မန်ချက်စတာ ယူနိုက်တက် Vs ဝက်စ်ဘရွန်း ပွဲစဉ်အတွက် ဘီဘီစီမှ လော်ရိုး သုံးသပ်ခန့်မှန်းချက်
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ ဝက်စ်ဘရွန်း အသင်းနဲ့ တွေ့ဆုံနေပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားရတော့မှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ နိုဝင်ဘာ ၂၂ ရက် (တနင်္ဂနွေနေ့)၊ နံနက် ၂း၃၀ နာရီမှာပါ။
ယူနိုက်တက်နဲ့ ဝက်စ်ဘရွန်းတို့ ပွဲစဉ် အတွက် ဘီဘီစီမှ ပင်တိုင် သုံးသပ်သူ လော်ရိုးကတော့ အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” မန်ချက်စတာ ယူနိုက်တက်ဟာ ဒီရာသီ သူတို့ အိမ်ကွင်းမှာ ပရီးမီးယားလိဂ် နိုင်ပွဲ မရှိသေးပါဘူး။ ဒါကို စနေနေ့မှာတော့ ပြောင်းလဲ ပြဖို့ တကယ်ကို လိုအပ်နေပါပြီ။ ယူနိုက်တက်က နောက်ဆုံးပွဲမှာ အဲဗာတန်ကို ကောင်းမွန်တဲ့ နိုင်ပွဲ ရထားပါတယ်။ ဒါပေမယ့် စပါးနဲ့ ပွဲမှာ ရှုံးနိမ့်ခဲ့တာနဲ့ ခရစ္စတယ်ပဲလေ့စ်ကို အဖွင့်ပွဲမှာ ရှုံးခဲ့တာတွေက ဒီရာသီမှာ သိသာစွာ ရုန်းကန်ခဲ့ရတဲ့ ပွဲတွေ ရှိထားပါတယ်။
လောလောဆယ် ယူနိုက်တက် က မတည်ငြိမ်သေးဘဲ ပရိသတ် မရှိတဲ့ ကွင်းထဲမှာ ကစားနေရတာလည်း အခက်တွေ့နေပုံရပါတယ်။ဒါပေမယ့် ဒီပွဲမှာတော့ ယူနိုက်တက်တို့ နိုင်ပွဲ ရအောင် ရှာနိုင်ပြီလို့ ကျနော် မျှော်လင့်ပါတယ်။ အဲဒါကို မလုပ်နိုင်ရင်တော့ သူတို့ ပြသနာကြီးတွေ တွေ့တော့မှာပါပဲ။ ” လို့ လော်ရိုးက ဆိုပါတယ်။
လော်ရိုး ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာ ယူနိုက်တက် 3-0 ဝက်စ်ဘရွန်း ဖြစ်ပါတယ်။