ယူနိုက်တက်၊ ချယ်ဆီးနဲ့ စပါးတို့ အပြိုင် ခေါ်ယူလိုခြင်း ခံနေရတဲ့ ပရီးမီးယားလိဂ် ခံစစ်မှူး

ပရီးမီးယားလိဂ် ထိပ်သီး အသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်၊ ချယ်ဆီးနဲ့ တော့တင်ဟမ် စပါးအသင်းတို့ဟာ ဘရိုက်တန် အသင်းမှ ခံစစ်မှူး ဘန်ဝှိုက်ကို ခေါ်ယူဖို့ အပြိုင် စိတ်ဝင်စားနေကြပါတယ်။

အသက် ၂၃ နှစ် ရှိပြီ ဖြစ်တဲ့ ဘန်ဝှိုက်က ပြီးခဲ့တဲ့ရာသီ လိဒ်ယူနိုက်တက်မှာ သွားရောက် ကစားကာ ခြေစွမ်းပြခဲ့ပြီး ကလပ်အသင်းကို တန်းတက်လာအောင် ကူညီနိုင်ခဲ့သလို ဒီရာသီ ဘရိုက်တန်သို့ ပြန်သွားပြီး ကစားနေချိန်မှာလည်း ကောင်းမွန်တဲ့ ခြေစွမ်းများ ဆက်လက် ပြသနေပါတယ်။

ဘရိုက်တန်အသင်းက ဒီရာသီ အထနှေးနေပေမယ့် ဘန်ဝှိုက် စွမ်းဆောင်ရည်ကတော့ ထိပ်သီး အသင်းတွေ မျက်စိကျဖွယ် ကောင်းနေ တာကြောင့် ယူနိုက်တက်နဲ့ လန်ဒန်နှစ်သင်း ဖြစ်တဲ့ ချယ်ဆီး စပါးတို့က အပြိုင် ခေါ်ယူလိုဟန် ပြသလာပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဗဟိုခံစစ်မှူး တစ်ဦး ခေါ်ယူဖို့ အစီအစဉ်ထဲမှာ ရှိနေပြီး ဆိုးရှားကလည်း ဇန်နဝါရီမှာ ခံစစ် အားဖြည့်ဖို့ ရည်ရွယ်ထားပြီး ဖြစ်ပါတယ်။ ဘန်ဝှိုက်ကို မျက်စိကျပေမယ့် ယူနိုက်တက်ဟာ လွယ်လွယ်တော့ ခေါ်နိုင်မှာ မဟုတ်ဘဲ ခံစစ်သမား ခေါ်လိုနေတဲ့ ချယ်ဆီး စပါးတို့နဲ့ အပြိုင် ကြိုးစားရဖို့ ရှိနေပါတယ်။

၎င်းတို့ အပြင် လီဗာပူးကလည်း ဗန်ဒိုက်နဲ့ ဂိုမက်ဇ်ကို ကာလရှည် လက်လွှတ်ထားရတာကြောင့် ဇန်နဝါရီမှာ ဗဟိုခံစစ် တစ်ဦး ခေါ်ယူဖွယ် ရှိနေပြီး ပစ်မှတ်ကို ရှာဖွေနေတာကြောင့် ဘန်ဝှိုက်လည်း ပါလာနိုင်တယ် လို့ စကိုင်းစပေါ့က သုံးသပ်ထားပါတယ်။

Zawgyi – ပရီးမီးယားလိဂ္ ထိပ္သီး အသင္းေတြ ျဖစ္တဲ့ မန္ခ်က္စတာ ယူနိုက္တက္၊ ခ်ယ္ဆီးနဲ႕ ေတာ့တင္ဟမ္ စပါးအသင္းတို႔ဟာ ဘရိုက္တန္ အသင္းမွ ခံစစ္မွဴး ဘန္၀ိႈက္ကို ေခၚယူဖို႔ အျပိဳင္ စိတ္၀င္စားေနၾကပါတယ္။

အသက္ ၂၃ နွစ္ ရွိျပီ ျဖစ္တဲ့ ဘန္၀ိႈက္က ျပီးခဲ့တဲ့ရာသီ လိဒ္ယူနိုက္တက္မွာ သြားေရာက္ ကစားကာ ေျခစြမ္းျပခဲ့ျပီး ကလပ္အသင္းကို တန္းတက္လာေအာင္ ကူညီနိုင္ခဲ့သလို ဒီရာသီ ဘရိုက္တန္သို႔ ျပန္သြားျပီး ကစားေနခ်ိန္မွာလည္း ေကာငး္မြန္တဲ့ ေျခစြမ္းမ်ား ဆက္လက္ ျပသေနပါတယ္။

ဘရိုက္တန္အသင္းက ဒီရာသီ အထေႏွးေနေပမယ့္ ဘန္၀ိႈက္ စြမ္းေဆာင္ရည္ကေတာ့ ထိပ္သီး အသင္းေတြ မ်က္စိက်ဖြယ္ ေကာင္းေန တာေၾကာင့္ ယူနိုက္တက္နဲ႕ လန္ဒန္နွစ္သင္း ျဖစ္တဲ့ ခ်ယ္ဆီး စပါးတို႔က အျပိဳင္ ေခၚယူလိုဟန္ ျပသလာပါတယ္။

မန္ခ်က္စတာယူနုိက္တက္ဟာ ဗဟိုခံစစ္မွဴး တစ္ဦး ေခၚယူဖို႔ အစီအစဥ္ထဲမွာ ရွိေနျပီး ဆိုးရွားကလည္း ဇန္န၀ါရီမွာ ခံစစ္ အားျဖည့္ဖို႔ ရည္ရြယ္ထားျပီး ျဖစ္ပါတယ္။ ဘန္၀ိႈက္ကို မ်က္စိက်ေပမယ့္ ယူနိုက္တက္ဟာ လြယ္လြယ္ေတာ့ ေခၚနုိင္မွာ မဟုတ္ဘဲ ခံစစ္သမား ေခၚလိုေနတဲ့ ခ်ယ္ဆီး စပါးတို႔နဲ႕ အျပိဳင္ ၾကိဳးစားရဖို႔ ရွိေနပါတယ္။

၄င္းတို႔ အျပင္ လီဗာပူးကလည္း ဗန္ဒိုက္နဲ႕ ဂိုမက္ဇ္ကို ကာလရွည္ လက္လႊတ္ထားရတာေၾကာင့္ ဇန္န၀ါရီမွာ ဗဟိုခံစစ္ တစ္ဦး ေခၚယူဖြယ္ ရွိေနျပီး ပစ္မွတ္ကို ရွာေဖြေနတာေၾကာင့္ ဘန္၀ိႈက္လည္း ပါလာနုိင္တယ္ လို႔ စကိုင္းစေပါ့က သံုးသပ္ထားပါတယ္။