ပေါ့ဘာကို ဗန်ဒီဘိခ်နဲ့ ယှဉ်ပြောနေကြတုန်းက ထ ရယ်မိခဲ့တယ် ဆိုတဲ့ ပက်ထရစ် အီဗရာ

မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ဖြစ်တဲ့ ပက်ထရစ် အီဗရာကတော့ ယခင်က ယူနိုက်တက် ကွင်းလယ် ပေါ့ဘာကို အသစ်ရောက်လာတဲ့ ဗန်ဒီဘိခ်နဲ့ နှိုင်းယှဉ်ပြောဆိုနေတော့ သူ့မှာ ထတောင် ရယ်မိခဲ့တယ်လို့ ဝက်စ်ဟမ်းနဲ့ ပွဲ အပြီးမှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဦးဆောင်ဂိုး ပေးထားရပြီးမှ ဝက်စ်ဟမ်းကို ပြန် အနိုင်ယူနိုင်ခဲ့တဲ့ ပွဲမှာ ယူနိုက်တက် အတွက် ဂိုးတွေကို ပေါ့ဘာ၊ ဂရင်းဝုဒ်နဲ့ ရက်ဖို့ဒ်တို့က သွင်းယူခဲ့ပါတယ်။ ဖာနန်ဒက်စ်ရဲ့ ပေးပို့မှုကနေ ပေါ့ဘာက ယူနိုက်တက် အတွက် လှပတဲ့ ချေပဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပြီး မန်ချက်စတာ ကလပ် နိုးထလာဖို့ အရေးပါခဲ့ပါတယ်။

ပေါ့ဘာရဲ့ ဂိုးက လှပတာကြောင့် ပွဲ အပြီးမှာ ချီးကျူးမှုတွေ ရှိခဲ့ပြီး ယူနိုက်တက် ကစားသမားဟောင်း အီဗရာကတော့ ပေါ့ဘာ အရည်အချင်းကို သူက အမြဲ ယုံကြည်ခဲ့ကြောင်းနဲ့ ယခင် သူများတွေ ပေါ့ဘာကို ဗန်ဒီဘိခ်နဲ့ ယှဉ်ပြောခဲ့တုန်းက ရယ်နေမိခဲ့ကြောင်း ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။

” ပေါလ် ဆီက ဘယ်လောက် လှတဲ့ ဂိုးလဲဗျာ။ လူတွေက သူ့ကို ဗန်ဒီဘိခ်နဲ့ ယှဉ်ပြောနေကြတုန်းက ကျနော့်မှာ ရယ်တောင် ရယ်မိတယ်။ ဒီဂိုးကို ကြည့်ကြစမ်းဗျာ။ နောက်ပြီး ဆိုးရှားကိုလည်း အသိအမှတ်ပြုရမယ်။ အသင်း ရှုံးနေရင် လူတွေက သူ့ကို ဝိုင်း ပြောကြ တိုက်ခိုက်ကြတယ်။ အခု သူက ပြောင်းလဲ ပြခဲ့တယ်။

ဖာနန်ဒက်စ် ရက်ဖို့ဒ်တို့က ပြိုင်ဘက် ခံစစ်သမားတွေကို ချန်ရစ်ပြီး ကျော်ဖြတ်ပြခဲ့တယ်။ သူတို့က ကွဲပြားမှုကို ဖြစ်စေခဲ့တာပါ။ မာတာနဲ့ ပေါလ် ပေါ့ဘာတို့ကလည်း သက်ဝင်စေခဲ့တာ ပါပါတယ်။” လို့ အီဗရာက သုံးသပ် ပြောဆိုခဲ့ပါတယ်။

ဝေဖန်မှုတွေ ခံနေရတဲ့ ယူနိုက်တက်ဟာ ညက ပရီးမီးယားလိဂ်ပွဲမှာ ဝက်စ်ဟမ်းကို အဝေးကွင်းမှာ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး ဖိအားတွေကို လျှော့ချနိုင်ခဲ့ပြန်ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ ကစားသမားေဟာင္း ျဖစ္တဲ့ ပက္ထရစ္ အီဗရာကေတာ့ ယခင္က ယူနိုက္တက္ ကြင္းလယ္ ေပါ့ဘာကို အသစ္ေရာက္လာတဲ့ ဗန္ဒီဘိခ္နဲ႕ ႏိႈင္းယွဥ္ေျပာဆိုေနေတာ့ သူ႔မွာ ထေတာင္ ရယ္မိခဲ့တယ္လို႔ ၀က္စ္ဟမ္းနဲ႕ ပြဲ အျပီးမွာ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

