လိဒ် ယူနိုက်တက် Vs အာဆင်နယ် ပွဲ အတွက် အိုဝင် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်
နိုင်ငံတကာ သီတင်းပတ် အပြီး ကလပ်အသင်းပွဲတွေ ပြန်လည်စတင်ချိန်မှာတော့ အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ်မှာ လိဒ် ယူနိုက်တက် အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ နိုဝင်ဘာ ၂၂ ရက် (တနင်္ဂနွေနေ့)၊ ည ၁၁း၀၀ နာရီမှာပါ။
လိဒ်နဲ့ အာဆင်နယ် အသင်းတို့ ပွဲစဉ် အတွက် နာမည်ကျော် ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
အသင်းကြီးတွေနဲ့ ရင်ဆိုင်ကစားရာမှာ လိဒ်အသင်းက ထူးချွန်တယ်ဆိုတာကို သတိပြုမိထားပါတယ်။ အဲ့လို ရင်ဆိုင်ရတာတွေက သူတို့ကို ပိုပြီး ကောင်းမွန်စေတယ်။ လိဒ်ကို ရင်ဆိုင်ကစားရာမှာ သူတို့က အင်အားပြည့် ကစားနိုင်ပြီး ကွင်းထဲက အရေးပါတဲ့ နေရာ အများအပြားမှာ အောင်မြင်နိုင်ပါတယ်။ သူတို့က အခွင့်အရေးတွေ အများကြီး ဖန်တီးကြတယ် ဒါပေမယ့် အခွင့်အရေးတွေ အများကြီးကိုလည်း ခွင့်ပြုရပါတယ်။ ဒီအချက်က အာတီတာ ဆုပ်ကိုင်ထားနိုင်တဲ့ အခွင့်အရေးဖြစ်ပါတယ်။
လိဒ်ဘက်က ဖိအားပေးမယ့် အခြေအနေတွေကို အာတီတာက ပြင်ဆင်မှု လုပ်ထားနိုင်မယ်ဆိုရင် ဒီပွဲမှာ ဂန်းနားတွေ အပြည့်အဝ အသာစီးရမယ်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်။
မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ် ကတော့ လိဒ်ယူနိုက်တက် 1-2 အာဆင်နယ် ဖြစ်ပါတယ်။