ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်အသင်း သတင်းတိုများ (4/12/20)

မနေ့က ရက်ပစ်ဗီယင်နာနဲ့ပွဲမှာ အမ်းမရိတ်စ်ကွင်းထဲ ပရိသတ်တွေ ပြန်လည် ဝင်ရောက်ခွင့် ရခဲ့သလို လူ ၂၀၀၀ သာရှိပေမယ့် သူတို့ရဲ့ အားပေးမှုက အင်အား အများကြီး ပိုပေးခဲ့တယ်လို့ နည်းပြ အာတီတာက ပရိသတ်တွေကို ချီးကျူးပြောဆိုခဲ့ပါတယ်။

ယူရိုပါလိဂ်ပွဲမှာ လာကာဇက်ဟာ နံပါတ် ၁၀နေရာကို ကစားခဲ့ပြီး ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေနဲ့အတူ အဖွင့်ဂိုး သွင်းယူပေးခဲ့သလို ၎င်းဟာ သူ့ရဲ့ အကောင်းဆုံးနေရာကို ရှာတွေ့ခဲ့ပြီလို့ အာတီတာက ယုံကြည်နေပါတယ်။

ဒီတစ်ပတ် အာဆင်နယ်ကို လက်ခံကစားရမယ့်ပွဲမှာ စပါးအတွက် ပရိသတ်တွေ ကွင်းထဲရှိနေမှာဖြစ်သလို နည်းပြမော်ရင်ညိုက အာဆင်နယ်နဲ့ တွေ့တိုင်း အိမ်ကွင်းမှာ မရှုံးဖူးတဲ့ သူ့ရဲမှတ်တမ်းကို ဆက်ကာကွယ်ဖို့ အလိုရှိနေပါတယ်။

ရက်ပစ် ဗီယင်နာကို ၄-၁ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ အာဆင်နယ်ကြယ်ပွင့် မိတ်လန်နိုင်းစ်ဟာ ကွင်းလယ်ကနေ ပွဲကို အကောင်းဆုံး ထိန်းကျောင်း ပေးခဲ့သလို သူ့ရဲ့ ယုံကြည်မှုနဲ့ တည်ငြိမ်မှုက အထင်ကြီးစရာပဲလို့ ပီတာခရော့ခ်ျက ချီးကျူးစကားဆိုခဲ့ပါတယ်။

အာဆင်နယ်ဟာ ယူရိုပါလိဂ်မှာ ၄ဂိုးသွင်းယူပြီး တိုက်စစ်ခြိမ်းခြောက်မှုကို ပြသခဲ့သလို ဒီပွဲမှာ သူတို့ရဲ့ ခြေစွမ်းကောင်းနဲ့ စိတ်ဓာတ်တွေကို စပါးနဲ့ မြောက်လန်ဒန်ဒါဘီအထိ သယ်ဆောင်သွားဖို့လိုတယ်လို့ မာတင်ကီယွန်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ဟာ လိဂ် ၁၀ ပွဲမှာ ၅ ပွဲရှုံးနိမ့်ခဲ့တဲ့နောက် အူဘာမီးယန်းက စပါးနဲ့ပွဲမှာ သူတို့ရဲ့ ရလဒ်ဆိုးတွေကို စတင်ပြောင်းလဲဖို့ ဆုံးဖြတ် ထားသလို မြောက်လန်ဒန်ဒါဘီ ကစားဖို့အတွက် မစောင့်နိုင်တော့ဘူးလို့ ပြောဆိုခဲ့ပါတယ်။

စပါးဟာ ပရီးမီးယားလိဂ်မှာ သူတို့ရဲ့ အဆင့် ၁ နေရာကို ဆက်လက်ထိန်းသိမ်းဖို့ မျှော်လင့်နေသလို ဟယ်ရီကိန်းက LASK နဲ့ပွဲကို လွဲချော် ခဲ့ပေမယ့် တနင်္ဂနွေနေ့ အာဆင်နယ်နဲ့ပွဲမှာ ပြန်လည်ပါဝင်လာနိုင်ဖို့ မော်ရင်ညိုက အလိုရှိနေပါတယ်။

အက်စ်တွန်ဗီလာနဲ့ပွဲပြီးထဲက ဂန်းနားတွေအတွက် မကစားပေးနိုင်ခဲ့တဲ့ သောမတ်စ် ပါတေးရဲ့ ဒဏ်ရာပြဿနာက ကလပ်အပေါ် ဖိအားတွေ ပိုများ လာစေတယ်လို့ အာတီတာက ဝန်ခံခဲ့ပြီး မကြာခင် ပြန်ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။

