ဥရောပ ဂိုးသွင်းအကြမ်းဆုံး ခံစစ်မှူး အဖြစ် ချယ်ဆီးမှာ တောက်ပလာတဲ့သူကို လမ်းပတ် ချီးကျူးစကား ဆို

ချယ်ဆီးအသင်းရဲ့ ခံစစ်မှူး ဇူးမားဟာ ဒီရာသီ ဥရောပ သွင်းဂိုး အများဆုံး ခံစစ်မှူးတွေထဲ ပါဝင်ပြီး အင်္ဂလန်မှာဆိုရင် ကျန်တဲ့ ခံစစ်မှူးတွေထက် နှစ်ဆလောက် ဂိုးသွင်းထားသူလည်း ဖြစ်ပါတယ်။ လိဒ်ယူနိုက်တက်နဲ့ ပွဲမှာလည်း ချယ်ဆီးအတွက် ဂိုးသွင်းသွားခဲ့တဲ့ ဇူးမားကို ချယ်ဆီးနည်းပြ လမ်းပတ်က သုံးသပ် ချီးကျူးစကား ဆိုသွားခဲ့ပါတယ်။

အသက် ၂၆ နှစ် အရွယ် ခံစစ်သမားဟာ ဒီရာသီ လိဂ်ဂိုး လေးဂိုးထိ သွင်းယူထားပြီ ဖြစ်ပြီး သီယေဂို ဆေးလ်ဗားနဲ့ တွဲဖက် ကစားနေရတာက ဇူးမားကို ပို တိုးတက်လာစေတယ်လို့လည်း လမ်းပတ်က ယုံကြည်နေပါတယ်။

” ဇူးမားက ဒီရာသီ တော်တော် ကောင်းကောင်း ကစားထားတယ်။ အားလုံး မျက်စိ ကျစရာ အကောင်းဆုံးကတော့ တည်ကန်ဘောတွေကနေ တဆင့် သူ အသင်းအတွက် ဂိုးသွင်းထားတဲ့ အရေအတွက်ပါပဲ။ ဒါကပဲ သူ့ကို ယုံကြည်မှုတွေ ပိုတက်လာစေခဲ့ပြီး ပိုကောင်းလာစေခဲ့တာပါ။

သူက ဘော်ဒီ ရှိတယ် ခွန်အားလည်း ရှိတယ်။ ကွင်းထဲမှာ တစ်ဦးချင်း ယှဉ်လုတာတွေဆို သူ ဘယ်လောက် ကောင်းလဲ မြင်ကြမှာပါ။ သူ့ကို တစ်ဦးချင်း ရွေ့လျားမှုတွေ တိုးတက်ဖို့ ကျနော် အမြဲ တွေးခဲ့မိတယ်။ သူ့ရဲ့ ဒဏ်ရာတွေနဲ့ ရုန်းကန်ရတာတွေ အငှားထွက်ရတာတွေလည်း ရှိခဲ့တယ်။

ဒါပေမယ့် သူက နေ့တိုင်း လေ့ကျင့်တယ် ကြိုးစားတယ်။ တစ်ရက်မှ မပျက်ဘူး။ အမြဲ ပိုပြီး လုပ်ချင် လေ့ကျင့်ချင်တယ်။ သူက ပို ကောင်းလာချင်တယ်။ ဒါတွေကလည်း ကျနော့် အမြင်တော့ ကစားသမား တစ်ယောက် တိုးတက်လာဖို့ လိုတဲ့ အခြေခံကျတဲ့ ကိစ္စတွေပါ။ အခုဆို သူ အပတ်တိုင်း ကစားလာရင်းနဲ့ တိုးတက်လာခဲ့ပြီ။ ဒီလို အကြာကြီး ဆက်လုပ်သွားနိုင်ဖို့ မျှော်လင့်တယ်။ ” လို့ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