ဦးေဆာင္ဂိုး ေပးထားရျပီးမွ ၀က္စ္ဟမ္းကို ျပန္ အနိုင္ယူနုိင္ခဲ့တဲ့ ပြဲမွာ ယူနုိက္တက္ အတြက္ ဂိုးေတြကို ေပါ့ဘာ၊ ဂရင္း၀ုဒ္နဲ႕ ရက္ဖို႔ဒ္တို႔က သြင္းယူခဲ့ပါတယ္။ ဖာနန္ဒက္စ္ရဲ႕ ေပးပို႔မႈကေန ေပါ့ဘာက ယူနိုက္တက္ အတြက္ လွပတဲ့ ေခ်ပဂိုးကို သြင္းယူေပးခဲ့တာ ျဖစ္ျပီး မန္ခ်က္စတာ ကလပ္ နိုးထလာဖို႔ အေရးပါခဲ့ပါတယ္။

ေပါ့ဘာရဲ႕ ဂိုးက လွပတာေၾကာင့္ ပြဲ အျပီးမွာ ခ်ီးက်ဴးမႈေတြ ရွိခဲ့ျပီး ယူနိုက္တက္ ကစားသမားေဟာင္း အီဗရာကေတာ့ ေပါ့ဘာ အရည္အခ်င္းကို သူက အျမဲ ယံုၾကည္ခဲ့ေၾကာင္းနဲ႕ ယခင္ သူမ်ားေတြ ေပါ့ဘာကို ဗန္ဒီဘိခ္နဲ႕ ယွဥ္ေျပာခဲ့တုန္းက ရယ္ေနမိခဲ့ေၾကာင္း ဖြင့္ဟခဲ့တာ ျဖစ္ပါတယ္။

” ေပါလ္ ဆီက ဘယ္ေလာက္ လွတဲ့ ဂိုးလဲဗ်ာ။ လူေတြက သူ႔ကို ဗန္ဒီဘိခ္နဲ႕ ယွဥ္ေျပာေနၾကတုန္းက က်ေနာ့္မွာ ရယ္ေတာင္ ရယ္မိတယ္။ ဒီဂိုးကို ၾကည့္ၾကစမ္းဗ်ာ။ ေနာက္ျပီး ဆိုးရွားကိုလည္း အသိအမွတ္ျပဳရမယ္။ အသင္း ရွံဳးေနရင္ လူေတြက သူ႔ကို ၀ိုင္း ေျပာၾက တိုက္ခိုက္ၾကတယ္။ အခု သူက ေျပာင္းလဲ ျပခဲ့တယ္။

ဖာနန္ဒက္စ္ ရက္ဖုိ႕ဒ္တို႔က ျပိဳင္ဘက္ ခံစစ္သမားေတြကို ခ်န္ရစ္ျပီး ေက်ာ္ျဖတ္ျပခဲ့တယ္။ သူတို႔က ကြဲျပားမႈကို ျဖစ္ေစခဲ့တာပါ။ မာတာနဲ႕ ေပါလ္ ေပါ့ဘာတို႔ကလည္း သက္၀င္ေစခဲ့တာ ပါပါတယ္။” လို႔ အီဗရာက သံုးသပ္ ေျပာဆိုခဲ့ပါတယ္။

ေ၀ဖန္မႈေတြ ခံေနရတဲ့ ယူနိုက္တက္ဟာ ညက ပရီးမီးယားလိဂ္ပြဲမွာ ၀က္စ္ဟမ္းကို အေ၀းကြင္းမွာ ၃ ဂိုး ၁ ဂိုးနဲ႕ အနုိင္ယူျပီး ဖိအားေတြကို ေလွ်ာ့ခ်နုိင္ခဲ့ျပန္ပါတယ္။