စပါးနဲ့ ပတ်သတ်လို့ ချယ်ဆီး အသင်းသားတွေအား နည်းပြလမ်းပတ် မှာကြားထားမှုတွေကို မောင့် ဖွင့်ဟ

လာမယ့် တနင်္ဂနွေနေ့ ရင်ဆိုင်ကစားရမယ့် စပါးအသင်းနဲ့ ပွဲစဉ်နဲ့ ပတ်သတ်ပြီး ချယ်ဆီးနည်းပြ လမ်းပတ်က ဘယ်လောက် အရေးကြီးတဲ့ ပွဲ ဖြစ်ကြောင်း အသင်းသားတွေအား မှာကြားထားမှုတွေကို ချယ်ဆီး ကွင်းလယ်သမား မေဆန်မောင့်က ထုတ်ဖော် ပြောဆိုမှုတွေ ပြုလုပ်လာပါတယ်။ အင်္ဂါနေ့ညက ရင်းနက်စ်ကို ဥရောပ နိုင်ပွဲရထားတဲ့ ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်မှာ လန်ဒန်မြို့ခံ တစ်သင်း ဖြစ်တဲ့ တော့တင်ဟမ် စပါးအသင်းနဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

မေဆန်မောင့်ဟာ ရင်းနက်စ်နဲ့ ပွဲမှာ အိုဒွိုင်းရဲ့ အဖွင့်ဂိုးအတွက် ဂိုးဖန်တီး ထောက်ပံ့မှု ပြုလုပ်ပေးထားပါတယ်။ ဂိုးရအပြီး မိနစ်ပိုင်းမှာပဲ ပြင်သစ်ကလပ်အသင်းဘက် ချေပဂိုး ပြန်ခွင့်ပြုခဲ့ရပေမယ့် ပွဲပြီးခါနီ ဂျီရူး အနိုင် ဂိုးကြောင့် ချယ်ဆီးအသင်းတို့ နိုင်ပွဲ ရခဲ့ပါတယ်။

ဥရောပ နိုင်ပွဲကနေ အရှိန်ကောင်း ဆက်ယူပြီး လက်ရှိ အမှတ်ပေးဇယားမှာ နှစ်မှတ်သာ ကွာနေတဲ့ စပါးကို ချယ်ဆီးအသင်းက ဆက်လက်နိုင်ယူဖို့ နည်းပြ လမ်းပတ်က ပစ်မှတ်ထားနေပါတယ်။ ချယ်ဆီး အသင်းသားတွေက စပါးအသင်း ခြိမ်းခြောက်နိုင်စွမ်းကိုလည်း ကောင်းစွာ သဘောပေါက်ထားကြောင့် မောင့်က ဆိုပါတယ်။

” စပါးနဲ့ ပွဲ ဘယ်လောက် အရေးကြီးလဲ ဆိုတာ အားလုံး သိကြပါတယ်။ ဘော့စ်ကလည်း အသင်းသားတွေ အားလုံး ဒီပွဲ ဘယ်လို ပွဲကြီးလဲ သဘောပေါက်အောင် ပြောထားတယ်။ ကျနော်တို့ အသင်းသားတွေ အကုန် ဒီပွဲ အရေးပါတာကို သိထားပြီး ဖြစ်လို့ နိုင်လိုစိတ်အပြည့် ယုံကြည်မှု ရှိရှိနဲ့ ကစားသွားမှာပါ။ ခုတော ကျေနာ်တို့ လုပ်ပြနေသလိုပဲ ဆက်လုပ်သွားမယ်။ ဘာမှ ပြောင်းသွား လျော့သွားမှာ မဟုတ်ပါဘူး။

ဒီပွဲက ဘယ်လောက် အရေးကြီးလဲ သိသလို ဘယ်လောက် ခက်ခဲမယ် ဆိုတာပါ ကျနော်တို့ ကောင်းကောင်း သိတယ်။ ဒါပေမယ့် ကျနေ်ာတို့က အသင့်ပါပဲ။ ယုံကြည်မှု ရှိရှိနဲ့ ရင်ဆိုင် တိုက်ခိုက်သွားဖို့ အသင့် ရှိနေပြီ။ ” လို့ မောင့်က ပြောဆိုထားပါတယ်။

လက်ရှိ အမှတ်ပေးဇယားမှာ စပါးက ပထမနေရာ ရှိနေပြီး အဆင့် ၂ မှာ လီဗာပူးကလည်း အမှတ်တူ ပူးတွဲ ရှိနေကာ ချယ်ဆီးအသင်းကတော့ နှစ်မှတ် အကွာနဲ့ တတိယ နေရာမှာ ရှိနေတာ ဖြစ်လို့ စပါးကို အနိုင်ရရင် မြို့ခံ ပြိုင်ဘက်ကို အမှတ်ပေးဇယားမှာ ကျော်ဖြတ် ရပ်တည်နိုင်ဖို့ ရှိနေပါတယ်။