ချယ်ဆီး ခံစစ်က သွင်းဂိုးတွေ ကူလာနိုင်တဲ့ အပြင် ပြီးခဲ့တဲ့ရာသီက လိဂ်ဂိုး ၅၄ ဂိုးထိ ပေးခဲ့ရအောင် ယိုယွင်းခဲ့မှုကနေလည်း တိုးတက်လာအောင် လမ်းပတ်က ပြင်ဆင်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းရဲ႕ ခံစစ္မွဴး ဇူးမားဟာ ဒီရာသီ ဥေရာပ သြငး္ဂိုး အမ်ားဆံုး ခံစစ္မွဴးေတြထဲ ပါ၀င္ျပီး အဂၤလန္မွာဆိုရင္ က်န္တဲ့ ခံစစ္မွဴးေတြထက္ နွစ္ဆေလာက္ ဂိုးသြင္းထားသူလည္း ျဖစ္ပါတယ္။ လိဒ္ယူနိုက္တက္နဲ႕ ပြဲမွာလည္း ခ်ယ္ဆီးအတြက္ ဂိုးသြင္းသြားခဲ့တဲ့ ဇူးမားကို ခ်ယ္ဆီးနည္းျပ လမ္းပတ္က သံုးသပ္ ခ်ီးက်ဴးစကား ဆိုသြားခဲ့ပါတယ္။

အသက္ ၂၆ နွစ္ အရြယ္ ခံစစ္သမားဟာ ဒီရာသီ လိဂ္ဂိုး ေလးဂိုးထိ သြင္းယူထားျပီ ျဖစ္ျပီး သီေယဂို ေဆးလ္ဗားနဲ႕ တြဲဖက္ ကစားေနရတာက ဇူးမားကို ပို တုိးတက္လာေစတယ္လို႔လည္း လမ္းပတ္က ယံုၾကည္ေနပါတယ္။

” ဇူးမားက ဒီရာသီ ေတာ္ေတာ္ ေကာင္းေကာငး္ ကစားထားတယ္။ အားလံုး မ်က္စိ က်စရာ အေကာင္းဆံုးကေတာ့ တည္ကန္ေဘာေတြကေန တဆင့္ သူ အသင္းအတြက္ ဂိုးသြင္းထားတဲ့ အေရအတြက္ပါပဲ။ ဒါကပဲ သူ႔ကို ယံုၾကည္မႈေတြ ပိုတက္လာေစခဲ့ျပီး ပိုေကာင္းလာေစခဲ့တာပါ။

သူက ေဘာ္ဒီ ရွိတယ္ ခြန္အားလည္း ရွိတယ္။ ကြင္းထဲမွာ တစ္ဦးခ်င္း ယွဥ္လုတာေတြဆို သူ ဘယ္ေလာက္ ေကာင္းလဲ ျမင္ၾကမွာပါ။ သူ႔ကို တစ္ဦးခ်င္း ေရြ႕လ်ားမႈေတြ တုိးတက္ဖို႔ က်ေနာ္ အျမဲ ေတြးခဲ့မိတယ္။ သူ႔ရဲ႕ ဒဏ္ရာေတြနဲ႕ ရုန္းကန္ရတာေတြ အငွားထြက္ရတာေတြလည္း ရွိခဲ့တယ္။

ဒါေပမယ့္ သူက ေန႔တိုင္း ေလ့က်င့္တယ္ ၾကိဳးစားတယ္။ တစ္ရက္မွ မပ်က္ဘူး။ အျမဲ ပိုျပီး လုပ္ခ်င္ ေလ့က်င့္ခ်င္တယ္။ သူက ပို ေကာင္းလာခ်င္တယ္။ ဒါေတြကလည္း က်ေနာ့္ အျမင္ေတာ့ ကစားသမား တစ္ေယာက္ တိုးတက္လာဖို႔ လိုတဲ့ အေျခခံက်တဲ့ ကိစၥေတြပါ။ အခုဆို သူ အပတ္တိုင္း ကစားလာရင္းနဲ႕ တိုးတက္လာခဲ့ျပီ။ ဒီလို အၾကာၾကီး ဆက္လုပ္သြားနိုင္ဖို႔ ေမွ်ာ္လင့္တယ္။ ” လို႔ လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီး ခံစစ္က သြင္းဂိုးေတြ ကူလာနုိုင္တဲ့ အျပင္ ျပီးခဲ့တဲ့ရာသီက လိဂ္ဂိုး ၅၄ ဂိုးထိ ေပးခဲ့ရေအာင္ ယိုယြင္းခဲ့မႈကေနလည္း တိုးတက္လာေအာင္ လမ္းပတ္က ျပင္ဆင္လာနုိင္ခဲ့ျပီ ျဖစ္ပါတယ္။