နိုင်ငံပွဲတွေ အပြီး ပရီးမီးယားလိဂ် ပွဲတွေ ပြန်လည် စတင်ချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တန်းတက် ဝက်စ်ဘရွန်း အသင်းနဲ့ ယှဉ်ပြိုင် ကစားဖို့ ရှိနေပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ရမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်း ကစားမယ့် ပွဲချိန်ကတော့ နိုဝင်ဘာ ၂၂ ရက် (တနင်္ဂနွေနေ့)၊ နံနက် ၂း၃၀ နာရီမှာပါ။
ယူနိုက်တက်နဲ့ ဝက်စ်ဘရွန်း ပွဲစဉ် အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ရဲ့ သုံးသပ် ခန့်မှန်းမှုကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
အိုဝင်က – ” ဝက်စ်ဘရွန်းက ရလဒ်ဆိုးတွေကို ပိုင်ဆိုင်ထားတာပါ။ ချယ်ဆီးကို သုံးဂိုး သွင်းတဲ့နောက်မှာ သူတို့ရဲ့ ခံစစ်က ပုံစံကောင်းတွေမှာ ရှိမနေပါဘူး။ တိုက်စစ်ကလည်း အတော်လေး ညံ့ပါတယ်။ ယူနိုက်တက်က ပုံစံကောင်းတွေကို ရှာဖွေနေဆဲဖြစ်ပါတယ်။ နောက်ပြီး သူတို့ရဲ့ ကစားသမားကောင်းတွေကို တစ်ချိန်တည်းမှာ ကွင်းထဲ အတူ ဝင်ရောက်ကစားစေဖို့လည်း နည်းလမ်းရှာနေတယ်။
ပေါ့ဘာကို အရန်ခုံမှာပဲ ထားလို့မရသလို သူ့ကို ပွဲထွက်ခွင့်တွေ မပေးဘူးဆိုရင် မကြာခင်မှာ သူကလည်း အခြားကိစ္စတွေကို စဉ်းစားလာနိုင်တယ်။ ယူနိုက်တက်ရဲ့ ကိစ္စတွေ အားလုံးက ခြေစွမ်း မတည်ငြိမ်ခြင်းဖြစ်ပါတယ်။ ယူနိုက်တက်ဟာ တကယ်ကို ရုန်းကန်နေရတဲ့ အသင်းတစ်သင်းကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ကျနော်ကတော့ သူတို့ သက်သောင့်သက်သာနဲ့ အနိုင်ရသွားမယ်လို့ပဲ ထင်ပါတယ်။ ” လို့ သုံးသပ်ထားပါတယ်။
မိုက်ကယ် အိုဝင် ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာယူနိုက်တက် 2-0 ဝက်စ်ဘရွန်း ဖြစ်ပါတယ်။
Zawgyi – နိုင္ငံပြဲေတြ အျပီး ပရီးမီးယားလိဂ္ ပြဲေတြ ျပန္လည္ စတင္ခ်ိန္မွာေတာ့ မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ တန္းတက္ ၀က္စ္ဘရြန္း အသင္းနဲ႕ ယွဥ္ျပိဳင္ ကစားဖို႔ ရွိေနျပီး အိမ္ကြင္း အိုးထရက္ဖုိ႔ဒ္မွာ ဧည့္ခံ ရမွာ ျဖစ္ပါတယ္။ ဒီနွစ္သင္း ကစားမယ့္ ပြဲခ်ိန္ကေတာ့ နို၀င္ဘာ ၂၂ ရက္ (တနဂၤေႏြေန႔)၊ နံနက္ ၂း၃၀ နာရီမွာပါ။
ယူနိုက္တက္နဲ႕ ၀က္စ္ဘရြန္း ပြဲစဥ္ အတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္ရဲ႕ သံုးသပ္ ခန္႔မွန္းမႈကေတာ့ ေအာက္ပါအတိုင္း ျဖစ္ပါတယ္။
အို၀င္က – ” ၀က္စ္ဘရြန္းက ရလဒ္ဆိုးေတြကို ပိုင္ဆိုင္ထားတာပါ။ ခ်ယ္ဆီးကို သံုးဂိုး သြင္းတဲ့ေနာက္မွာ သူတို႔ရဲ႕ ခံစစ္က ပံုစံေကာင္းေတြမွာ ရွိမေနပါဘူး။ တိုက္စစ္ကလည္း အေတာ္ေလး ညံ့ပါတယ္။ ယူႏုိက္တက္က ပံုစံေကာင္းေတြကို ရွာေဖြေနဆဲျဖစ္ပါတယ္။ ေနာက္ျပီး သူတို႔ရဲ႕ ကစားသမားေကာင္းေတြကို တစ္ခ်ိန္တည္းမွာ ကြင္းထဲ အတူ ဝင္ေရာက္ကစားေစဖို႔လည္း နည္းလမ္းရွာေနတယ္။
ေပါ့ဘာကို အရန္ခံုမွာပဲ ထားလို႔မရသလို သူ႔ကို ပြဲထြက္ခြင့္ေတြ မေပးဘူးဆိုရင္ မၾကာခင္မွာ သူကလည္း အျခားကိစၥေတြကို စဥ္းစားလာႏုိင္တယ္။ ယူႏုိက္တက္ရဲ႕ ကိစၥေတြ အားလံုးက ေျခစြမ္း မတည္ျငိမ္ျခင္းျဖစ္ပါတယ္။ ယူႏုိက္တက္ဟာ တကယ္ကို ရုန္းကန္ေနရတဲ့ အသင္းတစ္သင္းကို ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။ က်ေနာ္ကေတာ့ သူတို႔ သက္ေသာင့္သက္သာနဲ႔ အႏုိင္ရသြားမယ္လို႔ပဲ ထင္ပါတယ္။ ” လို႔ သံုးသပ္ထားပါတယ္။
မိုက္ကယ္ အိုဝင္ ခန္႔မွန္းရလဒ္ ကေတာ့ မန္ခ်က္စတာယူႏုိက္တက္ 2-0 ၀က္စ္ဘရြန္း ျဖစ္ပါတယ္။