ကလပ်အသင်းမှာ အံမဝင်လို့ ပေါ့ဘာ မပျော်ရဘူး ဆိုတဲ့ ဒက်ချမ့် ပြောစကားကို ဆိုးရှား တုန့်ပြန် ရှင်းလင်း

မန်ချက်စတာ ယူနိုက်တက်အသင်း မန်နေဂျာ ဆိုးရှားကတော့ နိုင်ငံပွဲတွေ အပြီး ကလပ်အသင်းထံ ပြန်လာတဲ့ ကွင်းလယ် ကစားသမား ပေါ့ဘာကို ကာရင်တန်မှာ တွေ့ဆုံ စကားပြောဆိုထားပြီး ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ပြင်သစ်အသင်းနဲ့ အတူ ရှိစဉ်က ပေါ့ဘာ တစ်ယောက် ကလပ်မှာ ကစားရတဲ့ နေရာ အံမဝင်လို့ မပျော်ရွှင်ရဘူး ဆိုတဲ့ ပြင်သစ် နည်းပြ ဒက်ချမ့် ပြောစကားတွေကိုလည်း ဆိုးရှားက တုန့်ပြန် ပြောဆိုခဲ့ပါတယ်။

ပေါ့ဘာရဲ့ မတည်ငြိမ်တဲ့ ခြေစွမ်းတွေက ကလပ်အသင်း ကွင်းလယ်မှာ အကောင်းဆုံး သူ ကစားနိုင်တဲ့ နေရာမှာ မကစားနေရလို့ ဆိုပြီး ပြင်သစ် နည်းပြ ဒက်ချမ့်က ဆွေးနွေး ပြောဆိုခဲ့ပါတယ်။ ယူနိုက်တက် နည်းပြ ဆိုးရှားက ပေါ့ဘာကို ကွင်းလယ်မှာ အထိုင် နှစ်ယောက်ထဲက တစ်ယောက် အဖြစ် နေရာပေး ကစားနေပြီး စိန်ပွင့်ပုံ အခင်းအကျင်းမှာတော့ ဘယ်ခြမ်း မှာ ထားခဲ့ပါတယ်။ ဆိုးရှားကတော့ ပေါ့ဘာကို နေရာစုံ ထား ကစားဖူးတာ မမှားဘူးလို့ ယုံကြည်နေပါတယ်။

” ကျနော် ပေါလ် (ပေါ့ဘာ)နဲ့ ဒီနေ့ အဲဒီအကြောင်းတွေ ပြောဖြစ်တယ်။ သူ့အနေနဲ့လည်း သူ မကစားရရင်၊ ကောင်းကောင်း မကစားနိုင်ရင် မပျော်ရွှင်နိုင်ဘူးပေါ့။ လောလောဆယ် သူ့ စွမ်းဆောင်ရည်တွေနဲ့ ပတ်သတ်ပြီး သူ မပျော်နိုင်ပါဘူး။ ဒါပေမယ့် သူက ပြင်သစ်မှာ ကစားတဲ့နေရာ အတိုင်းပဲ ကလပ်မှာ ကစားတာပါ။ ဒါက မတူညီတဲ့ အနေအထားမျိုး မဟုတ်ပါဘူး။

အခုက အရှိန်ကောင်း ရဖို့၊ ဟန်ချက် ညီလာဖို့ လိုနေတာပါပဲ။ ကျေနာ် အစောက ပြောခဲ့သလိုပဲ သူက ပေါ်တူဂီနဲ့ ပွဲမှာ တော်တော် ကောင်းတယ် ခံစားမိပေမယ့် ဆွီဒင်နဲ့ ပွဲမှာတော့ သိပ် အဆင် မပြေခဲ့ဘူး။ ဒါကလည်း ကိုဗစ် ရှိထားခဲ့တော့ သူ့မှာ အချိန် လိုပါတယ်။ ကျနော့် ကစားသမားတွေ အားလုံး ဒီလိုပါပဲ။ တဖြည်းဖြည်းမှ ပိုကောင်းလာတယ် အင်အား ပြည့်လာတယ်။ ပေါ့ဘာလည်း ဒီလို ဖြစ်လာမှာပါ။ ” လို့ ဆိုးရှားက ပြောဆိုခဲ့ပါတယ်။

