မန်ချက်စတာ ယူနိုက်တက်ဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ ဝက်စ်ဟမ်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားရမှာပါ။ ပွဲချိန် ကတော့ လာမယ့် ဒီဇင်ဘာ ၅ ရက်၊ စနေနေ့၊ ည ၁၂း၀၀ နာရီမှာ ဖြစ်ပါတယ်။
ဝက်စ်ဟမ်းနဲ့ ယူနိုက်တက်တို့ ပွဲစဉ် အတွက် ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ လော်ရိုးက အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
လော်ရိုးက – ” ဝက်ဟမ်းက ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေပြီး လေးပွဲဆက် နိုင်ပွဲကို ရယူထားနိုင်တယ်။ ဒေးဗစ်မိုးယက်စ်က အက်စတွန်ဗီလာဟာ ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့ပြီး သူတို့က ကံကောင်းတာကြောင့်သာ အနိုင်သုံးမှတ် ရခဲ့တာပါလို့ ဝန်ခံပါတယ်။ သူ့အသင်းက အကောင်းဆုံး ယှဉ်ပြိုင်နေပြီး ရင်ဆိုင်ကစားရခက်တဲ့ အသင်းလည်း ဖြစ်ပါတယ်။
ယူနိုက်တက်က ချန်ပီယံလိဂ်မှာ ဆက်ရှိနေဖို့ ဟန်ချက်ညီနေဆဲဖြစ်ပေမယ့် ပီအက်စ်ဂျီကို ရင်ဆိုင်ကစားပြီး အရေးနိမ့်တဲ့ပွဲ နောက်ပိုင်းမှာ ဒီပွဲကို ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ လန်ဒန်မှာ ကစားရမယ့်ပွဲမှာတော့ ချန်ပီယံလိဂ်နဲ့ ပက်သက်ပြီး သူတို့ စိတ်ထဲမှာ ခံစားချက်တွေ ရှိနေမယ် မထင်ပါဘူး။
ဒါပေမယ့် ပြသနာက မန်နေဂျာ ဆိုးရှားဟာ အခုထိ သူ့ရဲ့ အကောင်းဆုံး အသင်းကိုလည်း မထုတ်နိုင်သေးသလို သူတို့ ကစားပုံအတွက် ရေရာတဲ့ ပုံစံလည်း မတည်ဆောက်နိုင်သေးပါဘူး။
ယူနိုက်တက်က တိုက်စစ်မှာ တခါတလေ တော်တော် ကောင်းပါတယ်။ ဒါပေမယ့် မာရှယ်က ဒီတစ်ပတ်မှာ ကမ္ဘာကျော် တစ်ယောက်လို စွမ်းဆောင်နိုင်ပေမယ့် နောက်တစ်ပတ်ကျ တခြားသူ တစ်ယောက်လို ဖြစ်သွားပြန်ရော။ အနည်းဆုံး ကာဗာနီကတော့ ဒီတလော ပွဲတွေမှာ သူက အဆုံးသတ်ကောင်းတဲ့ တိုက်စစ်မှူး တစ်ယောက် ဖြစ်ဆဲ ဆိုတာ ပြထားနိုင်တာတော့ ရှိပါတယ်။
လောလောဆယ်မှာတော့ ယူနိုက်တက် အတွက် ကစားနေတဲ့ အသင်းသား တော်တော်များများက ၁၀ မှတ် ပေးမယ်ဆို ၆ မှတ်လောက်သာ ရတဲ့ အဆင့်အတန်းမှာ ရှိနေကြသူတွေ ဖြစ်နေတယ်။ ” လို့ သုံးသပ် ပြောဆိုထားပါတယ်။
လော်ရိုး ခန့်မှန်းရလဒ် ကတော့ ဝက်စ်ဟမ်း 1-1 မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။
Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ဒီတစ္ပတ္ ပရီးမီးယားလိဂ္မွာ ၀က္စ္ဟမ္းနဲ႕ ေတြ႔ဆံုေနျပီး အေ၀းကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ ကစားရမွာပါ။ ပြဲခ်ိန္ ကေတာ့ လာမယ့္ ဒီဇင္ဘာ ၅ ရက္၊ စေနေန႔၊ ည ၁၂း၀၀ နာရီမွာ ျဖစ္ပါတယ္။
၀က္စ္ဟမ္းနဲ႕ ယူနိုက္တက္တို႔ ပြဲစဥ္ အတြက္ ဘီဘီစီ သတင္းဌာနမွ ပင္တိုင္ သံုးသပ္သူ ေလာ္ရိုးက အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။
ေလာ္ရိုးက – ” ဝက္ဟမ္းက ေကာင္းမြန္တဲ့ အေနအထားမွာ ရွိေနျပီး ေလးပြဲဆက္ ႏုိင္ပြဲကို ရယူထားႏုိင္တယ္။ ေဒးဗစ္မိုးယက္စ္က အက္စတြန္ဗီလာဟာ ပိုေကာင္းတဲ့အသင္း ျဖစ္ခဲ့ျပီး သူတို႔က ကံေကာင္းတာေၾကာင့္သာ အႏုိင္သံုးမွတ္ ရခဲ့တာပါလို႔ ဝန္ခံပါတယ္။ သူ႔အသင္းက အေကာင္းဆံုး ယွဥ္ျပိဳင္ေနျပီး ရင္ဆုိင္ကစားရခက္တဲ့ အသင္းလည္း ျဖစ္ပါတယ္။
ယူႏုိက္တက္က ခ်န္ပီယံလိဂ္မွာ ဆက္ရွိေနဖို႔ ဟန္ခ်က္ညီေနဆဲျဖစ္ေပမယ့္ ပီအက္စ္ဂ်ီကို ရင္ဆိုင္ကစားျပီး အေရးနိမ့္တဲ့ပြဲ ေနာက္ပိုင္းမွာ ဒီပြဲကို ယွဥ္ျပိဳင္ကစားရမွာ ျဖစ္ပါတယ္။ လန္ဒန္မွာ ကစားရမယ့္ပြဲမွာေတာ့ ခ်န္ပီယံလိဂ္နဲ႔ ပက္သက္ျပီး သူတို႔ စိတ္ထဲမွာ ခံစားခ်က္ေတြ ရွိေနမယ္ မထင္ပါဘူး။
ဒါေပမယ့္ ျပသနာက မန္ေနဂ်ာ ဆိုးရွားဟာ အခုထိ သူ႔ရဲ႕ အေကာင္းဆံုး အသင္းကိုလည္း မထုတ္နုိင္ေသးသလို သူတို႔ ကစားပံုအတြက္ ေရရာတဲ့ ပံုစံလည္း မတည္ေဆာက္နုိင္ေသးပါဘူး။
ယူနိုက္တက္က တိုက္စစ္မွာ တခါတေလ ေတာ္ေတာ္ ေကာင္းပါတယ္။ ဒါေပမယ့္ မာရွယ္က ဒီတစ္ပတ္မွာ ကမၻာေက်ာ္ တစ္ေယာက္လို စြမ္းေဆာင္နုိင္ေပမယ့္ ေနာက္တစ္ပတ္က် တျခားသူ တစ္ေယာက္လို ျဖစ္သြားျပန္ေရာ။ အနည္းဆံုး ကာဗာနီကေတာ့ ဒီတေလာ ပြဲေတြမွာ သူက အဆံုးသတ္ေကာင္းတဲ့ တိုက္စစ္မွဴး တစ္ေယာက္ ျဖစ္ဆဲ ဆိုတာ ျပထားနုိင္တာေတာ့ ရွိပါတယ္။
ေလာေလာဆယ္မွာေတာ့ ယူနိုက္တက္ အတြက္ ကစားေနတဲ့ အသင္းသား ေတာ္ေတာ္မ်ားမ်ားက ၁၀ မွတ္ ေပးမယ္ဆို ၆ မွတ္ေလာက္သာ ရတဲ့ အဆင့္အတန္းမွာ ရွိေနၾကသူေတြ ျဖစ္ေနတယ္။ ” လို႔ သံုးသပ္ ေျပာဆိုထားပါတယ္။
ေလာ္ရိုး ခန္႔မွန္းရလဒ္ ကေတာ့ ၀က္စ္ဟမ္း 1-1 မန္ခ်က္စတာ ယူနိုက္တက္ ျဖစ္ပါတယ္။