ပါတယ္။ ဆာရီက မႏွစ္က ဂ်ဴဗင္တပ္ကို စီးရီးေအ ၉ ႀကိမ္ဆက္ ရရွိေအာင္ ဦးေဆာင္ေပးခဲ့ေပမယ့္ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္မွာ လိုင္ယြန္ကို အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့တဲ့ေနာက္ ထုတ္ပယ္ခံခဲ့ရတာပါ။
နာပိုလီနည္းျပေဟာင္းဟာ အခု အသင္းလက္မဲ့ျဖစ္ေနၿပီး အလုပ္အသစ္ ရွာေဖြေနသလို ေဂ်ာ္ဂ်င္ဟိုကေတာ့ ခ်ယ္ဆီးရဲ႕ အထင္ႀကီးစရာ ေႏြရာသီ လူအင္အားျဖည့္တင္းမႈအၿပီး ကလပ္ကအတြက္ ၿပိဳင္ပြဲစုံမွာ ဆုဖလားေတြ စိန္ေခၚႏိုင္ဖို႔ ကူညီေပးေနတာ ျဖစ္ပါတယ္။ အသက္ ၂၈ ႏွစ္အ႐ြယ္ ကစားသမားရဲ႕ အဓိက ဥပေဒေရးရာ ကိုယ္စားလွယ္ျဖစ္တဲ့ ဂြၽာအို ဆန္းတို႔စ္က ေဂ်ာ္ဂ်င္ဟိုဟာ သူ႔ရဲ႕လက္ရွိအေျခေနကို ေက်နပ္ေနေပမယ့္လဲ ဆာရီနဲ႔ ျပန္လည္လက္တြဲလိုတာနဲ႔အတူ ဆာရီသြားမယ့္ ေနရာကို ေစာင့္ၾကည့္ေနတာကို ဆိုပါတယ္။
“လမ္းပတ္နဲ႔ ခ်ယ္ဆီးဟာ မႏွစ္ကထက္ ပိုေကာင္းေအာင္ လုပ္ႏိုင္ေနတဲ့အေပၚ ေဂ်ာ္ဂ်င္ဟိုက ေပ်ာ္႐ႊင္ေနပါတယ္၊ အီတလီကစားသမား အားလုံးနီးပါးက စီးရီးေအမွာရွိပါတယ္၊ ဒါက အေရးပါတဲ့လိဂ္တစ္ခုျဖစ္ေပမယ့္ သူကေတာ့ လန္ဒန္မွာ ရွိေနခဲ့တယ္၊ တကယ္လို႔ ဆာရီသာ ဆက္ရွိေနခဲ့ရင္ သူလဲ ဂ်ဴဗင္တပ္ကို ေရာက္ရွိသြားႏိုင္ပါတယ္၊ ေဂ်ာ္ဂ်င္ဟိုက ဆာရီနဲ႔ ပုဂၢိဳလ္ေရးအရနဲ႔ ပေရာ္ဖက္ရွင္နယ္အရ အခ်ိတ္အဆက္ ရွိေနတာျဖစ္ၿပီး ဒါက သိပ္ကိုခိုင္မာပါတယ္၊ ဆာရီ ဘယ္သြားမလဲဆိုတာ ကြၽန္ေတာ္တို႔ ေစာင့္ၾကည့္ေနပါတယ္၊ တကယ္လို႔ အီတလီက အသင္းႀကီးတစ္ခုခုကို သူနည္းျပခဲ့ရင္ ေဂ်ာ္ဂ်င္ဟိုလဲ အဲ့ဒီ့ကိုလိုက္သြားႏိုင္ပါတယ္”လို႔ ဆန္းတို႔စ္က ေျပာဆိုခဲ့တာျဖစ္ပါတယ္။
ခ်ယ္ဆီးဟာ စေနေန႔မွာ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ နယူးကာဆယ္နဲ႔ ေတြ႕ဆုံရမွာျဖစ္ၿပီး ေဂ်ာ္ဂ်င္ဟိုဟာလဲ ႏိုင္ငံတကာသီတင္းပတ္အတြင္း အီတလီအတြက္ ေတာက္ပခဲ့တဲ့ေနာက္ လမ္းပတ္ရဲ႕ ပြဲထြက္ စာရင္းမွာ ေနရာတစ္ေနရာ ရရွိႏိုင္ပါတယ္။
အေတြ႕အႀကဳံရွိတဲ့ ကြင္းလယ္လူဟာ ပိုလန္ကို ၂-၀ နဲ႔ ႏိုင္ခဲ့တဲ့ ေနးရွင္းလိဂ္ပြဲမွာ အီတလီအတြက္ ပင္နယ္တီတစ္လုံးသြင္းယူေပးခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ေဘာ့စနီးယားနဲ႔အုပ္စုေနာက္ဆုံးပြဲစဥ္အတြက္ ႏိုင္ငံအသင္းနဲ႔အတူ ျပင္ဆင္ေနတာပဲ ျဖစ္ပါတယ္။