” ကစားသမား တစ်ယောက် ဘယ်လို နေရာတွေမှာ ကစားနိုင်သလဲ ဆိုတဲ့ ဆွေးနွေးမှုတွေက အမြဲ ရှိနေတာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့မှာလည်း မတူညီဘဲ လုပ်နိုင်တာတွေ ရှိနေတယ်လေ။ သူတို့ ကစာနိုင်ကြလို့ ဖြစ်တယ်။ ပေါ့ဘာလည်း ဒီလိုတွေ လုပ်နိုင်ပါတယ်။ ဒါက အသင်း ဟန်ချက်ညီဖို့ပါ။ ပွဲထွက် ၁၁ ယောက်ရွေးပြီး ဒီလို ပွဲထုတ်ရတာ တကယ့် အရေးကြီးတဲ့ အသက်ပါပဲ။ တခါတလေ နံပါတ် ၈ နေရာ တခါတလေ ၁၀၊ တခါတလေ စိန်ပွင့်ပုံ ဘယ်ခြမ်း သူက အားလုံး လုပ်နိုင်ပါတယ်။ သူ ပို အံဝင်လာလေ ပိုလုပ်နိုင်လေ ဖြစ်ဦးမှာပါပဲ။ ” လို့ ဆိုးရှားက ပေါ့ဘာကို နေရာစုံ ပြောင်း ကစားစေနေတဲ့ အပေါ် ရှင်းလင်း ပြောကြားခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္အသင္း မန္ေနဂ်ာ ဆိုးရွားကေတာ့ နုိင္ငံပြဲေတြ အျပီး ကလပ္အသင္းထံ ျပန္လာတဲ့ ကြင္းလယ္ ကစားသမား ေပါ့ဘာကို ကာရင္တန္မွာ ေတြ႔ဆံု စကားေျပာဆိုထားျပီး ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။ ဒါ့အျပင္ ျပင္သစ္အသင္းနဲ႕ အတူ ရွိစဥ္က ေပါ့ဘာ တစ္ေယာက္ ကလပ္မွာ ကစားရတဲ့ ေနရာ အံမ၀င္လို႔ မေပ်ာ္ရႊင္ရဘူး ဆိုတဲ့ ျပင္သစ္ နည္းျပ ဒက္ခ်မ့္ ေျပာစကားေတြကိုလည္း ဆိုးရွားက တုန္႔ျပန္ ေျပာဆိုခဲ့ပါတယ္။

ေပါ့ဘာရဲ႕ မတည္ျငိမ္တဲ့ ေျခစြမ္းေတြက ကလပ္အသင္း ကြင္းလယ္မွာ အေကာင္းဆံုး သူ ကစားနိုင္တဲ့ ေနရာမွာ မကစားေနရလို႔ ဆိုျပီး ျပင္သစ္ နည္းျပ ဒက္ခ်မ့္က ေဆြးေႏြး ေျပာဆိုခဲ့ပါတယ္။ ယူနိုက္တက္ နည္းျပ ဆိုးရွားက ေပါ့ဘာကို ကြင္းလယ္မွာ အထိုင္ နွစ္ေယာက္ထဲက တစ္ေယာက္ အျဖစ္ ေနရာေပး ကစားေနျပီး စိန္ပြင့္ပံု အခင္းအက်င္းမွာေတာ့ ဘယ္ျခမ္း မွာ ထားခဲ့ပါတယ္။ ဆိုးရွားကေတာ့ ေပါ့ဘာကို ေနရာစံု ထား ကစားဖူးတာ မမွားဘူးလို႔ ယံုၾကည္ေနပါတယ္။

