အာဆင်နယ်အသင်းဟာ မနေ့က ပရီးမီးယားလိဂ် ပွဲမှာ ဝုဗ်ကို အိမ်ကွင်း အမ်းမရိတ်မှာတင် ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီး မှတ်တမ်းဆိုးတွေ ပိုက်သွားခဲ့ရပါတယ်။ ၁၉၈၁ နောက်ပိုင်း အဆိုးဆုံး အနေအထားကို ရင်ဆိုင်နေရတဲ့ လက်ရှိ အာဆင်နယ်ဟာ လုံလောက် ကောင်းမွန်မှု မရှိဘဲ ကစားတာ ပျော့လွန်းတယ်လို့ ယူနိုက်တက် ဂန္တဝင် ရွိုင်ကိန်းက ထောက်ပြ ပြောဆိုခဲ့ပါတယ်။
ဝုဗ်ကို အရေးနိမ့်ပြီးနောက် အမှတ်ပေးဇယားမှာ အာဆင်နယ်အသင်း ရပ်တည်မှုက အဆင့် ၁၄ မှာ ရှိနေပြီး ဝုဗ်ကတော့ အဆင့် ၆ မှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ပွဲအပြီး စကိုင်းစပေါ့ အစီအစဉ်မှာတော့ ရွိုင်ကိန်းက အာဆင်နယ် အသင်းသားတွေရဲ့ လိုအပ်ချက်တွေ အကြောင်း သုံးသပ်ခဲ့ပါတယ်။
” ကျနော်ကတော့ အာဆင်နယ်အသင်းသားတွေက လုံလောက် ကောင်းမွန်မှု မရှိဘူးထင်တယ်။ သူတို့က ခပ်ပျော့ပျော့ ဖြစ်နေတယ်။ ယူနိုက်တက်နဲ့ ပွဲတုန်းက စွမ်းဆောင်ရည် ကောင်းချိန်မှာ အသင်းကို တွန်းအားပေးသူတွေ ရှိခဲ့ပေမယ့် အဲဒီနောက်ပိုင်း ရမှတ် တစ်မှတ်သာ ရှိပြီး ၂ ပွဲ ရှုံးထားပါတယ်။ သူတို့ ကစားတာက ပျော့လွန်းနေတယ် ယုံကြည်မှုတွေ ပျောက်ဆုံးနေတာလည်း ဖြစ်နိုင်ပါတယ်။
မန်နေဂျာက အားကုန်တိုက်ဖို့ လှုံ့ဆော်နိုင်တာ မတွေ့ဘူး၊ ဒီပွဲကနေ ရလဒ်ကောင်း ယူမယ် ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုတွေ မတွေ့ရဘူး။ တခါတလေ အသင်းတွေက ကစားတာ လိုအပ်ချက်တွေ ရှိလည်း ရလဒ်ကောင်း ယူဖို့ နည်းလမ်း ရအောင် ရှာသွားတာတွေ ရှိပါတယ်။ ဒါပေမယ့် ဒီကစားသမားတွေမှာတော့ အဲဒီလို နည်းလမ်းလည်း တွေ့ဖို့ မမြင်ပါဘူး။ သူတို့က ပျော့လွန်းနေတယ်။ ” လို့ ရွိုင်ကိန်းက ဆိုပါတယ်။
ချယ်ဆီး ကစားသမားဟောင်း ဟက်ဆယ်ဘိန့်ကလည်း ရွိုင်ကိန်း အဆိုကို ထောက်ခံခဲ့ပြီး အာဆင်နယ် အသင်း လူစာရင်းမှာ အရည်အချင်းကောင်းတွေ မရှိဘူးလို့ ဆွေးနွေးသွားခဲ့ပါတယ်။ ကစားသမားတွေရဲ့ ကိုယ်ရည်ကိုယ်သွေးပိုင်းက အာဆင်နယ်မှာ ပြသနာကြီး ဖြစ်နေပြီလို့လည်း ၎င်းက သတိပေးခဲ့ပါတယ်။
