ယူနိုက်တက်ရဲ့ ဘရာဇီးသား အစွန်ခံစစ်မမှူး အဲလက်စ် တဲလက်စ်ဟာ ဝက်စ်ဘရွန်းနဲ့ ပွဲမှာ ၎င်းအတွက် ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ပွဲထွက် ပါဝင်ကစားခွင့် ရခဲ့ပြီး ကောင်းမွန်တဲ့ ခြေစွမ်း ပြသနိုင်ခဲ့သလို အသင်းအတွက် ဂိုး မပေးရအောင် ကူညီနိုင်ခဲ့ပါတယ်။
တဲလက်စ်ဟာ အရပ် ၅ပေ ၁၁ လက်မသာ ရှိပေမယ့် ဝက်စ်ဘရွန်းနဲ့ ပွဲမှာ အံ့အားသင့်စရာ အဖြစ် လေထဲမှာ တစ်ဦးချင်း အမြင့်ဘော ယှဉ်ပြိုင်မှု လေးကြိမ်မှာ လေးကြိမ်လုံး အသာရရှိထားခဲ့ပါတယ်။ ဘောလုံး ဖြတ်လုယူမှုမှာလည်း ၂ ကြိမ်မှာ ၂ကြိမ်လုံး သာခဲ့တာကြောင့် ရာနှုန်းပြည့် အောင်မြင်ထားတယ် ဆိုရမှာပါ။
ဘောလုံး ပြန်ဆယ်မှုက ၁၁ ကြိမ် ပြုလုပ်ထားနိုင်ပြီး တိုက်စစ် လမ်းကြောင်း ဖြတ်ထုတ်မှု ၂ ကြိမ် ပြုလုပ်ထားပါတယ်။ ဒါ့အပြင် ပြိုင်ဘက် ဧရိယာထဲ ဘောလုံးပေးမှု ၂၅ ကြိမ် ပြုလုပ်ကာ ကန်သွင်းမှု ၂ ကြိမ်လည်း လုပ်ခဲ့တာကြောင့် တိုက်စစ်မှာလည်း ကောင်းစွာ ပါဝင်နိုင်တာ မြင်တွေ့ခဲ့ရပါတယ်။
တဲလက်စ်ကတော့ ၎င်းရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက်ကတော့ အံ့သြစရာကောင်းခဲ့ရကြောင်း ဆိုခဲ့ပြီး ပေးဂိုး မရှိနိုင်ပွဲ အတွက် ဝမ်းမြောက်နေပါတယ်။
” ပရီးမီးယားလိဂ် ပွဲဦးထွက် ပါဝင် ကစားရတဲ့ဖီလင်ကတော့ ပြောမပြတတ်အောင်ပါပဲ။ ကျေန်ာတို့ အတွက် သိပ် အရေးကြီးတဲ့ နိုင်ပွဲ တစ်ပွဲလည်း ရခဲ့တယ်။ အခုကတော့ နောက်တစ်ပွဲ နောက်ထပ် ရည်မှန်းချက် တစ်ခုဆို အာရုံအပြည့်စိုက်ရတော့မှာပါ။ ” လို့ ပွအြပြီးမှာ ဆိုခဲ့ပါတယ်။
ဝက်စ်ဘရွန်းနဲ့ ပွဲက တဲလက်စ် ခြေစွမ်းတွေက ခံစစ်ရော တိုက်စစ်မှာပါ ထိရောက် ကောင်းမွန်မှု ရှိတာ တွေ့ခဲ့ရပြီး လုခ်ရှော ထက် ပိုမို ကောင်းမွန်တဲ့ ခြေစွမ်းရှိသလား သုံးသပ်မှုတွေပါ ရှိနေကြပါတယ်။ ရှော တစ်ယောက် ဒဏ်ရာ ရချိန်မှာတော့ တဲလက်စ် ရှိနေတာက ယူနိုက်တက် အတွက် စိတ်မပူရတဲ့ အင်အား တစ်ရပ် ရှိလာခဲ့တာတော့ အမှန်ပဲ ဖြစ်ပါတယ်။
