အိမ်ရှင် စပါးဘက်က ရှိနေတဲ့ မိုက်ကယ်အိုဝင်ရဲ့ စပါး Vs အာဆင်နယ် လန်ဒန်ဒါဘီပွဲ သုံးသပ်ခန့်မှန်းချက်

ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲကောင်းတွေထဲမှာ စပါးနဲ့ အာဆင်နယ်တို့ရဲ့ လန်ဒန်ဒါဘီပွဲ က စူပါဆန်းဒေး ပွဲကောင်း အဖြစ် ပါဝင်နေပါတယ်။ ပွဲ ချိန် ကတော့ ဒီဇင်ဘာ ၆ ရက်၊ တနင်္ဂနွေနေ့၊ ည ၉း၀၀ နာရီမှာ ဖြစ်ပါတယ်။

စပါးနဲ့ အာဆင်နယ်တို့ လန်ဒန် ဒါဘီ ပွဲစဉ်အတွက် နာမည်ကျော် တိုက်စစ်မှူး မိုက်ကယ် အိုဝင်ကတော့ အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

အိုဝင်က – ” အာဆင်နယ်ရဲ့ ဒီတလော စွမ်းဆောင်ရည်က မကောင်းပါဘူး။ သူတို့က ဒီရာသီတွေမှာ ပိုင်ဆိုင်ထားတဲ့ တူညီတဲ့ အိမ်ကွင်း အားကောင်းမှုလည်း မရှိဘူး။ စပါးကတော့ ကစားပုံ ကောင်းနေတယ်။ သူတို့က မော်ရင်ညိုရဲ့ ကစားဟန်ကို အသားကျလာနေပြီး လိဂ်ကို အနိုင်ရနိုင်တဲ့ အသင်းစာရင်းထဲ ဝင်လာနေတယ်။

မော်ရင်ညိုက သူ့အသင်းကို ကောင်တာကစားဖို့ ဒီရာသီမှာ အများကြီး ပြင်ဆင်လာတယ်။ စပါးက တိုက်စစ်ဖွင့်ကစားဖို့ ရွေးချယ်မယ်ဆိုရင် ဒီပွဲမှာ အကျိုးအမြတ်တွေ ရနိုင်မယ်လို့ ထင်ပါတယ်။

လက်တလော ကစားပုံတွေအရဆိုရင် စပါး အနိုင်ကလွဲလို့ အခြားသော ရလဒ်ကို မမြင်မိပါဘူး။ သူတို့ အသင်းမှာ အရည်အချင်းတွေ ရှိနေတယ်။ ဒီနှုန်းအတိုင်း ဆက်သွားမယ်ဆိုရင် သူတို့က ဒီရာသီကို အံ့သြသင့်စရာ ရာသီကောင်းဖြစ်လာအောင် လုပ်ပြနိုင်ပါလိမ့်မယ်။” လို့ သုံးသပ်ထားပါတယ်။

မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းရလဒ် ကတော့ တော့တင်ဟမ် စပါး ၂-၁ အာဆင်နယ် ဖြစ်ပါတယ်။

Zawgyi – ဒီတစ္ပတ္ ပရီးမီးယားလိဂ္ ပြဲေကာင္းေတြထဲမွာ စပါးနဲ႕ အာဆင္နယ္တို႔ရဲ႕ လန္ဒန္ဒါဘီပြဲ က စူပါဆန္းေဒး ပြဲေကာင္း အျဖစ္ ပါ၀င္ေနပါတယ္။ ပြဲ ခ်ိန္ ကေတာ့ ဒီဇင္ဘာ ၆ ရက္၊ တနဂၤေႏြေန႔၊ ည ၉း၀၀ နာရီမွာ ျဖစ္ပါတယ္။

စပါးနဲ႕ အာဆင္နယ္တို႔ လန္ဒန္ ဒါဘီ ပြဲစဥ္အတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴး မိုက္ကယ္ အို၀င္ကေတာ့ အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

အို၀င္က – ” အာဆင္နယ္ရဲ႕ ဒီတေလာ စြမ္းေဆာင္ရည္က မေကာင္းပါဘူး။ သူတို႔က ဒီရာသီေတြမွာ ပိုင္ဆိုင္ထားတဲ့ တူညီတဲ့ အိမ္ကြင္း အားေကာင္းမႈလည္း မရွိဘူး။ စပါးကေတာ့ ကစားပံု ေကာင္းေနတယ္။ သူတို႔က ေမာ္ရင္ညိဳရဲ႕ ကစားဟန္ကို အသားက်လာေနျပီး လိဂ္ကို အႏုိင္ရႏုိင္တဲ့ အသင္းစာရင္းထဲ ဝင္လာေနတယ္။

ေမာ္ရင္ညိဳက သူ႔အသင္းကို ေကာင္တာကစားဖို႔ ဒီရာသီမွာ အမ်ားၾကီး ျပင္ဆင္လာတယ္။ စပါးက တိုက္စစ္ဖြင့္ကစားဖို႔ ေရြးခ်ယ္မယ္ဆိုရင္ ဒီပြဲမွာ အက်ိဳးအျမတ္ေတြ ရႏိုင္မယ္လို႔ ထင္ပါတယ္။

လက္တေလာ ကစားပံုေတြအရဆိုရင္ စပါး အႏုိင္ကလြဲလို႔ အျခားေသာ ရလဒ္ကို မျမင္မိပါဘူး။ သူတို႔ အသင္းမွာ အရည္အခ်င္းေတြ ရွိေနတယ္။ ဒီႏႈန္းအတိုင္း ဆက္သြားမယ္ဆိုရင္ သူတို႔က ဒီရာသီကို အံ့ၾသသင့္စရာ ရာသီေကာင္းျဖစ္လာေအာင္ လုပ္ျပႏုိင္ပါလိမ့္မယ္။” လို႔ သံုးသပ္ထားပါတယ္။

မိုက္ကယ္အိုဝင္ရဲ႕ ခန္႔မွန္းရလဒ္ ကေတာ့ ေတာ့တင္ဟမ္ စပါး ၂-၁ အာဆင္နယ္ ျဖစ္ပါတယ္။