Zawgyi – လာမယ့္ တနဂၤေႏြေန႔ ရင္ဆိုင္ကစားရမယ့္ စပါးအသငး္နဲ႕ ပြဲစဥ္နဲ႕ ပတ္သတ္ျပီး ခ်ယ္ဆီးနည္းျပ လမ္းပတ္က ဘယ္ေလာက္ အေရးၾကီးတဲ့ ပြဲ ျဖစ္ေၾကာင္း အသင္းသားေတြအား မွာၾကားထားမႈေတြကို ခ်ယ္ဆီး ကြင္းလယ္သမား ေမဆန္ေမာင့္က ထုတ္ေဖာ္ ေျပာဆိုမႈေတြ ျပဳလုပ္လာပါတယ္။ အဂၤါေန႔ညက ရင္းနက္စ္ကို ဥေရာပ နုိင္ပြဲရထားတဲ့ ခ်ယ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္မွာ လန္ဒန္ျမိဳ႔ခံ တစ္သင္း ျဖစ္တဲ့ ေတာ့တင္ဟမ္ စပါးအသင္းနဲ႕ ယွဥ္ျပိဳင္ရဖို႔ ရွိေနပါတယ္။

ေမဆန္ေမာင့္ဟာ ရင္းနက္စ္နဲ႕ ပြဲမွာ အိုဒြိဳင္းရဲ႕ အဖြင့္ဂိုးအတြက္ ဂိုးဖန္တီး ေထာက္ပံ့မႈ ျပဳလုပ္ေပးထားပါတယ္။ ဂိုးရအျပီး မိနစ္ပိုင္းမွာပဲ ျပင္သစ္ကလပ္အသင္းဘက္ ေခ်ပဂိုး ျပန္ခြင့္ျပဳခဲ့ရေပမယ့္ ပြဲျပီးခါနီ ဂ်ီရူး အနိုင္ ဂိုးေၾကာင့္ ခ်ယ္ဆီးအသင္းတို႔ နုိင္ပြဲ ရခဲ့ပါတယ္။

ဥေရာပ နုိင္ပြဲကေန အရွိန္ေကာင္း ဆက္ယူျပီး လက္ရွိ အမွတ္ေပးဇယားမွာ နွစ္မွတ္သာ ကြာေနတဲ့ စပါးကို ခ်ယ္ဆီးအသင္းက ဆက္လက္နိုင္ယူဖို႔ နည္းျပ လမ္းပတ္က ပစ္မွတ္ထားေနပါတယ္။ ခ်ယ္ဆီး အသင္းသားေတြက စပါးအသင္း ျခိမ္းေျခာက္နုိင္စြမ္းကိုလည္း ေကာင္းစြာ သေဘာေပါက္ထားေၾကာင့္ ေမာင့္က ဆိုပါတယ္။

” စပါးနဲ႕ ပြဲ ဘယ္ေလာက္ အေရးၾကီးလဲ ဆိုတာ အားလံုး သိၾကပါတယ္။ ေဘာ့စ္ကလည္း အသင္းသားေတြ အားလံုး ဒီပြဲ ဘယ္လို ပြဲၾကီးလဲ သေဘာေပါက္ေအာင္ ေျပာထားတယ္။ က်ေနာ္တို႔ အသင္းသားေတြ အကုန္ ဒီပြဲ အေရးပါတာကို သိထားျပီး ျဖစ္လို႔ နုိင္လိုစိတ္အျပည့္ ယံုၾကည္မႈ ရွိရွိနဲ႕ ကစားသြားမွာပါ။ ခုေတာ ကေ်နာ္တို႔ လုပ္ျပေနသလိုပဲ ဆက္လုပ္သြားမယ္။ ဘာမွ ေျပာင္းသြား ေလ်ာ့သြားမွာ မဟုတ္ပါဘူး။

ဒီပြဲက ဘယ္ေလာက္ အေရးၾကီးလဲ သိသလို ဘယ္ေလာက္ ခက္ခဲမယ္ ဆိုတာပါ က်ေနာ္တုိ႔ ေကာင္းေကာင္း သိတယ္။ ဒါေပမယ့္ က်ေန္ာတို႔က အသင့္ပါပဲ။ ယံုၾကည္မႈ ရွိရွိနဲ႕ ရင္ဆိုင္ တိုက္ခိုက္သြားဖို႔ အသင့္ ရွိေနျပီ။ ” လို႔ ေမာင့္က ေျပာဆိုထားပါတယ္။

လက္ရွိ အမွတ္ေပးဇယားမွာ စပါးက ပထမေနရာ ရွိေနျပီး အဆင့္ ၂ မွာ လီဗာပူးကလည္း အမွတ္တူ ပူးတြဲ ရွိေနကာ ခ်ယ္ဆီးအသင္းကေတာ့ နွစ္မွတ္ အကြာနဲ႕ တတိယ ေနရာမွာ ရွိေနတာ ျဖစ္လို႔ စပါးကို အနုိင္ရရင္ ျမိဳ႔ခံ ျပိဳင္ဘက္ကို အမွတ္ေပးဇယားမွာ ေက်ာ္ျဖတ္ ရပ္တည္နုိင္ဖို႔ ရွိေနပါတယ္။