မန်ချက်စတာ ယူနိုက်တက်ဟာ ဒီရာသီမှာ ပြိုင်ဘက်အသင်းတွေကို ဦးဆောင်ဂိုး ခွင့်ပြုရပြီးမှ ပြန်လိုက် အနိုင်ယူနိုင်တဲ့ ပွဲတွေ များလာခဲ့ပါတယ်။ ပွဲတစ်ပွဲမှာ ရှုံးနေရင် ရှုံးမဲမဲပြီး အခုလိုပဲ ဆက် ပေါက်ကွဲ ပြဖို့ ပေါ့ဘာက ကြားရက် ချန်ပီယံလိဂ် ပွဲမတိုင်ခင် တိုက်တွန်းပြောဆိုလိုက်ပါတယ်။
ယူနိုက်တက်ဟာ အဆုံးအဖြတ် သီတင်းပတ်တွေထဲ ချဉ်းနင်း ဝင်ရောက်လာနေပြီ ဖြစ်ပြီး အင်္ဂါနေ့မှာ လိုက်ပ်ဇစ်နဲ့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲ ကစားရတော့မှာ ဖြစ်ပြီး နောက်တစ်ဆင့် တက်ရောက်ဖို့ အနည်းဆုံး သရေ တစ်မှတ် ရရှိဖို့ လိုနေပါတယ်။
ဒီပွဲ ပြီးရင်လည်း မန်ချက်စတာ မြို့ခံ ပြိုင်ဘက် မန်စီးတီးနဲ့ ဆက်လက် ကစားဖို့ ရှိနေပါတယ်။ ထိုဒါဘီပွဲမှာ နိုင်ရင်လည်း ယူနိုက်တက်ဟာ ပြည်တွင်းအမှတ်ပေးဖလား လမ်းကြောင်းပေါ်မှာ ပြန် အရှိန်ရလာမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စနေက လန်ဒန် အသင်း ဝက်စ်ဟမ်းကို အနိုင်ယူပြီးနောက် ဆက်တိုက် နိုင်ပွဲတွေ ဆက်ယူသွားဖို့ ပေါ့ဘာက အသင်းဖော်တွအား ပြောဆိုပြီး ဦးဆောင်ခံရရင်လည်း အရှုံးပေး နှလုံးအေး မနေကြဖို့ တိုက်တွန်းလှုံ့ဆော်လိုက်ပါတယ်။
” ယူနိုက်တက် အသင်းသားတွေအားလုံး ရည်မှန်းချက် ကြီးကြီး ရှိနေရပါမယ်။ ကျနော် ပြောတာ အမြဲတမ်းပါ။ ကျနေ်ာတို့က အရှုံုးခံလို့ မရဘူး၊ အရှုံး ဒါမှမဟုတ် သရေ ရလဒ်အပေါ်မှာ ကျေနပ် လက်ခံနေလို့ မရဘူး။ ကျနော်တို့ ရှုံး မဲ မဲ ပြီး ပေါက်ကွဲ တတ်ရမယ်။ အမြဲ အဲဒီလို ဖြစ်နေရမယ်။
အမြဲ နိုင်လို စိတ် ရှိနေရမယ်။ ၁-၀ ဖြစ် ဖြစ် ၆-၅ ဖြစ်ဖြစ် အနိုင် ရဖို့ လိုတယ်။ ဒါကိုပဲ ကျနေ်ာတို့ လိုချင်တာပါ။ အခုဆို ကျနော်တို့ အတွက် ပွဲကြီး နှစ်ပွဲက စောင့်နေပါပြီ။ ချန်ပီယံလိဂ်မှာ လိုက်ပ်ဇစ်နဲ့ ပြီးရင် မန်စီးတီးနဲ့။ ဒီပွဲတွေ ဘယ်လောက် အရေးကြီးလဲ ကျနော်တို့ သိတယ်။ တကယ့် အဆုံးအဖြတ် ပွဲတွေဖြစ်တယ်။ ” လို့ ပေါ့ဘာက ပြောဆိုသွားခဲ့ပါတယ်။
Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ဒီရာသီမွာ ျပိဳင္ဘက္အသင္းေတြကို ဦးေဆာင္ဂိုး ခြင့္ျပဳရျပီးမွ ျပန္လိုက္ အနုိင္ယူနိုင္တဲ့ ပြဲေတြ မ်ားလာခဲ့ပါတယ္။ ပြဲတစ္ပြဲမွာ ရွံဳးေနရင္ ရွံဳးမဲမဲျပီး အခုလိုပဲ ဆက္ ေပါက္ကြဲ ျပဖို႔ ေပါ့ဘာက ၾကားရက္ ခ်န္ပီယံလိဂ္ ပြဲမတိုင္ခင္ တိုက္တြန္းေျပာဆိုလိုက္ပါတယ္။
ယူနိုက္တက္ဟာ အဆံုးအျဖတ္ သီတင္းပတ္ေတြထဲ ခ်ဥ္းနင္း ၀င္ေရာက္လာေနျပီ ျဖစ္ျပီး အဂၤါေန႔မွာ လိုက္ပ္ဇစ္နဲ႕ ခ်န္ပီယံလိဂ္ အုပ္စု ေနာက္ဆံုးပြဲ ကစားရေတာ့မွာ ျဖစ္ျပီး ေနာက္တစ္ဆင့္ တက္ေရာက္ဖို႔ အနည္းဆံုး သေရ တစ္မွတ္ ရရွိဖို႔ လိုေနပါတယ္။
ဒီပြဲ ျပီးရင္လည္း မန္ခ်က္စတာ ျမိဳ႔ခံ ျပိဳင္ဘက္ မန္စီးတီးနဲ႕ ဆက္လက္ ကစားဖို႔ ရွိေနပါတယ္။ ထိုဒါဘီပြဲမွာ နုိင္ရင္လည္း ယူနိုက္တက္ဟာ ျပည္တြင္းအမွတ္ေပးဖလား လမ္းေၾကာင္းေပၚမွာ ျပန္ အရွိန္ရလာမွာ ျဖစ္ပါတယ္။
ျပီးခဲ့တဲ့ စေနက လန္ဒန္ အသင္း ၀က္စ္ဟမ္းကို အနုိင္ယူျပီးေနာက္ ဆက္တိုက္ နိုင္ပြဲေတြ ဆက္ယူသြားဖို႔ ေပါ့ဘာက အသင္းေဖာ္တြအား ေျပာဆိုျပီး ဦးေဆာင္ခံရရင္လည္း အရွံဳးေပး နွလံုးေအး မေနၾကဖို႔ တိုက္တြန္းလွံဳ႕ေဆာ္လိုက္ပါတယ္။
” ယူနိုက္တက္ အသင္းသားေတြအားလံုး ရည္မွန္းခ်က္ ၾကီးၾကီး ရွိေနရပါမယ္။ က်ေနာ္ ေျပာတာ အျမဲတမ္းပါ။ က်ေန္ာတို႔က အရွံဳဳးခံလို႔ မရဘူး၊ အရွံဳး ဒါမွမဟုတ္ သေရ ရလဒ္အေပၚမွာ ေက်နပ္ လက္ခံေနလို႔ မရဘူး။ က်ေနာ္တို႔ ရွံဳး မဲ မဲ ျပီး ေပါက္ကြဲ တတ္ရမယ္။ အျမဲ အဲဒီလို ျဖစ္ေနရမယ္။
အျမဲ နုိင္လို စိတ္ ရွိေနရမယ္။ ၁-၀ ျဖစ္ ျဖစ္ ၆-၅ ျဖစ္ျဖစ္ အနုိင္ ရဖို႔ လိုတယ္။ ဒါကိုပဲ က်ေန္ာတို႔ လိုခ်င္တာပါ။ အခုဆို က်ေနာ္တို႔ အတြက္ ပြဲၾကီး နွစ္ပြဲက ေစာင့္ေနပါျပီ။ ခ်န္ပီယံလိဂ္မွာ လိုက္ပ္ဇစ္နဲ႕ ျပီးရင္ မန္စီးတီးနဲ႕။ ဒီပြဲေတြ ဘယ္ေလာက္ အေရးၾကီးလဲ က်ေနာ္တို႔ သိတယ္။ တကယ့္ အဆံုးအျဖတ္ ပြဲေတြျဖစ္တယ္။ ” လို႔ ေပါ့ဘာက ေျပာဆိုသြားခဲ့ပါတယ္။