Zawgyi – မေန႔က ရက္ပစ္ဗီယင္နာနဲ႔ပြဲမွာ အမ္းမရိတ္စ္ကြင္းထဲ ပရိသတ္ေတြ ျပန္လည္ ဝင္ေရာက္ခြင့္ ရခဲ့သလို လူ ၂၀၀၀ သာရွိေပမယ့္ သူတို႔ရဲ႕ အားေပးမႈက အင္အား အမ်ားႀကီး ပိုေပးခဲ့တယ္လို႔ နည္းျပ အာတီတာက ပရိသတ္ေတြကို ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။

ယူ႐ိုပါလိဂ္ပြဲမွာ လာကာဇက္ဟာ နံပါတ္ ၁၀ေနရာကို ကစားခဲ့ၿပီး ထူးခြၽန္တဲ့ စြမ္းေဆာင္ရည္ေတြနဲ႔အတူ အဖြင့္ဂိုး သြင္းယူေပးခဲ့သလို ၎ဟာ သူ႔ရဲ႕ အေကာင္းဆုံးေနရာကို ရွာေတြ႕ခဲ့ၿပီလို႔ အာတီတာက ယုံၾကည္ေနပါတယ္။

ဒီတစ္ပတ္ အာဆင္နယ္ကို လက္ခံကစားရမယ့္ပြဲမွာ စပါးအတြက္ ပရိသတ္ေတြ ကြင္းထဲရွိေနမွာျဖစ္သလို နည္းျပေမာ္ရင္ညိဳက အာဆင္နယ္နဲ႔ ေတြ႕တိုင္း အိမ္ကြင္းမွာ မရႈံးဖူးတဲ့ သူ႔ရဲမွတ္တမ္းကို ဆက္ကာကြယ္ဖို႔ အလိုရွိေနပါတယ္။

ရက္ပစ္ ဗီယင္နာကို ၄-၁ နဲ႔ ႏိုင္ခဲ့တဲ့ပြဲမွာ အာဆင္နယ္ၾကယ္ပြင့္ မိတ္လန္ႏိုင္းစ္ဟာ ကြင္းလယ္ကေန ပြဲကို အေကာင္းဆုံး ထိန္းေက်ာင္း ေပးခဲ့သလို သူ႔ရဲ႕ ယုံၾကည္မႈနဲ႔ တည္ၿငိမ္မႈက အထင္ႀကီးစရာပဲလို႔ ပီတာခေရာ့ခ္်က ခ်ီးက်ဴးစကားဆိုခဲ့ပါတယ္။

အာဆင္နယ္ဟာ ယူ႐ိုပါလိဂ္မွာ ၄ဂိုးသြင္းယူၿပီး တိုက္စစ္ၿခိမ္းေျခာက္မႈကို ျပသခဲ့သလို ဒီပြဲမွာ သူတို႔ရဲ႕ ေျခစြမ္းေကာင္းနဲ႔ စိတ္ဓာတ္ေတြကို စပါးနဲ႔ ေျမာက္လန္ဒန္ဒါဘီအထိ သယ္ေဆာင္သြားဖို႔လိုတယ္လို႔ မာတင္ကီယြန္က တိုက္တြန္းေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္ဟာ လိဂ္ ၁၀ ပြဲမွာ ၅ ပြဲရႈံးနိမ့္ခဲ့တဲ့ေနာက္ အူဘာမီးယန္းက စပါးနဲ႔ပြဲမွာ သူတို႔ရဲ႕ ရလဒ္ဆိုးေတြကို စတင္ေျပာင္းလဲဖို႔ ဆုံးျဖတ္ ထားသလို ေျမာက္လန္ဒန္ဒါဘီ ကစားဖို႔အတြက္ မေစာင့္ႏိုင္ေတာ့ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

စပါးဟာ ပရီးမီးယားလိဂ္မွာ သူတို႔ရဲ႕ အဆင့္ ၁ ေနရာကို ဆက္လက္ထိန္းသိမ္းဖို႔ ေမွ်ာ္လင့္ေနသလို ဟယ္ရီကိန္းက LASK နဲ႔ပြဲကို လြဲေခ်ာ္ ခဲ့ေပမယ့္ တနဂၤေႏြေန႔ အာဆင္နယ္နဲ႔ပြဲမွာ ျပန္လည္ပါဝင္လာႏိုင္ဖို႔ ေမာ္ရင္ညိဳက အလိုရွိေနပါတယ္။

အက္စ္တြန္ဗီလာနဲ႔ပြဲၿပီးထဲက ဂန္းနားေတြအတြက္ မကစားေပးႏိုင္ခဲ့တဲ့ ေသာမတ္စ္ ပါေတးရဲ႕ ဒဏ္ရာျပႆနာက ကလပ္အေပၚ ဖိအားေတြ ပိုမ်ား လာေစတယ္လို႔ အာတီတာက ဝန္ခံခဲ့ၿပီး မၾကာခင္ ျပန္ကစားႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။