ချယ်ဆီး ပရိသတ်တွေ စိတ်ပူနေကြတဲ့ ခြေကျင်းဝတ် အခြေအနေနဲ့ ပတ်သတ်ပြီး အသိပေးခဲ့တဲ့ ဘန်ချေးဝဲလ်

ချယ်ဆီးအသင်းရဲ့ ဘယ်စွန်ခံစစ်သမား ဘန်ချေးဝဲလ်ဟာ စပါးနဲ့ ကစားတဲ့ လန်ဒန်ဒါဘီပွဲ မှာ ခြေကျင်းဝတ် အနည်းငယ် ထိခိုက်ခဲ့တာကြောင့် ၎င်း အခြေအနေကို ပရိသတ်များ စိုးရိမ်မှုတွေ ရှိခဲ့ကြပါတယ်။ ချေးဝဲလ်ကတော့ သူ့ ခြေကျင်းဝတ် အခြေအနေ မဆိုးလှဘဲ ကြားရက် ချန်ပီယံလိဂ် ပွဲမှာတောင် ပြန် ကစားနိုင်ဖို့ ယုံကြည်ကြောင်း ပွဲ အပြီးမှာ ဆိုခဲ့ပါတယ်။

အင်္ဂလန်သား ဟာ တနင်္ဂနွေနေ့ စတန်းဖို့ဘရစ်ချ်က လန်ဒန် ဒါဘီပွဲ အပြီးမှာ အနည်းငယ် ထောင့်နင်းနင်း ဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ လျှောထိုးမှု တစ်ချက်က ခြေကျင်းဝတ်ကို ထိသွားခဲ့တာ ဖြစ်ပြီး ချေးဝဲလ်က မိနစ် ၉၀ ပြည့်တော့ ဆက်လက် ပါဝင် ကစားသွားပါတယ်။

၎င်းကတော့ နောက်ဆက်တွဲ ဒဏ်ရာဖြစ်တာမျိုး ကျန်မှာ မဟုတ်ဘူးလို့ ယူဆထားပါတယ်။ ချေးဝဲလ်ဟာ ချယ်ဆီးအသင်းထံ ရောက်စကလည်း ခြေကျင်းဝတ် ဒဏ်ရာကြောင့် မပါဝင်နိုင်ဘဲ ရှိခဲ့ရပါသေးတယ်။

” ကျနော် ရှေ့ဆက် ပါဝင်ကစားနိုင်ဖို့ သိပ် ဆန္ဒ ပြင်းပြခဲ့တယ်။ ကံကောင်းစွာပဲ ပြေးလွှားပြီး ဆက်လုပ်နိုင်ခဲ့တယ်။ အခုက ကောင်းနေပါပြီ။ ကျနော်ကတော့ ခြေထောက် ပြန် သက်သာလာပြီး ကြားရက် ချန်ပီယံလိဂ် ပွဲမှာ ပါဝင် ကစားနိုင်ဖို့ထိပါ မျှော်လင့်ပါတယ်။

ထိပ်တန်းအဆင့်မှာ ပြိုင်ဆိုင်ရရင် ပြိုင်ဘက်ကို အမှတ် လုံး၀ ခွဲပေးချင်မှာ မဟုတ်ပါဘူး သူတို့ဘက်ကလည်း ဒီလိုပဲ ရှိမှာပါ။ ကျနေ်ာတို့လည်း နိုင်ချင်ပါတယ်။ ဒါပေမယ့် သရေ ဖြစ်လာတဲ့ ရလဒ်ကို လက်ခံရမှာပါ။ ဒီပွဲက ကြည့်လို့ ကောင်း မကောင်းတော့ ကျနော်လည်း မသိပါဘူး။ ဒါပေမယ့် ကွင်းထဲမှာတော့ တကယ့် အကြိတ်အနယ်ပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ တကယ့် အသင်းကောင်း နှစ်သင်း က နည်းစနစ်အရ အားပြိုင်ပြီး ကောင်းမွန်စွာ ကစားသွားကြတာပါ။ ” လို့ ချေးဝဲလ်က ဆိုခဲ့ပါတယ်။

ဖရန့်လမ်းပတ်ရဲ့ ချယ်ဆီးအသင်းဟာ ဗုဒ္ဓဟူးနေ့မှာ ဆီဗီလာ အသင်းနဲ့ ဥရောပ ချန်ပီယံလိဂ်ပွဲ ကစားဖို့ ရှိနေပါတယ်။ ဒီတနင်္ဂနွေ စပါးနဲ့ ပွဲမှာ အနိုင် မကစားနိုင်ခဲ့တာကြောင့် ချယ်ဆီး အသင်းဟာ လန်ဒန်မြို့ခံ ပြိုင်ဘက်ရော လက်ရှိ ချန်ပီယံ လီဗာပူးအသင်းကိုပါ အမှတ်ပေးဇယားမှာ ကျော်တက်ခွင့် လက်လွှတ်ခဲ့ရပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းရဲ႕ ဘယ္စြန္ခံစစ္သမား ဘန္ေခ်း၀ဲလ္ဟာ စပါးနဲ႕ ကစားတဲ့ လန္ဒန္ဒါဘီပြဲ မွာ ေျခက်င္း၀တ္ အနည္းငယ္ ထိခိုက္ခဲ့တာေၾကာင့္ ၄င္း အေျခအေနကို ပရိသတ္မ်ား စိုးရိမ္မႈေတြ ရိွခဲ့ၾကပါတယ္။ ေခ်း၀ဲလ္ကေတာ့ သူ႔ ေျခက်င္း၀တ္ အေျခအေန မဆိုးလွဘဲ ၾကားရက္ ခ်န္ပီယံလိဂ္ ပြဲမွာေတာင္ ျပန္ ကစားနုိင္ဖို႔ ယံုၾကည္ေၾကာင္း ပြဲ အျပီးမွာ ဆိုခဲ့ပါတယ္။

