ခြေစွမ်းကောင်းတွေ ပြသွားတဲ့ ချယ်ဆီးလူငယ် ဘီလီ ဂေးလ်မားရဲ့ အနာဂတ်ကိစ္စ အရိပ်မြွက် ဆိုခဲ့တဲ့ လမ်းပတ်

ချယ်ဆီးအသင်းဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် တက်ရောက်ပြီး သေချာခဲ့ပေမယ့် ညက နောက်ဆုံး အုပ်စုပွဲ ခရက်နိုဒါနဲ့ ပွဲကို မရှုံးအောင် ကစားသွားခဲ့ပါတယ်။ ဂျော်ဂျင်ဟိုရဲ့ သွင်းဂိုးနဲ့ သရေကျသွားတဲ့ ပွဲမှာ ချယ်ဆီး လူငယ် ကစားသမား ဘီလီ ဂေးလ်မားလည်း ဝင်ရောက် ကစားပြီး ခြေစွမ်းကောင်းတွေ ပြသခဲ့ပါတယ်။

ဂေးလ်မားဟာ ပြီးခဲ့တဲ့ရာသီက ခြေစွမ်းကောင်းတွေ ပြသကာ လမ်းပတ် အကြိုက် ဖြစ်ခဲ့ပေမယ့် ဒူးဒဏ်ရာ ရသွားခဲ့တာကြောင့် ပြန် မှေးမှိန်နေခဲ့ရပါတယ်။ ညက ပွဲမြှတော့ လေးလတာ ကာလကြာပြီးမှ ချယ်ဆီးအသင်းနဲ့ အတူ ပထမဆုံး ပြန်လည် ပွဲထွက်တာ ဖြစ်ပေမယ့် ကောင်းမွန်တဲ့ ပုံစံ ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

ချယ်ဆီး ကွင်းလယ် လူငယ်လေးရဲ့ ခြေစွမ်းကို လမ်းပတ်က ကျေနပ် သဘောကျနေပြီး ၎င်းကို အငှားထုတ်ဖို့ထက် ချယ်ဆီးအသင်းသား အဖြစ် ဆက်ရှိနေဦးမယ့် အရိပ်အမြွက် ပြောဆိုခဲ့ပါတယ်။

” ဘီလီက သူ ပြန်ကစားနိုင်ချိန်မှာ ထူးထူးချွန်ချွန် လုပ်ပြခဲ့တယ်။ သူ ပြန်ကစားနိုင်တာ မြင်ရတော့ ကျနော် စိတ်သက်သာရာ ရမိပါတယ်။ သူက ကောင်းကောင်းလေး လေ့ကျင့်တယ် ကြိုးစားတယ်။ ဒီည အခွင့်အရေးအတွက် သူ ထိုက်တန်ခဲ့ပါတယ်။ ” လို့ လမ်းပတ်က ဆိုပါတယ်။

ချယ်ဆီးကွင်းလယ်မှာ ကန်တေ၊ ကိုဗာဆစ်နဲ့ မေဆန်မောင့်တို့ ရှိနေတဲ့ အပြင် ညက ဂိုးသွင်းသွားတဲ့ ဂျော်ဂျင်ဟိုလည်း ရှိတာကြောင့် ဂေးလ်မား တစ်ယောက် အငှားထုတ်ခံရမယ်လို့ ထင်ကြေး ပေးမှုတွေလည်း ရှိနေပါတယ်။

ဒါပေမယ့် လမ်းပတ်က – ” ဒီနေ့ သူ ကစားသွားတာ၊ ထရိန်နင်မှာ သူ လုပ်ဆောင်နေတာတွေ မြင်ရတော့ သူ ကျနော်တို့နဲ့ အတူ ဘယ်လောက် တိုးတက် ကြီးပြင်းလာပြီလဲ သိရပါတယ်။ သူက ချယ်ဆီး ကစားသမား တစ်ယောက် အဖြစ် ရှိမှာပါ။ အခုကလည်း လမ်းကြောင်း မှန်ပေါ်မှာ ရှိနေပါတယ်။ ” လို့ ပြောဆိုခဲ့တာကြောင့် စီနီယာ အသင်းနဲ့ အတူ ဆက်ရှိနေဖွယ် ရှိမယ်လို့ ယူဆရပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ခ်န္ပီယံလိဂ္ ရွံဳးထြက္အဆင့္ တက္ေရာက္ျပီး ေသခ်ာခဲ့ေပမယ့္ ညက ေနာက္ဆံုး အုပ္စုပြဲ ခရက္နိုဒါနဲ႕ ပြဲကို မရွံဳးေအာင္ ကစားသြားခဲ့ပါတယ္။ ေဂ်ာ္ဂ်င္ဟိုရဲ႕ သြင္းဂိုးနဲ႕ သေရက်သြားတဲ့ ပြဲမွာ ခ်ယ္ဆီး လူငယ္ ကစားသမား ဘီလီ ေဂးလ္မားလည္း ၀င္ေရာက္ ကစားျပီး ေျခစြမ္းေကာင္းေတြ ျပသခဲ့ပါတယ္။

