ယူနိုက်တက် တိုက်စစ်မှူး ရက်ဖို့ဒ်နဲ့ မာရှယ်ကို ပယ်ပယ်နှယ်နှယ် တွယ်လိုက်တဲ့ ပေါစခိုးလ်

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ဟောင်း ပေါစခိုးလ်ကတော့ အသင်း လက်ရှိ တိုက်စစ်သမား နှစ်ယောက် ဖြစ်တဲ့ မားကပ် ရက်ဖို့ဒ်နဲ့ မာရှယ်တို့ဟာ အထောင် တိုက်စစ်မှာ နေရာလိုချင်ပေမယ့် အခုထိ ထိုက်တန်မှု ရှိကြောင်း သက်သေ မပြနိုင်သေးဘူးလို့ ဝေဖန် ထိုးနှက် လိုက်ပါတယ်။

ရက်ဖို့ဒ်နဲ့ မာရှယ်တို့ နှစ်ယောက်ဟာ ဇာလက်တန် အေဗရာမိုဗစ်ချ် ဆီကနေ ဘာမှ မသင်ယူနိုင်ခဲ့တာကြောင့် ယူနိုက်တက်ဟာ နံပါတ် ၉ တိုက်စစ်နေရာ အတွက် ရေရှည် အစီအမံများ အခုထိ မရှိသေးကြောင်း စခိုးလ်က သုံးသပ် သတိပေးလိုက်ပါတယ်။ လက်ရှိ ဝါရင့် တိုက်စစ်မှူးကြီး ကာဗာနီဟာ မေဆန် ဂရင်းဝုဒ်ကို အထောင် တိုက်စစ်မှူးကောင်း တစ်ယောက် ဖြစ်လာအောင် သင်ပြပေးနိုင်ခဲ့ဖို့လည်း စခိုးလ်က မျှော်လင့်နေပါတယ်။

ယူနိုက်တက်ဟာ ၂၀၁၉ နွေမှာ လူကာကူနဲ့ လမ်းခွဲပြီးနောက် ပြိုင်ဘက် ဧရိယာထဲမှာ တိုက်စစ်ဆင်နိုင်မယ့် ကစားသမားကောင်း တစ်ဦး မဖြည့်ဆည်းနိုင်သေးဘဲ ရှိခဲ့ပါတယ်။

” ကျနေ်ာတို့ အကြိမ်များစွာ ပြောခဲ့သလိုပဲ။ ယူနိုက်တက်ဟာ မှန်ကန်တဲ့ နံပါတ် ၉ တိုက်စစ်မှူး မရှိသေးဘူး။ ကာဗာနီက တကယ့် နံပါတ် ၉ စစ်စစ်ပါ ဒါပေမယ့် တစ်နှစ် နှစ်နှစ်လောက်ပဲ ဖြစ်လိမ့်မယ်။ ဇာလက်တန်တုန်းကလည်း ဒီလိုပဲ။ ကျနေ်ာတို့ ဒီလိုရော ဖြစ်ပါ့မလား။ ကျနော် ကာဗာနီကို စဉ်းစားမိပါတယ်။ သူက ဒီမှာ လူငယ်တွေကိုလည်း ကူညီ အားပေးဖို့ ရောက်လာတာပါ။

ကျနော် ပြောချင်တာက ဇာလက်တန် မားကပ် မာရှယ်တို့နဲ့ ရှိခဲ့တုန်းက သူတို့ နံပါတ် ၉ နေရာ ဝင်ဖို့ တိုးတက်လာခဲ့သလား။ သူတို့ နှစ်ယောက်လုံးက တောင်ပံမှာတော့ ကြောက်စရာ ကစားသမားတွေပါ။ ဒါပေမယ့် အထောင် နေရာဝင်ဖို့ သူတို့ ဇာလက်တန် ဆီက သင်ယူနိုင်ခဲ့သလား။ ကျနော်တော့ မထင်ပါဘူး။

အခုကတော့ ကာဗာနီ ဆီကနေ မေဆန် ဂရင်းဝုဒ် တစ်ယောက် တစ်ခုခု သင်ယူနိုင်ဖို့ မျှော်လင့်ကြရုံပါ။ မေဆန်ကို ဘာလို့ တွေးလဲ ဆိုတော့ အခု တိုက်စစ် သုံးယောက်ထဲမှာ သူက အဆုံးသတ် အကောင်းမွန်ဆုံးပါ။ တခြား နှစ်ယောက်ထက် စာရင် နံပါတ် ၉ နေရာ အံဝင်ဖိုပ သူက အလားအလာ အကောင်းဆုံး ဖြစ်ပါတယ်။” လို့ စခိုးလ်က သုံးသပ် ပြောဆိုခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ ကြင္းလယ္ေဟာင္း ေပါစခိုးလ္ကေတာ့ အသင္း လက္ရွိ တိုက္စစ္သမား နွစ္ေယာက္ ျဖစ္တဲ့ မားကပ္ ရက္ဖို႕ဒ္နဲ႕ မာရွယ္တို႔ဟာ အေထာင္ တိုက္စစ္မွာ ေနရာလိုခ်င္ေပမယ့္ အခုထိ ထိုက္တန္မႈ ရွိေၾကာင္း သက္ေသ မျပနိုင္ေသးဘူးလို႔ ေ၀ဖန္ ထိုးနွက္ လိုက္ပါတယ္။