အဂၤလန္သား ဟာ တနဂၤေႏြေန႔ စတန္းဖို႔ဘရစ္ခ်္က လန္ဒန္ ဒါဘီပြဲ အျပီးမွာ အနည္းငယ္ ေထာင့္နင္းနင္း ျဖစ္ခဲ့ပါတယ္။ ဒုတိယပိုင္းမွာ ေလွ်ာထိုးမႈ တစ္ခ်က္က ေျခက်င္း၀တ္ကို ထိသြားခဲ့တာ ျဖစ္ျပီး ေခ်း၀ဲလ္က မိနစ္ ၉၀ ျပည့္ေတာ့ ဆက္လက္ ပါ၀င္ ကစားသြားပါတယ္။

၄င္းကေတာ့ ေနာက္ဆက္တြဲ ဒဏ္ရာျဖစ္တာမ်ိဳး က်န္မွာ မဟုတ္ဘူးလို႔ ယူဆထားပါတယ္။ ေခ်း၀ဲလ္ဟာ ခ်ယ္ဆီးအသင္းထံ ေရာက္စကလည္း ေျခက်င္း၀တ္ ဒဏ္ရာေၾကာင့္ မပါ၀င္နုိင္ဘဲ ရွိခဲ့ရပါေသးတယ္။

” က်ေနာ္ ေရွ႕ဆက္ ပါ၀င္ကစားနုိင္ဖို႔ သိပ္ ဆႏၵ ျပင္းျပခဲ့တယ္။ ကံေကာင္းစြာပဲ ေျပးလႊားျပီး ဆက္လုပ္နုိင္ခဲ့တယ္။ အခုက ေကာင္းေနပါျပီ။ က်ေနာ္ကေတာ့ ေျခေထာက္ ျပန္ သက္သာလာျပီး ၾကားရက္ ခ်န္ပီယံလိဂ္ ပြဲမွာ ပါ၀င္ ကစားနုိင္ဖို႔ထိပါ ေမွ်ာ္လင့္ပါတယ္။

ထိပ္တန္းအဆင့္မွာ ျပိဳင္ဆိုင္ရရင္ ျပိဳင္ဘက္ကို အမွတ္ လံုး၀ ခဲြေပးခ်င္မွာ မဟုတ္ပါဘူး သူတို႔ဘက္ကလည္း ဒီလိုပဲ ရွိမွာပါ။ က်ေန္ာတို႔လည္း နုိင္ခ်င္ပါတယ္။ ဒါေပမယ့္ သေရ ျဖစ္လာတဲ့ ရလဒ္ကို လက္ခံရမွာပါ။ ဒီပြဲက ၾကည့္လို႔ ေကာင္း မေကာင္းေတာ့ က်ေနာ္လည္း မသိပါဘူး။ ဒါေပမယ့္ ကြင္းထဲမွာေတာ့ တကယ့္ အၾကိတ္အနယ္ပါပဲ။ ဘာျဖစ္လို႔လဲ ဆိုေတာ့ တကယ့္ အသငး္ေကာင္း နွစ္သင္း က နည္းစနစ္အရ အားျပိဳင္ျပီး ေကာင္းမြန္စြာ ကစားသြားၾကတာပါ။ ” လို႔ ေခ်း၀ဲလ္က ဆိုခဲ့ပါတယ္။

ဖရန္႔လမ္းပတ္ရဲ႕ ခ်ယ္ဆီးအသင္းဟာ ဗုဒၶဟူးေန႔မွာ ဆီဗီလာ အသင္းနဲ႕ ဥေရာပ ခ်န္ပီယံလိဂ္ပြဲ ကစားဖို႔ ရွိေနပါတယ္။ ဒီတနဂၤေႏြ စပါးနဲ႕ ပြဲမွာ အနုိင္ မကစားနိုင္ခဲ့တာေၾကာင့္ ခ်ယ္ဆီး အသင္းဟာ လန္ဒန္ျမိဳ႔ခံ ျပိဳင္ဘက္ေရာ လက္ရွိ ခ်န္ပီယံ လီဗာပူးအသင္းကိုပါ အမွတ္ေပးဇယားမွာ ေက်ာ္တက္ခြင့္ လက္လႊတ္ခဲ့ရပါတယ္။