ေဂးလ္မားဟာ ျပီးခဲ့တဲ့ရာသီက ေျခစြမ္းေကာင္းေတြ ျပသကာ လမ္းပတ္ အၾကိဳက္ ျဖစ္ခဲ့ေပမယ့္ ဒူးဒဏ္ရာ ရသြားခဲ့တာေၾကာင့္ ျပန္ ေမွးမွိန္ေနခဲ့ရပါတယ္။ ညက ပြဲမွၾေတာ့ ေလးလတာ ကာလၾကာျပီးမွ ခ်ယ္ဆီးအသင္းနဲ႕ အတူ ပထမဆံုး ျပန္လည္ ပြဲထြက္တာ ျဖစ္ေပမယ့္ ေကာင္းမြန္တဲ့ ပံုစံ ျပသနိုင္ခဲ့တာ ျဖစ္ပါတယ္။

ခ်ယ္ဆီး ကြင္းလယ္ လူငယ္ေလးရဲ႕ ေျခစြမ္းကို လမ္းပတ္က ေက်နပ္ သေဘာက်ေနျပီး ၄င္းကို အငွားထုတ္ဖို႔ထက္ ခ်ယ္ဆီးအသင္းသား အျဖစ္ ဆက္ရွိေနဦးမယ့္ အရိပ္အျမြက္ ေျပာဆိုခဲ့ပါတယ္။

” ဘီလီက သူ ျပန္ကစားနိုင္ခ်ိန္မွာ ထူးထူးခၽြန္ခၽြန္ လုပ္ျပခဲ့တယ္။ သူ ျပန္ကစားနိုင္တာ ျမင္ရေတာ့ က်ေနာ္ စိတ္သက္သာရာ ရမိပါတယ္။ သူက ေကာင္းေကာင္းေလး ေလ့က်င့္တယ္ ၾကိဳးစားတယ္။ ဒီည အခြင့္အေရးအတြက္ သူ ထိုက္တန္ခဲ့ပါတယ္။ ” လို႔ လမ္းပတ္က ဆိုပါတယ္။

ခ်ယ္ဆီးကြင္းလယ္မွာ ကန္ေတ၊ ကိုဗာဆစ္နဲ႕ ေမဆန္ေမာင့္တို႔ ရွိေနတဲ့ အျပင္ ညက ဂိုးသြင္းသြားတဲ့ ေဂ်ာ္ဂ်င္ဟိုလည္း ရွိတာေၾကာင့္ ေဂးလ္မား တစ္ေယာက္ အငွားထုတ္ခံရမယ္လို႔ ထင္ေၾကး ေပးမႈေတြလညး္ ရွိေနပါတယ္။

ဒါေပမယ့္ လမ္းပတ္က – ” ဒီေန႕ သူ ကစားသြားတာ၊ ထရိန္နင္မွာ သူ လုပ္ေဆာင္ေနတာေတြ ျမင္ရေတာ့ သူ က်ေနာ္တို႔နဲ႕ အတူ ဘယ္ေလာက္ တိုးတက္ ၾကီးျပင္းလာျပီလဲ သိရပါတယ္။ သူက ခ်ယ္ဆီး ကစားသမား တစ္ေယာက္ အျဖစ္ ရွိမွာပါ။ အခုကလည္း လမ္းေၾကာင္း မွန္ေပၚမွာ ရွိေနပါတယ္။ ” လုိ႕ ေျပာဆိုခဲ့တာေၾကာင့္ စီနီယာ အသင္းနဲ႕ အတူ ဆက္ရွိေနဖြယ္ ရွိမယ္လို႔ ယူဆရပါတယ္။