Zawgyi – ယူနိုက္တက္ရဲ႕ ဘရာဇီးသား အစြန္ခံစစ္မမွဴး အဲလက္စ္ တဲလက္စ္ဟာ ၀က္စ္ဘရြန္းနဲ႕ ပြဲမွာ ၄င္းအတြက္ ယူနိုက္တက္နဲ႕ ပရီးမီးယားလိဂ္ ပြဲထြက္ ပါ၀င္ကစားခြင့္ ရခဲ့ျပီး ေကာင္းမြန္တဲ့ ေျခစြမ္း ျပသနိုင္ခဲ့သလို အသင္းအတြက္ ဂိုး မေပးရေအာင္ ကူညီနုိင္ခဲ့ပါတယ္။
တဲလက္စ္ဟာ အရပ္ ၅ေပ ၁၁ လက္မသာ ရွိေပမယ့္ ၀က္စ္ဘရြန္းနဲ႔ ပြဲမွာ အံ့အားသင့္စရာ အျဖစ္ ေလထဲမွာ တစ္ဦးခ်င္း အျမင့္ေဘာ ယွဥ္ျပိဳင္မႈ ေလးၾကိမ္မွာ ေလးၾကိမ္လံုး အသာရရွိထားခဲ့ပါတယ္။ ေဘာလံုး ျဖတ္လုယူမႈမွာလည္း ၂ ၾကိမ္မွာ ၂ၾကိမ္လံုး သာခဲ့တာေၾကာင့္ ရာႏႈန္းျပည့္ ေအာင္ျမင္ထားတယ္ ဆိုရမွာပါ။
ေဘာလံုး ျပန္ဆယ္မႈက ၁၁ ၾကိမ္ ျပဳလုပ္ထားနုိင္ျပီး တိုက္စစ္ လမ္းေၾကာင္း ျဖတ္ထုတ္မႈ ၂ ၾကိမ္ ျပဳလုပ္ထားပါတယ္။ ဒါ့အျပင္ ျပိဳင္ဘက္ ဧရိယာထဲ ေဘာလံုးေပးမႈ ၂၅ ၾကိမ္ ျပဳလုပ္ကာ ကန္သြင္းမႈ ၂ ၾကိမ္လည္း လုပ္ခဲ့တာေၾကာင့္ တိုက္စစ္မွာလည္း ေကာင္းစြာ ပါ၀င္နုိင္တာ ျမင္ေတြ႔ခဲ့ရပါတယ္။
တဲလက္စ္ကေတာ့ ၄င္းရဲ႕ ပရီးမီးယားလိဂ္ ပြဲဦးထြက္ကေတာ့ အံ့ၾသစရာေကာင္းခဲ့ရေၾကာင္း ဆိုခဲ့ျပီး ေပးဂိုး မရွိနိုင္ပြဲ အတြက္ ၀မ္းေျမာက္ေနပါတယ္။
” ပရီးမီးယားလိဂ္ ပြဲဦးထြက္ ပါ၀င္ ကစားရတဲ့ဖီလင္ကေတာ့ ေျပာမျပတတ္ေအာင္ပါပဲ။ ကေ်န္ာတို႔ အတြက္ သိပ္ အေရးၾကီးတဲ့ နုိင္ပြဲ တစ္ပြဲလည္း ရခဲ့တယ္။ အခုကေတာ့ ေနာက္တစ္ပြဲ ေနာက္ထပ္ ရည္မွန္းခ်က္ တစ္ခုဆို အာရံုအျပည့္စိုက္ရေတာ့မွာပါ။ ” လို႔ ပြျအျပီးမွာ ဆိုခဲ့ပါတယ္။
၀က္စ္ဘရြန္းနဲ႕ ပြဲက တဲလက္စ္ ေျခစြမ္းေတြက ခံစစ္ေရာ တိုက္စစ္မွာပါ ထိေရာက္ ေကာင္းမြန္မႈ ရွိတာ ေတြ႔ခဲ့ရျပီး လုခ္ေရွာ ထက္ ပိုမို ေကာင္းမြန္တဲ့ ေျခစြမ္းရွိသလား သံုးသပ္မႈေတြပါ ရွိေနၾကပါတယ္။ ေရွာ တစ္ေယာက္ ဒဏ္ရာ ရခ်ိန္မွာေတာ့ တဲလက္စ္ ရွိေနတာက ယူနိုက္တက္ အတြက္ စိတ္မပူရတဲ့ အင္အား တစ္ရပ္ ရွိလာခဲ့တာေတာ့ အမွန္ပဲ ျဖစ္ပါတယ္။