ချယ်ဆီးအသင်း နည်းပြ လမ်းပတ် ဟာ ၎င်းရဲ့ ကလပ်အသင်းနဲ့ စာချုပ်က ၁၈ လ ကျန်ရှိနေပြီး ထိုစာချုပ် ကုန်ဆုံးသွားရင်လည်း အသင်းမှာ ဆက်ရှိနေချင်ကြောင်း ဖွင့်ဟခဲ့ကာ ချယ်ဆီးအသင်းမှာ နေနိုင်သမျှ ကြာကြာကို ဆက်နေသွားချင်တယ်လို့ ဆိုခဲ့ပါတယ်။
လမ်းပတ်ဟာ မနှစ်က အခက်အခဲတွေကြားကပဲ ချယ်ဆီးအသင်းကို အသွင်သစ် ကူးပြောင်း တည်ဆောက်နိုင်ခဲ့ကာ ပြီးခဲ့တဲ့နွေမှာတော့ ပေါင် သန်း ၂၂၀ ထိ သုံးကာ ကစားသမားသစ်တွေ ဝယ်ယူ အားဖြည့်ခွင့် ရခဲ့ပါတယ်။ လမ်းပတ် ခေါ်ထားတဲ့ ကစားသမားသစ်တွေကလည်း သက်ရောက်မှုကောင်းတွေ ပြသနေပြီး ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးထိ တက်ဖို့ပါ တာစူနေပြီ ဖြစ်ပါတယ်။
လက်ရှိ ချယ်ဆီးအသင်းဟာ ပြိုင်ပွဲစုံ ၁၅ ပွဲ ဆက် ရှုံးပွဲ မရှိဘဲ ပုံစံကောင်း ရနေပြီး ချန်ပီယံလိဂ်မှာလည်း နောက်တစ်ဆင့် တက်ဖို့ တစ်နေရာ သေချာထားပြီး ဖြစ်ပါတယ်။ လမ်းပတ်ကတော့ အသင်းနဲ့ အတူ ဆုဖလားတွေ ဆွတ်ခူးတဲ့ မန်နေဂျာကောင်း တစ်ယောက် ဖြစ်လာဖို့ စိတ်အား ထက်သန်နေပါတယ်။
” အချိန်တွေကတော့ ကုန်တာ မြန်တယ်။ ကျနော့် လက်ရှိ စာချုပ်မှာ ၁၈ လ ကျန်ပါတယ်။ ပြီးခဲ့တဲ့နှစ် ကျနော် ဒီအသင်းကို ရောက်လာတည်းက အခက်အခဲတွေ ကြုံမယ် ဆိုတာ သိတယ်။ အပြောင်းအလဲတွေကိုလည်း ပြီးခဲ့တဲ့ နှစ်တည်းက လုပ်ဆောင်နိုင်ခဲ့တယ်။
ကျနော့် အနေနဲ့ကတော့ အရင် ချယ်ဆီး မန်နေဂျာတွေထက် စာရင် နည်းနည်း မတူတဲ့ အနေအထား တစ်ခုတော့ ရှိတယ် ခံစားမိတယ်။ လူတွေက ကျနော့်ကို စာနာတဲ့ အမြင်နဲ့ ကြည့်ပေးကြတယ်။ အခု ကျနော် ဒီအသင်းနဲ့ အတူ ရေရှည် အစီအစဉ်တွေ ရှေ့ဆက် သွားချင်ပါတယ်။
ကျနော် ချစ်မြတ်နိုးတဲ့ ကျနော့် ဘဝလည်း ဖြစ်တဲ့ ကလပ်အသင်းကို စီမံခွင့်ရတာ သိပ်ကံကောင်းတာပါ။ ဒီကနေ အောင်မြင်မှုတွေ ရယူချင်သလို ကြာနိုင်သမျှ ကြာကြာလည်း အသင်းနဲ့ အတူ ရှိသွားချင်ပါတယ်။” လို့ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။
