ချယ်ဆီးနဲ့ ခရက်နိုဒါအသင်းတို့ ချန်ပီယံလိဂ် ပွဲစဉ် အတွက် မိုက်ကယ်အိုဝင် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ချန်ပီယံလိဂ်မှာ အုပ်စုတက်ပြီး ရှုံးထွက် အဆင့် တက်ရောက်တာ သေချာပြီး ဖြစ်တဲ့ ချယ်ဆီးအသင်းဟာ ဒီတစ်ပတ်မှာတော့ အုပ်စု နောက်ဆုံး ပွဲစဉ် အဖြစ် ခရက်နိုဒါ အသင်းကို အိမ်ကွင်း စတန်းဖို့ဘရစ်ချ်မှာ ဧည့်ခံ ကစားရဦးမှာ ဖြစ်ပါတယ်။

ပွဲချိန် ကတော့ ဒီဇင်ဘာ ၉ ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက် ၂း၃၀ နာရီမှာပါ။ ဒီပွဲစဉ်အတွက် နာမည်ကျော် ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

အိုဝင်က – ” ချယ်ဆီးက အရင်အပတ်က ဆီးဗီးလာကို ၄-၀ ရလဒ်နဲ့ ထူးထူးချွန်ချွန် အနိုင်ယူခဲ့တာကြောင့် အုပ်စုကနေ နောက်တစ်ဆင့်ကို တက်ရောက်ဖို့ အာမခံချက် ရထားပြီ ဖြစ်ပါတယ်။ သူတို့က လက်ရှိ စွမ်းဆောင်ရည်တွေကို ဆက်ထိန်းမယ်ဆိုရင် ဒီရာသီက သူတို့အတွက် ကြီးမားတဲ့ ရာသီတစ်ခု ဖြစ်လာနိုင်ပါတယ်။

သူတို့ရဲ့ အုပ်စုတွင်း နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ခရက်နိုဒါကလည်း ရီးနက်စ်ကို အနိုင်ယူလာတဲ့ အသင်းဖြစ်ပါတယ်။ နှစ်သင်းလုံးက အမြင့်ဆုံး အနေအထားတွေအဖြစ် ထိပ်တိုက်တွေ့တာဖြစ်ပြီး ချယ်ဆီးရဲ့ လူစာရင်း အင်အားတောင့်တင်းမှုကြောင့် ဒီဂရုကနေ အတောင့်တင်းဆုံး ပုံစံဖြင့် အဆုံးသတ်သွားမယ်လို့ မျှော်လင့်ပါတယ်။ ” လို့ သုံးသပ်ထားပါတယ်။

မိုက်ကယ် အိုဝင် ခန့်မှန်းရလဒ် ကတော့ ချယ်ဆီး 2-0 FC ခရက်နိုဒါ ဖြစ်ပါတယ်။

Zawgyi – ခ်န္ပီယံလိဂ္မွာ အုပ္စုတက္ျပီး ရွံဳးထြက္ အဆင့္ တက္ေရာက္တာ ေသခ်ာျပီး ျဖစ္တဲ့ ခ်ယ္ဆီးအသင္းဟာ ဒီတစ္ပတ္မွာေတာ့ အုပ္စု ေနာက္ဆံုး ပြဲစဥ္ အျဖစ္ ခရက္နုိဒါ အသင္းကို အိမ္ကြင္း စတန္းဖို႔ဘရစ္ခ်္မွာ ဧည့္ခံ ကစားရဦးမွာ ျဖစ္ပါတယ္။

ပြဲခ်ိန္ ကေတာ့ ဒီဇင္ဘာ ၉ ရက္၊ ဗုဒၶဟူးေန႔၊ နံနက္ ၂း၃၀ နာရီမွာပါ။ ဒီပြဲစဥ္အတြက္ နာမည္ေက်ာ္ ပရီးမီးယားလိဂ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္က အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

အို၀င္က – ” ခ်ယ္ဆီးက အရင္အပတ္က ဆီးဗီးလာကို ၄-၀ ရလဒ္နဲ႔ ထူးထူးခၽြန္ခၽြန္ အႏုိင္ယူခဲ့တာေၾကာင့္ အုပ္စုကေန ေနာက္တစ္ဆင့္ကို တက္ေရာက္ဖို႔ အာမခံခ်က္ ရထားျပီ ျဖစ္ပါတယ္။ သူတို႔က လက္ရွိ စြမ္းေဆာင္ရည္ေတြကို ဆက္ထိန္းမယ္ဆိုရင္ ဒီရာသီက သူတို႔အတြက္ ၾကီးမားတဲ့ ရာသီတစ္ခု ျဖစ္လာႏုိင္ပါတယ္။

သူတို႔ရဲ႕ အုပ္စုတြင္း ေနာက္ဆံုးပြဲစဥ္ျဖစ္တဲ့ ခရက္ႏိုဒါကလည္း ရီးနက္စ္ကို အႏုိင္ယူလာတဲ့ အသင္းျဖစ္ပါတယ္။ ႏွစ္သင္းလံုးက အျမင့္ဆံုး အေနအထားေတြအျဖစ္ ထိပ္တုိက္ေတြ႔တာျဖစ္ျပီး ခ်ယ္ဆီးရဲ႕ လူစာရင္း အင္အားေတာင့္တင္းမႈေၾကာင့္ ဒီဂရုကေန အေတာင့္တင္းဆံုး ပံုစံျဖင့္ အဆံုးသတ္သြားမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ” လို႔ သံုးသပ္ထားပါတယ္။

မိုက္ကယ္ အိုဝင္ ခန္႔မွန္းရလဒ္ ကေတာ့ ခ်ယ္ဆီး 2-0 FC ခရက္နိုဒါ ျဖစ္ပါတယ္။