ရက္ဖုိ႕ဒ္နဲ႕ မာရွယ္တို႔ နွစ္ေယာက္ဟာ ဇာလက္တန္ ေအဗရာမိုဗစ္ခ်္ ဆီကေန ဘာမွ မသင္ယူနုိင္ခဲ့တာေၾကာင့္ ယူနုိက္တက္ဟာ နံပါတ္ ၉ တိုက္စစ္ေနရာ အတြက္ ေရရွည္ အစီအမံမ်ား အခုထိ မရွိေသးေၾကာင္း စခိုးလ္က သံုးသပ္ သတိေပးလိုက္ပါတယ္။ လက္ရွိ ၀ါရင့္ တိုက္စစ္မွဴးၾကီး ကာဗာနီဟာ ေမဆန္ ဂရင္း၀ုဒ္ကို အေထာင္ တိုက္စစ္မွဴးေကာင္း တစ္ေယာက္ ျဖစ္လာေအာင္ သင္ျပေပးနုိင္ခဲ့ဖို႔လည္း စခိုးလ္က ေမွ်ာ္လင့္ေနပါတယ္။

ယူနိုက္တက္ဟာ ၂၀၁၉ ေႏြမွာ လူကာကူနဲ႕ လမ္းခြဲျပီးေနာက္ ျပိဳင္ဘက္ ဧရိယာထဲမွာ တိုက္စစ္ဆင္နုိင္မယ့္ ကစားသမားေကာင္း တစ္ဦး မျဖည့္ဆည္းနုိင္ေသးဘဲ ရွိခဲ့ပါတယ္။

” က်ေန္ာတို႔ အၾကိမ္မ်ားစြာ ေျပာခဲ့သလိုပဲ။ ယူနိုက္တက္ဟာ မွန္ကန္တဲ့ နံပါတ္ ၉ တိုက္စစ္မွဴး မရွိေသးဘူး။ ကာဗာနီက တကယ့္ နံပါတ္ ၉ စစ္စစ္ပါ ဒါေပမယ့္ တစ္နွစ္ နွစ္နွစ္ေလာက္ပဲ ျဖစ္လိမ့္မယ္။ ဇာလက္တန္တုန္းကလည္း ဒီလိုပဲ။ က်ေန္ာတို႔ ဒီလိုေရာ ျဖစ္ပါ့မလား။ က်ေနာ္ ကာဗာနီကို စဥ္းစားမိပါတယ္။ သူက ဒီမွာ လူငယ္ေတြကိုလည္း ကူညီ အားေပးဖို႔ ေရာက္လာတာပါ။

က်ေနာ္ ေျပာခ်င္တာက ဇာလက္တန္ မားကပ္ မာရွယ္တုိ႔နဲ႕ ရွိခဲ့တုန္းက သူတို႔ နံပါတ္ ၉ ေနရာ ၀င္ဖို႔ တုိးတက္လာခဲ့သလား။ သူတို႔ နွစ္ေယာက္လံုးက ေတာင္ပံမွာေတာ့ ေၾကာက္စရာ ကစားသမားေတြပါ။ ဒါေပမယ့္ အေထာင္ ေနရာ၀င္ဖုိ႔ သူတို႔ ဇာလက္တန္ ဆီက သင္ယူနုိင္ခဲ့သလား။ က်ေနာ္ေတာ့ မထင္ပါဘူး။

အခုကေတာ့ ကာဗာနီ ဆီကေန ေမဆန္ ဂရင္း၀ုဒ္ တစ္ေယာက္ တစ္ခုခု သင္ယူနိုင္ဖို႔ ေမွ်ာ္လင့္ၾကရံုပါ။ ေမဆန္ကို ဘာလို႔ ေတြးလဲ ဆိုေတာ့ အခု တိုက္စစ္ သံုးေယာက္ထဲမွာ သူက အဆံုးသတ္ အေကာင္းမြန္ဆံုးပါ။ တျခား နွစ္ေယာက္ထက္ စာရင္ နံပါတ္ ၉ ေနရာ အံ၀င္ဖိုပ သူက အလားအလာ အေကာင္းဆံုး ျဖစ္ပါတယ္။” လို႔ စခိုးလ္က သံုးသပ္ ေျပာဆိုခဲ့ပါတယ္။