မန်ချက်စတာ ဒါဘီပွဲ မတိုင်ခင် ပြိုင်ဘက် ယူနိုက်တက် စိတ်အေးစေမယ့် သတင်းပေးလိုက်တဲ့ ပက် ဂွာဒီယိုလာ

မန်စီးတီးအသင်း နည်းပြ ပက် ဂွာဒီယိုလာကတော့ လာမယ့် စနေ မန်ချက်စတာ ဒါဘီပွဲမှာ သူ့ တိုက်စစ်မှူး အဂွယ်ရို တစ်ယောက် ပါဝင်နိုင်ဦးမှာ မဟုတ်ဘူးလို့ သတင်းပေးလာခဲ့ရာ ပြိုင်ဘက် ယူနိုက်တက် အတွက်တော့ စိတ်အေးစရာ ဖြစ်လာခဲ့ပါတယ်။

စီးတီးရဲ့ အားထားရတဲ့ တိုက်စစ်မှူး အဂွယ်ရိုဟာ ဒီရာသီမှာ ဒူးဒဏ်ရာကြောင့် ပွဲတော်တော်များများ မပါဝင်နိုင်ဘဲ ရှိခဲ့ပါတယ်။ ဒါပေမယ့် ကြားရက် မာဆေးနဲ့ ချန်ပီယံလိဂ် ပွဲမှာတော့ လူစားဝင် ကစားခဲ့တာကြောင့် မန်ချက်စတာ ဒါဘီပွဲမှာ အဂွယ်ရို ပါလာမလား မေးခွန်းထုတ်မှုတွေ ရှိခဲ့ပါတယ်။

အာဂျင်တီးနား တိုက်စစ်မှူး ပြန် ကစားနိုင်လာတာက မန်စီးတီးနဲ့ နည်းပြ ဂွာဒီယိုလာ အတွက်တော့ စိတ်သက်သာရာ ရစရာ ဖြစ်ပေမယ့် ပြိုငဘက်အသင်းတွေ အတွက်တော့ သတင်းကောင်း မဟုတ်ပါဘူး။ မန်စီးတီးဟာ စနေနေ့မှာ ယူနိုက်တက်နဲ့ အဝေးကွင်း ရင်ဆိုင်ရဖို့ ရှိနေပြီး ထိုပွဲမှာတော့ အဂွယ်ရို ပါဦးမှာ မဟုတ်ဘူးလို့ ဂွာဒီယိုလာကတော့ ဆိုပါတယ်။

” အဂွယ်ရိုက ထရိန်နင် လေးငါးကြိမ်လောက် ပြန်ပါပြီး သူ့ ဒူး အခြေအနေက တကယ် ကောင်းနေပါတယ်။ ဒါပေမယ့် အိုးထရက်ဖို့ဒ်က ပွဲမှာတော့ ပါဦးမှာ မဟုတ်ဘူး။ သူက လေးငါးလလောက် ဒဏ်ရာ ရထားတာ။ အခုက ထရိန်နင် လေးခါလောက်ပဲ ပါသေးတယ်ဆိုတော့ တစ်ဆင့်ချင်း ပြန်သွားရမှာပါ။ ကျနေ်ာတို့ အလျင်မလိုပါဘူး။ ” လို့ ၎င်းက ပြောဆိုခဲ့ပါတယ်။

စနေနေ့မှာ အဂွယ်ရို မပါသေးတာကြောင့် ပွဲထွက်မှာ ဂျီဆု တစ်ယောက် ပွဲထွက်လာဖွယ် ရှိပါတယ်။

Zawgyi – မန္စီးတီးအသင္း နည္းျပ ပက္ ဂြာဒီယိုလာကေတာ့ လာမယ့္ စေန မန္ခ်က္စတာ ဒါဘီပြဲမွာ သူ႔ တိုက္စစ္မွဴး အဂြယ္ရို တစ္ေယာက္ ပါ၀င္နုိင္ဦးမွာ မဟုတ္ဘူးလို႔ သတင္းေပးလာခဲ့ရာ ျပိဳင္ဘက္ ယူနိုက္တက္ အတြက္ေတာ့ စိတ္ေအးစရာ ျဖစ္လာခဲ့ပါတယ္။

စီးတီးရဲ႕ အားထားရတဲ့ တိုက္စစ္မွဴး အဂြယ္ရိုဟာ ဒီရာသီမွာ ဒူးဒဏ္ရာေၾကာင့္ ပြဲေတာ္ေတာ္မ်ားမ်ား မပါ၀င္နုိင္ဘဲ ရွိခဲ့ပါတယ္။ ဒါေပမယ့္ ၾကားရက္ မာေဆးနဲ႕ ခ်န္ပီယံလိဂ္ ပြဲမွာေတာ့ လူစား၀င္ ကစားခဲ့တာေၾကာင့္ မန္ခ်က္စတာ ဒါဘီပြဲမွာ အဂြယ္ရို ပါလာမလား ေမးခြန္းထုတ္မႈေတြ ရွိခဲ့ပါတယ္။

အာဂ်င္တီးနား တိုက္စစ္မွဴး ျပန္ ကစားနုိင္လာတာက မန္စီးတီးနဲ႕ နည္းျပ ဂြာဒီယိုလာ အတြက္ေတာ့ စိတ္သက္သာရာ ရစရာ ျဖစ္ေပမယ့္ ျပိဳငဘက္အသင္းေတြ အတြက္ေတာ့ သတင္းေကာင္း မဟုတ္ပါဘူး။ မန္စီးတီးဟာ စေနေန႔မွာ ယူနိုက္တက္နဲ႕ အေ၀းကြင္း ရင္ဆိုင္ရဖို႔ ရွိေနျပီး ထိုပြဲမွာေတာ့ အဂြယ္ရို ပါဦးမွာ မဟုတ္ဘူးလို႔ ဂြာဒီယိုလာကေတာ့ ဆိုပါတယ္။

” အဂြယ္ရိုက ထရိန္နင္ ေလးငါးၾကိမ္ေလာက္ ျပန္ပါျပီး သူ႔ ဒူး အေျခအေနက တကယ္ ေကာင္းေနပါတယ္။ ဒါေပမယ့္ အိုးထရက္ဖို႔ဒ္က ပြဲမွာေတာ့ ပါဦးမွာ မဟုတ္ဘူး။ သူက ေလးငါးလေလာက္ ဒဏ္ရာ ရထားတာ။ အခုက ထရိန္နင္ ေလးခါေလာက္ပဲ ပါေသးတယ္ဆိုေတာ့ တစ္ဆင့္ခ်င္း ျပန္သြားရမွာပါ။ က်ေန္ာတို႔ အလ်င္မလိုပါဘူး။ ” လို႕ ၄င္းက ေျပာဆိုခဲ့ပါတယ္။

စေနေန႔မွာ အဂြယ္ရို မပါေသးတာေၾကာင့္ ပြဲထြက္မွာ ဂ်ီဆု တစ္ေယာက္ ပြဲထြက္လာဖြယ္ ရွိပါတယ္။