Zawgyi – အာဆင္နယ္အသင္းဟာ မေန႔က ပရီးမီးယားလိဂ္ ပြဲမွာ ၀ုဗ္ကို အိမ္ကြင္း အမ္းမရိတ္မွာတင္ ၂-၁ နဲ႕ ရွံဳးနိမ့္ခဲ့ျပီး မွတ္တမ္းဆိုးေတြ ပိုက္သြားခဲ့ရပါတယ္။ ၁၉၈၁ ေနာက္ပိုင္း အဆိုးဆံုး အေနအထားကို ရင္ဆိုင္ေနရတဲ့ လက္ရွိ အာဆင္နယ္ဟာ လံုေလာက္ ေကာင္းမြန္မႈ မရွိဘဲ ကစားတာ ေပ်ာ့လြန္းတယ္လို႔ ယူနိုက္တက္ ဂႏၱ၀င္ ရြိဳင္ကိန္းက ေထာက္ျပ ေျပာဆိုခဲ့ပါတယ္။
၀ုဗ္ကို အေရးနိမ့္ျပီးေနာက္ အမွတ္ေပးဇယားမွာ အာဆင္နယ္အသင္း ရပ္တည္မႈက အဆင့္ ၁၄ မွာ ရွိေနျပီး ၀ုဗ္ကေတာ့ အဆင့္ ၆ မွာ ရပ္တည္နုိင္ခဲ့ပါတယ္။ ပြဲအျပီး စကိုင္းစေပါ့ အစီအစဥ္မွာေတာ့ ရြိဳင္ကိန္းက အာဆင္နယ္ အသင္းသားေတြရဲ႕ လိုအပ္ခ်က္ေတြ အေၾကာင္း သံုးသပ္ခဲ့ပါတယ္။
” က်ေနာ္ကေတာ့ အာဆင္နယ္အသင္းသားေတြက လံုေလာက္ ေကာင္းမြန္မႈ မရွိဘူးထင္တယ္။ သူတို႔က ခပ္ေပ်ာ့ေပ်ာ့ ျဖစ္ေနတယ္။ ယူနိုက္တက္နဲ႕ ပြဲတုန္းက စြမ္းေဆာင္ရည္ ေကာင္းခ်ိန္မွာ အသင္းကို တြန္းအားေပးသူေတြ ရွိခဲ့ေပမယ့္ အဲဒီေနာက္ပိုင္း ရမွတ္ တစ္မွတ္သာ ရွိျပီး ၂ ပြဲ ရွံဳးထားပါတယ္။ သူတို႔ ကစားတာက ေပ်ာ့လြန္းေနတယ္ ယံုၾကည္မႈေတြ ေပ်ာက္ဆံုးေနတာလည္း ျဖစ္နုိင္ပါတယ္။
မန္ေနဂ်ာက အားကုန္တိုက္ဖို႔ လွံဳ႕ေဆာ္နုိင္တာ မေတြ႔ဘူး၊ ဒီပြဲကေန ရလဒ္ေကာင္း ယူမယ္ ဆိုတဲ့ စိတ္ပိုင္းျဖတ္မႈေတြ မေတြ႔ရဘူး။ တခါတေလ အသင္းေတြက ကစားတာ လိုအပ္ခ်က္ေတြ ရွိလည္း ရလဒ္ေကာင္း ယူဖို႔ နည္းလမ္း ရေအာင္ ရွာသြားတာေတြ ရွိပါတယ္။ ဒါေပမယ့္ ဒီကစားသမားေတြမွာေတာ့ အဲဒီလို နည္းလမ္းလည္း ေတြ႔ဖို႔ မျမင္ပါဘူး။ သူတို႔က ေပ်ာ့လြန္းေနတယ္။ ” လို႔ ရြိဳင္ကိန္းက ဆိုပါတယ္။
ခ်ယ္ဆီး ကစားသမားေဟာင္း ဟက္ဆယ္ဘိန္႔ကလည္း ရြိဳင္ကိန္း အဆိုကို ေထာက္ခံခဲ့ျပီး အာဆင္နယ္ အသင္း လူစာရင္းမွာ အရည္အခ်င္းေကာင္းေတြ မရွိဘူးလို႔ ေဆြးေႏြးသြားခဲ့ပါတယ္။ ကစားသမားေတြရဲ႕ ကိုယ္ရည္ကိုယ္ေသြးပိုင္းက အာဆင္နယ္မွာ ျပသနာၾကီး ျဖစ္ေနျပီလုိ႔လည္း ၄င္းက သတိေပးခဲ့ပါတယ္။