မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် ကစားသမားဟာ ဆိုးရှား နေရာပေးထားတဲ့ သူ့ရဲ့ ကွင်းလယ် အနေအထားကို မပျော်ရွှင်တာကြောင့် အသင်းပြောင်းလိုနေပြီး အချိန်လည်း ထပ်မဆွဲသင့်တော့ကြောင်း အေးဂျင့် ရွိုင်းအိုလာက ဖော်ထုတ် ပြောဆိုလိုက်ပါတယ်။ ပေါ့ဘာက ဘရူနို ဖာနန်ဒက်စ် ကစားနေတဲ့ ပလေးမိတ်ကာ နေရာကို အလိုရှိနေတယ်လို့ သိရပါတယ်။
ယူနိုက်တက်မှာ ကစားရမယ့် ပေါ့ဘာရဲ့ ကာလက ကုန်ဆုံးသွားပြီ ဖြစ်ကြောင်း ရွိုင်းအိုလာက ဆိုလိုက်ပြီး ဇန်နဝါရီမှာ အသင်းပြောင်းဖို့ လုပ်ဆောင်သင့်ကြောင်းပါ တိုက်တွန်းခဲ့ပါတယ်။ ပေါ့ဘာရဲ့ လက်ရှိ စာချုပ်က ၁၈ လ ကျန်သေးပြီး ၂၀၂၂ မှ ကုန်ဆုံးမှာ ဖြစ်ပါတယ်။
ပေါ့ဘာရဲ့ မပျော်ရွှင်မှုက ကွင်းလယ်မှာ သူကစားချင်တဲ့နေရာ မကစားရချင်းက စတင်ခဲ့တယ်လို့ တယ်လီဂရပ်ဖ် သတင်းက ဖော်ထုတ်ခဲ့ပါတယ်။ ဆိုးရှားဟာ ဒဏ်ရာ မကြာခဏ ရနေတဲ့ ပေါ့ဘာကြောင့် ဖာနန်ဒက်စ်ကို ခေါ်ယူပြီး တိုက်စစ် လိုက်ပါတဲ့ ကွင်းလယ် ဖန်တီးရှင် အဖြစ် နေရာပေးခဲ့တာ ဖြစ်ပါတယ်။
ပေါ့ဘာက ပွဲ ကစားချိန်ရဖို့ ရုန်းကန်နေရတဲ့ အပြင် ကစားရင်လည်း ကွင်းလယ် ဗဟို နှစ်ယောက်နေရာမှာ ခံစစ်ပိုင်း ပိုတာဝန်ယူပေးနေရတာကို မနှစ်သက်ဘူး ဖြစ်နေတယ်လို့ သိရပါတယ်။ လိုက်ပ်ဇစ်နဲ့ ပွဲ မတိုင်ခင်မှာ ပေါ့ဘာ အေးဂျင့် ရွိုင်းအိုလာက လောင်စာဆီလောင်းတဲ့ အနေနဲ့ သူ့ ကစားသမား အသင်းပြောင်းသင့်ပြီလို့ ထုတ်ဖော် ပြောဆိုလာပြန်ပါတယ်။
” ဒီအတိုင်း ဆက်သွားဖို့ က အဓိပ္ပါယ် မရှိဘူးလေ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့်တွေ ပြောနေမယ့် အစား ပေါလ်က ယူနိုက်တက်မှာ မပျော်တော့ဘူး ဒါပဲ။ သူက သူ ဖြစ်ချင်သလို ပြသချင်သလို သူ့ အရည်အချင်းတွေကို မဖော်ပြနိုင်တော့ဘူး ဖြစ်နေတယ်။
ဒီတော့ ပတ်ဝန်းကျင်သစ် ပြောင်းရမယ် အသင်းပြောင်းရမယ်။ နောက်တစ်နှစ်ခွဲလောက် ကြာရင် သက်တမ်းကုန်မယ့် စာချုပ် သူ့မှာ ရှိတယ်။ ဒါပေမယ့် တကယ်လို့သာ ကလပ်အသင်းတွေကြား ညှိနှိုင်းနိုင်ရင် လာမယ့် ဈေးကွက်မှာလည်း ဒါက ဖြစ်လာနိုင်တယ်လို့ ကျနော်ထင်တယ်။ ” လို့ ရွိုင်းအိုလာက ပြောဆိုခဲ့ပါတယ်။
Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ ၾကယ္ပြင့္ ကစားသမားဟာ ဆိုးရွား ေနရာေပးထားတဲ့ သူ႔ရဲ႕ ကြင္းလယ္ အေနအထားကို မေပ်ာ္ရႊင္တာေၾကာင့္ အသင္းေျပာင္းလိုေနျပီး အခ်ိန္လည္း ထပ္မဆြဲသင့္ေတာ့ေၾကာင္း ေအးဂ်င့္ ရြိဳင္းအိုလာက ေဖာ္ထုတ္ ေျပာဆိုလိုက္ပါတယ္။ ေပါ့ဘာက ဘရူနို ဖာနန္ဒက္စ္ ကစားေနတဲ့ ပေလးမိတ္ကာ ေနရာကို အလိုရွိေနတယ္လို႔ သိရပါတယ္။
ယူနိုက္တက္မွာ ကစားရမယ့္ ေပါ့ဘာရဲ႕ ကာလက ကုန္ဆံုးသြားျပီ ျဖစ္ေၾကာင္း ရြိဳင္းအိုလာက ဆိုလိုက္ျပီး ဇန္န၀ါရီမွာ အသင္းေျပာင္းဖို႔ လုပ္ေဆာင္သင့္ေၾကာင္းပါ တိုက္တြန္းခဲ့ပါတယ္။ ေပါ့ဘာရဲ႕ လက္ရွိ စာခ်ဳပ္က ၁၈ လ က်န္ေသးျပီး ၂၀၂၂ မွ ကုန္ဆံုးမွာ ျဖစ္ပါတယ္။
ေပါ့ဘာရဲ႕ မေပ်ာ္ရႊင္မွဳက ကြင္းလယ္မွာ သူကစားခ်င္တဲ့ေနရာ မကစားရခ်င္းက စတင္ခဲ့တယ္လို႔ တယ္လီဂရပ္ဖ္ သတင္းက ေဖာ္ထုတ္ခဲ့ပါတယ္။ ဆိုးရွားဟာ ဒဏ္ရာ မၾကာခဏ ရေနတဲ့ ေပါ့ဘာေၾကာင့္ ဖာနန္ဒက္စ္ကို ေခၚယူျပီး တိုက္စစ္ လိုက္ပါတဲ့ ကြင္းလယ္ ဖန္တီးရွင္ အျဖစ္ ေနရာေပးခဲ့တာ ျဖစ္ပါတယ္။
ေပါ့ဘာက ပြဲ ကစားခ်ိန္ရဖို႔ ရုန္းကန္ေနရတဲ့ အျပင္ ကစားရင္လည္း ကြင္းလယ္ ဗဟို နွစ္ေယာက္ေနရာမွာ ခံစစ္ပိုင္း ပိုတာ၀န္ယူေပးေနရတာကို မနွစ္သက္ဘူး ျဖစ္ေနတယ္လို႔ သိရပါတယ္။ လိုက္ပ္ဇစ္နဲ႕ ပြဲ မတိုင္ခင္မွာ ေပါ့ဘာ ေအးဂ်င့္ ရြိဳင္းအိုလာက ေလာင္စာဆီေလာင္းတဲ့ အေနနဲ႕ သူ႔ ကစားသမား အသင္းေျပာင္းသင့္ျပီလို႔ ထုတ္ေဖာ္ ေျပာဆိုလာျပန္ပါတယ္။
” ဒီအတိုင္း ဆက္သြားဖို႔ က အဓိပၸါယ္ မရွိဘူးေလ။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ ဘယ္သူ႔ေၾကာင့္ ဘယ္၀ါေၾကာင့္ေတြ ေျပာေနမယ့္ အစား ေပါလ္က ယူနိုက္တက္မွာ မေပ်ာ္ေတာ့ဘူး ဒါပဲ။ သူက သူ ျဖစ္ခ်င္သလို ျပသခ်င္သလို သူ႔ အရည္အခ်င္းေတြကို မေဖာ္ျပနိုင္ေတာ့ဘူး ျဖစ္ေနတယ္။
ဒီေတာ့ ပတ္၀န္းက်င္သစ္ ေျပာင္းရမယ္ အသင္းေျပာင္းရမယ္။ ေနာက္တစ္နွစ္ခြဲေလာက္ ၾကာရင္ သက္တမ္းကုန္မယ့္ စာခ်ဳပ္ သူ႔မွာ ရွိတယ္။ ဒါေပမယ့္ တကယ္လို႔သာ ကလပ္အသင္းေတြၾကား ညွိနိႈင္းနိုင္ရင္ လာမယ့္ ေစ်းကြက္မွာလည္း ဒါက ျဖစ္လာနုိင္တယ္လို႔ က်ေနာ္ထင္တယ္။ ” လို႔ ရြိဳင္းအိုလာက ေျပာဆိုခဲ့ပါတယ္။