Zawgyi – ခ်ယ္ဆီးအသင္း နည္းျပ လမ္းပတ္ ဟာ ၄င္းရဲ႕ ကလပ္အသင္းနဲဲ႕ စာခ်ဳပ္က ၁၈ လ က်န္ရွိေနျပီး ထိုစာခ်ဳပ္ ကုန္ဆံုးသြားရင္လည္း အသင္းမွာ ဆက္ရွိေနခ်င္ေၾကာင္း ဖြင့္ဟခဲ့ကာ ခ်ယ္ဆီးအသင္းမွာ ေနနိုင္သမွ် ၾကာၾကာကို ဆက္ေနသြားခ်င္တယ္လို႔ ဆိုခဲ့ပါတယ္။
လမ္းပတ္ဟာ မနွစ္က အခက္အခဲေတြၾကားကပဲ ခ်ယ္ဆီးအသင္းကို အသြင္သစ္ ကူးေျပာင္း တည္ေဆာက္နုိင္ခဲ့ကာ ျပီးခဲ့တဲ့ေႏြမွာေတာ့ ေပါင္ သန္း ၂၂၀ ထိ သံုးကာ ကစားသမားသစ္ေတြ ၀ယ္ယူ အားျဖည့္ခြင့္ ရခဲ့ပါတယ္။ လမ္းပတ္ ေခၚထားတဲ့ ကစားသမားသစ္ေတြကလည္း သက္ေရာက္မႈေကာင္းေတြ ျပသေနျပီး ခ်ယ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ အမွတ္ေပးဇယား ထိပ္ဆံုးထိ တက္ဖို႔ပါ တာစူေနျပီ ျဖစ္ပါတယ္။
လက္ရွိ ခ်ယ္ဆီးအသင္းဟာ ျပိဳင္ပြဲစံု ၁၅ ပြဲ ဆက္ ရွံဳးပြဲ မရွိဘဲ ပံုစံေကာင္း ရေနျပီး ခ်န္ပီယံလိဂ္မွာလည္း ေနာက္တစ္ဆင့္ တက္ဖို႔ တစ္ေနရာ ေသခ်ာထားျပီး ျဖစ္ပါတယ္။ လမ္းပတ္ကေတာ့ အသင္းနဲ႕ အတူ ဆုဖလားေတြ ဆြတ္ခူးတဲ့ မန္ေနဂ်ာေကာင္း တစ္ေယာက္ ျဖစ္လာဖို႔ စိတ္အား ထက္သန္ေနပါတယ္။
” အခ်ိန္ေတြကေတာ့ ကုန္တာ ျမန္တယ္။ က်ေနာ့္ လက္ရွိ စာခ်ဳပ္မွာ ၁၈ လ က်န္ပါတယ္။ ျပီးခဲ့တဲ့နွစ္ က်ေနာ္ ဒီအသင္းကို ေရာက္လာတည္းက အခက္အခဲေတြ ၾကံဳမယ္ ဆိုတာ သိတယ္။ အေျပာင္းအလဲေတြကိုလည္း ျပီးခဲ့တဲ့ နွစ္တည္းက လုပ္ေဆာင္နုိင္ခဲ့တယ္။
က်ေနာ့္ အေနနဲ႕ကေတာ့ အရင္ ခ်ယ္ဆီး မန္ေနဂ်ာေတြထက္ စာရင္ နည္းနည္း မတူတဲ့ အေနအထား တစ္ခုေတာ့ ရွိတယ္ ခံစားမိတယ္။ လူေတြက က်ေနာ့္ကို စာနာတဲ့ အျမင္နဲ႕ ၾကည့္ေပးၾကတယ္။ အခု က်ေနာ္ ဒီအသင္းနဲ႕ အတူ ေရရွည္ အစီအစဥ္ေတြ ေရွ႕ဆက္ သြားခ်င္ပါတယ္။
က်ေနာ္ ခ်စ္ျမတ္နိုးတဲ့ က်ေနာ့္ ဘ၀လည္း ျဖစ္တဲ့ ကလပ္အသင္းကို စီမံခြင့္ရတာ သိပ္ကံေကာင္းတာပါ။ ဒီကေန ေအာင္ျမင္မႈေတြ ရယူခ်င္သလို ၾကာနုိင္သမွ် ၾကာၾကာလည္း အသင္းနဲ႕ အတူ ရွိသြားခ်င္ပါတယ္။” လို႔ လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။