ဒီည အစ္စတန်ဘူလ် အသင်းကို ရှုံးကြွေးဆပ်မှ ဖြစ်မယ့် မန်ချက်စတာ ယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီညမှာ အစ္စတန်ဘူလ် ဘက်ရှီးယား အသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး ပထမ အကျော့က အဝေးကွင်းရှုံးပွဲကို အိုးထရက်ဖို့ဒ်မှာ ပြန်ချေနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ယူနိုက်တက်က အုပ်စု ပွဲတွေမှာ ပီအက်စ်ဂျီနဲ့ လိုက်ပ်ဇစ်ကို အနိုင်ကန်ထားပေမယ့် တူရကီကလပ်ကို ၂-၁ နဲ့ မထင်မှတ်ဘဲ အရေးနိမ့်ထားပြီး လက်ရှိ အုပ်စု ရပ်တည်မှုမှာတော့ လိုက်ပ်ဇစ်နဲ့ အမှတ်တူ ဂိုးကွာခြားချက် အသာနဲ့ အုပ်စု ပထမနေရာမှာ ရှိနေပါတယ်။
ပီအက်စ်ဂျီနဲ့ အစ္စတန်ဘူလ် ဘက်ရှီးယား အသင်းတို့ကတော့ အုပ်စု တတိယနဲ့ စတုတ္ထနေရာတွေမှာ သုံးမှတ်စီနဲ့ ရပ်တည်နေပါတယ်။ ဘက်ရှီးယားက အုပ်စုတွင်း ပေးဂိုး ၅ ဂိုး ရှိထားပြိး ၂ဂိုးသွင်းထားကာ ၎င်းတို့ ရတဲ့ သွင်းဂိုးနဲ့ ရမှတ်တွေက ယူနိုက်တက်နဲ့ ပွဲကနေ ရထားတာ ဖြစ်ပါတယ်။
ပွဲမတိုင်ခင် ဒဏ်ရာရစာရင်းမှာတော့ ယူနိုက်တက် ဘက်က ဒဏ်ရာ ကင်းစင်သလောက် ရှိထားပြီး အသစ် မရှိဘူးလို့ သိရပါတယ်။ ကိုဗစ်လူနာ တစ်ဦးနဲ့ ထိစပ်မှု ရှိထားတဲ့ လင်ဂတ်ကတော့ သီးသန့် ခွဲနေရတာ ရှိနေပြီး လုခ်ရှော၊ ဘိုင်လီနဲ့ ဖီးလ် ဂျုံးစ်ကတော့ ပါဝင်နိုင်သီးမှာ မဟုတ်ပါဘူး။ ဒီပွဲမှာ ပါဝင်ဖို့ မသေချာတာကတော့ လင်ဒီလော့ဖ် ရှိနေပြီး နောက်ကျောဒဏ်ရာကြောင့် ဒီတလောပွဲတွေမှာ ရုန်းကန်ရမှု ရှိထားပါတယ်။ ၎င်းနေရာမှာ တူရမ်ဇီဘီ ပါဝင်နိုင်ဖွယ် ရှိပါတယ်။ အစ္စတန်ဘူလ်အသင်း ဘက်မှာတော့ ကစားသမား နှစ်ဦး ဒဏ်ရာ ရှိနေတာကလွဲလု့ိ အားလုံး အသင့် ရှိနေပါတယ်။
ယူနိုက်တက်ရဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်များ
  • Manchester United 1-0 West Bromwich Albion
  • Everton 1-3 Manchester United
  • Istanbul Basaksehir 2-1 Manchester United – Champions League
  • Manchester United 0-1 Arsenal
  • Manchester United 5-0 RB Leipzig – Champions League
အစ္စတန်ဘူလ် ဘက်ရှီးယားရဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်များ
  • Besiktas 3-2 Istanbul Basaksehir
  • Istanbul Basaksehir 1-3 Istanbulspor
  • Istanbul Basaksehir 2-1 Gençlerbirliği
  • Istanbul Basaksehir 2-1 Manchester United – Champions League
  • Konyaspor 1-2 Istanbul Basaksehir
ဒီနှစ်သင်းရဲ့ ထိပ်တိုက်ဆုံမှုက ကလပ်အသင်းတွေ သမိုင်းတလျောက် ပြီးခဲ့တဲ့ ပထမအကျော့ ပွဲကသာ ဆုံခဲ့ဖူးတာ ဖြစ်ပါတယ်။ ထိုပွဲမှာတော့ တူရကီကလပ်က အမှတ်ပြည့် ယူထားခဲ့တာပါ။ ယူနိုက်တက် အနေနဲ့ အုပ်စုကြပ်ကနေ နောက်တစ်ဆင့်ကို အေးအေးဆေးဆေးတက်ရောက်နိုင်ဖို့ရော ပထမအကျော့က ရှုံးကြွေးဆပ်ဖို့ အတွက်ပါ ဒီညမှာတော့ အစ္စတန်ဘူလ် ဘက်ရှီးယား အသင်းကို အနိုင် အရယူသွားဖွယ် ရှိပါတယ်။