လန်ဒန်ကွင်းမှာ ယူနိုက်တက်တို့ အမှတ်မရနိုင်ဘူး ဆိုတဲ့ ဝက်စ်ဟမ်း Vs မန်ယူနိုက်တက် ပွဲ မိုက်ကယ်အိုဝင် သုံးသပ်ချက်

မန်ချက်စတာ ယူနိုက်တက်ဟာ ကြားရက် ချန်ပီယံလိဂ်ပွဲမှာ ပီအက်စ်ဂျီကို အရေးနိမ့်သွားပြီးနောက် ဖိအားဝင်နေပြီး ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ ဝက်စ်ဟမ်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

ပွဲချိန် ကတော့ မနက်ဖြန် ဒီဇင်ဘာ ၅ ရက်၊ စနေနေ့၊ ည ၁၂း၀၀ နာရီမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ် အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

အိုဝင်က – ” ယူနိုက်တက်ဟာ ပြီးခဲ့တဲ့အပတ်တွေကြောင့်ပဲ ဒီတစ်ပတ် ဘယ်လို စွမ်းဆာင်နိုင်မလဲဆိုတာကို ခန့်မှန်းဖို့က အရမ်း ခက်ခဲပါတယ်။ သူတို့ရဲ့ ခြေစွမ်းက အတက်အကျ သိပ်များပါတယ်။ သူတို့ ရင်ဆိုင်ရမယ့် ပြိုင်ဘက်ဖြစ်တဲ့ ဝက်စ်ဟမ်းက အခုချိန်မှာ အတက်ပိုင်းကို ရောက်နေတဲ့ အသင်းတစ်သင်း ဖြစ်နေပါတယ်။

ဝက်စ်ဟမ်းမှာက အရည်အချင်းရှိ ကစားသမားတွေ ရှိနေတယ်။ သူတို့က အိမ်ကွင်းမှာ သိပ်ကောင်းတဲ့ ပုံစံတွေကိုလည်း ပိုင်ဆိုင်ထားတယ်။ ဒီပွဲကတော့ ဧည့်သည် ယူနိုက်တက်အတွက် ခက်ခဲတဲ့ပွဲ ဖြစ်လာမှာပါ။ အိမ်ရှင် ဝက်စ်ဟမ်းက အနည်းဆုံး ရမှတ် ၁ မှတ် ရယူသွားနိုင်မယ်လို့ ကျနော် ထင်ပါတယ်။ ” လို့ သုံးသပ်ထားပါတယ်။

မိုက်ကယ် အိုဝင် ခန့်မှန်းရလဒ် ကတော့ ဝက်ဟမ်း ၂-၁ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ၾကားရက္ ခ်န္ပီယံလိဂ္ပြဲမွာ ပီအက္စ္ဂ်ီကုိ အေရးနိမ့္သြားျပီးေနာက္ ဖိအား၀င္ေနျပီး ဒီတစ္ပတ္ ပရီးမီးယားလိဂ္မွာ ၀က္စ္ဟမ္းကို အေ၀းကြင္းမွာ သြားေရာက္ ရင္ဆုိင္ရဖို႔ ရွိေနပါတယ္။

ပြဲခ်ိန္ ကေတာ့ မနက္ျဖန္ ဒီဇင္ဘာ ၅ ရက္၊ စေနေန႔၊ ည ၁၂း၀၀ နာရီမွာ ျဖစ္ပါတယ္။ ဒီပြဲစဥ္ အတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္က အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

အို၀င္က – ” ယူနုိက္တက္ဟာ ျပီးခဲ့တဲ့အပတ္ေတြေၾကာင့္ပဲ ဒီတစ္ပတ္ ဘယ္လို စြမ္းဆာင္ႏုိင္မလဲဆိုတာကို ခန္႔မွန္းဖို႔က အရမ္း ခက္ခဲပါတယ္။ သူတို႔ရဲ႕ ေျခစြမ္းက အတက္အက် သိပ္မ်ားပါတယ္။ သူတို႔ ရင္ဆိုင္ရမယ့္ ျပိဳင္ဘက္ျဖစ္တဲ့ ဝက္စ္ဟမ္းက အခုခ်ိန္မွာ အတက္ပိုင္းကို ေရာက္ေနတဲ့ အသင္းတစ္သင္း ျဖစ္ေနပါတယ္။

ဝက္စ္ဟမ္းမွာက အရည္အခ်င္းရွိ ကစားသမားေတြ ရွိေနတယ္။ သူတို႔က အိမ္ကြင္းမွာ သိပ္ေကာင္းတဲ့ ပံုစံေတြကိုလည္း ပိုင္ဆိုင္ထားတယ္။ ဒီပြဲကေတာ့ ဧည့္သည္ ယူႏုိက္တက္အတြက္ ခက္ခဲတဲ့ပြဲ ျဖစ္လာမွာပါ။ အိမ္ရွင္ ဝက္စ္ဟမ္းက အနည္းဆံုး ရမွတ္ ၁ မွတ္ ရယူသြားႏုိင္မယ္လို႔ က်ေနာ္ ထင္ပါတယ္။ ” လို႔ သံုးသပ္ထားပါတယ္။

မိုက္ကယ္ အိုဝင္ ခန္႔မွန္းရလဒ္ ကေတာ့ ဝက္ဟမ္း ၂-၁ မန္ခ်က္စတာ ယူႏုိက္တက္ ျဖစ္ပါတယ္။