ချယ်ဆီးနဲ့ လိဒ်ယူနိုက်တက် ပွဲအတွက် ဘီဘီစီမှ လော်ရိုးရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ချယ်ဆီးအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ တန်းတက်အသင်း လိဒ်ယူနိုက်တက်နဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး အိမ်ကွင်း စတန်းဖို့ဘရစ်ချ်မှာ ဧည့်ခံ ကစားရမှာပါ။ ပွဲချိန် ကတော့ ဒီဇင်ဘာ ၇ ရက်၊ တနင်္လာနေ့၊ နံနက် ၁း၄၅ နာရီမှာ ဖြစ်ပါတယ်။

ဒီပွဲစဉ်အတွက် ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ လော်ရိုးက အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

လော်ရိုးက – ” ဒီပွဲစဉ်ကိုမြင်တော့ ၁၉၇၀ ခုနှစ်က အက်ဖ်အေဖလား ဗိုလ်လုပွဲကိုတောင် သတိရမိတယ်။ ဘီရယ်ဆာရဲ့ အသင်းက ဒီရာသီကို အကောင်းဆုံး စတင်ထားတယ်။ ဒါပေမယ့် ရောမွေနေတဲ့ အနေအထားတွေကို ပိုင်ဆိုင်ထားပါတယ်။ အခြား ပရီးမီးယားလိဂ်အသင်းတွေရဲ့ လျှင်မြန်တဲ့ ကစားသမားတွေက လိဒ်ကို ပြဿနာတွေပေးနိုင်တယ်။ သူတို့ရဲ့ အားနည်းတဲ့ အပိုင်းက ခံစစ်ပိုင်းမှာပဲ ဖြစ်ပါတယ်။

လိဒ်အတွက်တော့ ချယ်ဆီးရဲ့ တိုက်စစ်သမားတွေက သိပ်ကောင်းနေပါတယ်။ မန်နေဂျာလမ်းပတ်ကလည်း ဆီးဗီးလာကို ရင်ဆိုင်ကစားတဲ့ပွဲမှာ သွင်းဂိုး ၄ ဂိုးသွင်းထားတဲ့ ဂျီရူးနဲ့ ပက်သက်ပြီး ဆုံးဖြတ်မှုတွေ လုပ်ပေးရမှာ ဖြစ်ပါတယ်။

ခံစစ်မှာတော့ ချယ်ဆီးက ပေးဂိုး နည်းလာတယ်။ ဂိုးသမား မန်ဒီ အကောင်းဆုံး လုပ်နေပြီး သီယာဂိုကလည်း ခံစစ်မှာ အထိုင်ကျလာနေကာ တွဲဘက်ဖြစ်တဲ့ ဇူးမားကို အကောင်းဆုံး ကူညီပေးနေတယ်။ ဒီအခြေအနေမှာတော့ ချယ်ဆီးက ထိပ်ဆုံး လေးသင်းဝင်ရောက်ဖို့အတွက် အခွင့်အရေးကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။ ” လို့ သုံးသပ်ထားပါတယ်။

လော်ရိုး ခန့်မှန်းရလဒ် ကတော့ ချယ်ဆီး ၂-၁ လိဒ်ယူနိုက်တက် ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ဒီတစ္ပတ္ ပရီးမီးယားလိဂ္မွာ တန္းတက္အသင္း လိဒ္ယူနိုက္တက္နဲ႕ ယွဥ္ျပိဳင္ ကစားရမွာ ျဖစ္ျပီး အိမ္ကြင္း စတန္းဖို႔ဘရစ္ခ်္မွာ ဧည့္ခံ ကစားရမွာပါ။ ပြဲခ်ိန္ ကေတာ့ ဒီဇင္ဘာ ၇ ရက္၊ တနလၤာေန႔၊ နံနက္ ၁း၄၅ နာရီမွာ ျဖစ္ပါတယ္။

ဒီပြဲစဥ္အတြက္ ဘီဘီစီ သတင္းဌာနမွ ပင္တိုင္ သံုးသပ္သူ ေလာ္ရိုးက အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

ေလာ္ရိုးက – ” ဒီပြဲစဥ္ကိုျမင္ေတာ့ ၁၉၇၀ ခုႏွစ္က အက္ဖ္ေအဖလား ဗိုလ္လုပြဲကိုေတာင္ သတိရမိတယ္။ ဘီရယ္ဆာရဲ႕ အသင္းက ဒီရာသီကို အေကာင္းဆံုး စတင္ထားတယ္။ ဒါေပမယ့္ ေရာေမြေနတဲ့ အေနအထားေတြကို ပိုင္ဆိုင္ထားပါတယ္။ အျခား ပရီးမီးယားလိဂ္အသင္းေတြရဲ႕ လွ်င္ျမန္တဲ့ ကစားသမားေတြက လိဒ္ကို ျပႆနာေတြေပးႏုိင္တယ္။ သူတို႔ရဲ႕ အားနည္းတဲ့ အပိုင္းက ခံစစ္ပိုင္းမွာပဲ ျဖစ္ပါတယ္။

လိဒ္အတြက္ေတာ့ ခ်ယ္ဆီးရဲ႕ တိုက္စစ္သမားေတြက သိပ္ေကာင္းေနပါတယ္။ မန္ေနဂ်ာလမ္းပတ္ကလည္း ဆီးဗီးလာကို ရင္ဆိုင္ကစားတဲ့ပြဲမွာ သြင္းဂိုး ၄ ဂိုးသြင္းထားတဲ့ ဂ်ီရူးနဲ႔ ပက္သက္ျပီး ဆံုးျဖတ္မႈေတြ လုပ္ေပးရမွာ ျဖစ္ပါတယ္။

ခံစစ္မွာေတာ့ ခ်ယ္ဆီးက ေပးဂိုး နည္းလာတယ္။ ဂိုးသမား မန္ဒီ အေကာင္းဆံုး လုပ္ေနျပီး သီယာဂိုကလည္း ခံစစ္မွာ အထိုင္က်လာေနကာ တြဲဘက္ျဖစ္တဲ့ ဇူးမားကို အေကာင္းဆံုး ကူညီေပးေနတယ္။ ဒီအေျခအေနမွာေတာ့ ခ်ယ္ဆီးက ထိပ္ဆံုး ေလးသင္းဝင္ေရာက္ဖို႔အတြက္ အခြင့္အေရးေကာင္းေတြ ပိုင္ဆုိင္ထားပါတယ္။ ” လို႔ သံုးသပ္ထားပါတယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္ ကေတာ့ ခ်ယ္ဆီး ၂-၁ လိဒ္ယူနိုက္တက္ ျဖစ္ပါတယ္။