” က်ေနာ္ ေပါလ္ (ေပါ့ဘာ)နဲ႕ ဒီေန႔ အဲဒီအေၾကာင္းေတြ ေျပာျဖစ္တယ္။ သူ႔အေနနဲ႕လည္း သူ မကစားရရင္၊ ေကာင္းေကာင္း မကစားနိုင္ရင္ မေပ်ာ္ရႊင္နုိင္ဘူးေပါ့။ ေလာေလာဆယ္ သူ႔ စြမ္းေဆာင္ရည္ေတြနဲ႕ ပတ္သတ္ျပီး သူ မေပ်ာ္နုိင္ပါဘူး။ ဒါေပမယ့္ သူက ျပင္သစ္မွာ ကစားတဲ့ေနရာ အတိုင္းပဲ ကလပ္မွာ ကစားတာပါ။ ဒါက မတူညီတဲ့ အေနအထားမ်ိဳး မဟုတ္ပါဘူး။

အခုက အရွိန္ေကာင္း ရဖို႔၊ ဟန္ခ်က္ ညီလာဖို႔ လိုေနတာပါပဲ။ ကေ်နာ္ အေစာက ေျပာခဲ့သလိုပဲ သူက ေပၚတူဂီနဲ႕ ပြဲမွာ ေတာ္ေတာ္ ေကာင္းတယ္ ခံစားမိေပမယ့္ ဆြီဒင္နဲ႕ ပြဲမွာေတာ့ သိပ္ အဆင္ မေျပခဲ့ဘူး။ ဒါကလည္း ကိုဗစ္ ရွိထားခဲ့ေတာ့ သူ႔မွာ အခ်ိန္ လိုပါတယ္။ က်ေနာ့္ ကစားသမားေတြ အားလံုး ဒီလိုပါပဲ။ တျဖည္းျဖည္းမွ ပိုေကာင္းလာတယ္ အင္အား ျပည့္လာတယ္။ ေပါ့ဘာလည္း ဒီလို ျဖစ္လာမွာပါ။ ” လို႔ ဆိုးရွားက ေျပာဆိုခဲ့ပါတယ္။

” ကစားသမား တစ္ေယာက္ ဘယ္လို ေနရာေတြမွာ ကစားနိုင္သလဲ ဆိုတဲ့ ေဆြးေႏြးမႈေတြက အျမဲ ရွိေနတာပါ။ ဘာျဖစ္လို႔လဲ ဆိုေတာ့ သူတို႔မွာလည္း မတူညီဘဲ လုပ္နုိင္တာေတြ ရွိေနတယ္ေလ။ သူတို႔ ကစာနုိင္ၾကလို႔ ျဖစ္တယ္။ ေပါ့ဘာလည္း ဒီိလိုေတြ လုပ္နုိင္ပါတယ္။ ဒါက အသင္း ဟန္ခ်က္ညီဖို႔ပါ။ ပြဲထြက္ ၁၁ ေယာက္ေရြးျပီး ဒီလို ပြဲထုတ္ရတာ တကယ့္ အေရးၾကီးတဲ့ အသက္ပါပဲ။ တခါတေလ နံပါတ္ ၈ ေနရာ တခါတေလ ၁၀၊ တခါတေလ စိန္ပြင့္ပံု ဘယ္ျခမ္း သူက အားလံုး လုပ္နုိင္ပါတယ္။ သူ ပို အံ၀င္လာေလ ပိုလုပ္နုိင္ေလ ျဖစ္ဦးမွာပါပဲ။ ” လို႔ ဆိုးရွားက ေပါ့ဘာကို ေနရာစံု ေျပာင္း ကစားေစေနတဲ့ အေပၚ ရွင္းလင္း ေျပာၾကားခဲ့ပါတယ္။