တော့တင်ဟမ်စပါးနဲ့ အာဆင်နယ်တို့ လန်ဒန်ဒါဘီပွဲအတွက် လော်ရိုး သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ စူပါဆန်းဒေး ပွဲကောင်း အဖြစ် တော့တင်ဟမ် စပါးအသင်းနဲ့ အာဆင်နယ်တို့ ထိပ်တိုက်တွေ့နေတဲ့ လန်ဒန်ဒါဘီပွဲ ပါဝင်နေပါတယ်။ ပွဲချိန် ကတော့ ဒီဇင်ဘာ ၆ ရက်၊ တနင်္ဂနွေနေ့၊ ည ၉း၀၀ နာရီမှာပါ။

စပါးနဲ့ အာဆင်နယ်တို့ ပွဲစဉ် အတွက် အာဆင်နယ်အသင်းသားဟောင်း လက်ရှိ ဘီဘီစီမှာ ပင်တိုင် သုံးသပ်သူ အဖြစ် ဆောင်ရွက်နေတဲ့ လော်ရိုးက အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

လော်ရိုးက – ” စပါးက အာဆင်နယ်ထက် ပိုကောင်းတဲ့ အသင်းဖြစ်ပါတယ်။ သူတို့ မန်နေဂျာရဲ့ အတွေးအခေါ်နဲ့အတူ ခံစစ်ပိုင်းမှာလည်း ကောင်းမွန်နေပြီး ပိုပြီး ယုံကြည်လို့ရတဲ့ အသင်းလည်း ဖြစ်ပါတယ်။ မော်ရင်ညိုရဲ့ တိုက်စစ်တွဲလုံးဖြစ်တဲ့ ကိန်းနဲ့ ဆွန်ဟောင်မင်တို့က လိဂ်ရဲ့ အကောင်းဆုံး ကစားသမားနှစ်ဦး ဖြစ်နေပါတယ်။ ကိန်း ကြံ့ခိုင်နေမယ်ဆိုရင် ဂန်းနား ခံစစ်ကို ခက်ခဲစေမှာပါ။

အာဆင်နယ်က ဒီအခြေအနေမှာ ခေါင်းဆောင်မှုတွေ မရှိဘဲ အကောင်းဆုံးလည်း မလုပ်နိုင်ဘူး။ လက်မှတ်ထိုး ခေါ်ယူထားတဲ့ ပါတေး ဒဏ်ရာကြောင့် မကစားနိုင်တာကြောင့်လည်း သူတို့အသင်းက ပါတေးကို တကယ်ကို လိုအပ်နေတယ်။

တိုက်စစ်မှာလည်း အူဘာမီယန်ကို သက်တမ်းတိုးထားခဲ့ပေမယ့် နိုဝင်ဘာလ စကတည်းက ၁ ဂိုးပဲ သွင်းထားနိုင်တယ်။ ဒါဘီပွဲဖြစ်ပေမယ့်လည်း ပရိသတ်တွေ အများကြီး မရှိနိုင်တာက ထူးဆန်းပါလိမ့်မယ်။ ” လို့ သုံးသပ်ထားပါတယ်။

လော်ရိုး ခန့်မှန်းရလဒ် ကတော့ စပါး ၂-၀ အာဆင်နယ် ဖြစ်ပါတယ်။

Zawgyi – ဒီတစ္ပတ္ ပရီးမီးယားလိဂ္မွာ စူပါဆန္းေဒး ပြဲေကာင္း အျဖစ္ ေတာ့တင္ဟမ္ စပါးအသင္းနဲ႕ အာဆင္နယ္တို႔ ထိပ္တိုက္ေတြ႔ေနတဲ့ လန္ဒန္ဒါဘီပြဲ ပါ၀င္ေနပါတယ္။ ပြဲခ်ိန္ ကေတာ့ ဒီဇင္ဘာ ၆ ရက္၊ တနဂၤေႏြေန႔၊ ည ၉း၀၀ နာရီမွာပါ။

စပါးနဲ႕ အာဆင္နယ္တို႔ ပြဲစဥ္ အတြက္ အာဆင္နယ္အသင္းသားေဟာင္း လက္ရွိ ဘီဘီစီမွာ ပင္တိုင္ သံုးသပ္သူ အျဖစ္ ေဆာင္ရြက္ေနတဲ့ ေလာ္ရိုးက အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

ေလာ္ရိုးက – ” စပါးက အာဆင္နယ္ထက္ ပိုေကာင္းတဲ့ အသင္းျဖစ္ပါတယ္။ သူတို႔ မန္ေနဂ်ာရဲ႕ အေတြးအေခၚနဲ႔အတူ ခံစစ္ပိုင္းမွာလည္း ေကာင္းမြန္ေနျပီး ပိုျပီး ယံုၾကည္လို႔ရတဲ့ အသင္းလည္း ျဖစ္ပါတယ္။ ေမာ္ရင္ညိဳရဲ႕ တိုက္စစ္တြဲလံုးျဖစ္တဲ့ ကိန္းနဲ႔ ဆြန္ေဟာင္မင္တို႔က လိဂ္ရဲ႕ အေကာင္းဆံုး ကစားသမားႏွစ္ဦး ျဖစ္ေနပါတယ္။ ကိန္း ၾကံ႕ခိုင္ေနမယ္ဆိုရင္ ဂန္းနား ခံစစ္ကို ခက္ခဲေစမွာပါ။

အာဆင္နယ္က ဒီအေျခအေနမွာ ေခါင္းေဆာင္မႈေတြ မရွိဘဲ အေကာင္းဆံုးလည္း မလုပ္ႏုိင္ဘူး။ လက္မွတ္ထိုး ေခၚယူထားတဲ့ ပါေတး ဒဏ္ရာေၾကာင့္ မကစားႏုိင္တာေၾကာင့္လည္း သူတို႔အသင္းက ပါေတးကို တကယ္ကို လိုအပ္ေနတယ္။

တိုက္စစ္မွာလည္း အူဘာမီယန္ကို သက္တမ္းတိုးထားခဲ့ေပမယ့္ ႏိုဝင္ဘာလ စကတည္းက ၁ ဂိုးပဲ သြင္းထားႏုိင္တယ္။ ဒါဘီပြဲျဖစ္ေပမယ့္လည္း ပရိသတ္ေတြ အမ်ားၾကီး မရွိႏုိင္တာက ထူးဆန္းပါလိမ့္မယ္။ ” လို႔ သံုးသပ္ထားပါတယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္ ကေတာ့ စပါး ၂-၀ အာဆင္နယ္ ျဖစ္ပါတယ္။