အဂၤါေန႔ ညပိုင္း ေနာက္ဆံုးရ ေဘာလံုးသတင္းမ်ား

ပရီးမီးယားလိဂ္တာဝန္ရွိသူေတြက ျဗိတိန္မွာ အားကစားပြဲေတြ ရပ္ဆုိင္းရဖို႔ ျဖစ္လာခဲ့ရင္ ပရိသတ္ မပါေစဘဲ ကြင္းပိတ္ျပီး ရုပ္သံကေန ျပသခြင့္အတြက္ ေဆြးေႏြးမႈကို စတင္ေနၾကျပီ ျဖစ္ပါတယ္။

ယူနိုက္တက္ တိုက္စစ္မွဴးေဟာင္း အင္တာမီလန္ ကစားသမား လူကာကူက ၄င္းနဲ႕ တြဲဖက္ ကစားဖူးတဲ့ထဲက အေကာင္းဆံုး ကြင္းလယ္ကစားသမား ကို ေရြးခ်ယ္ရာမွာ ယူနိုက္တက္ အသင္းေဖာ္ေဟာင္း ေပါ့ဘာကို မေရြးခဲ့ဘဲ ဘယ္လ္ဂ်ီယံ အသင္းေဖာ္ မန္စီးတီး ကြင္းလယ္ ဒီဘရိုင္း လို႔ ေရြးခ်ယ္ခဲ့ပါတယ္။

ခ်ယ္ဆီးမန္ေနဂ်ာလမ္းပတ္က အျခားေသာ ကလပ္အသင္းေတြနည္းတူ သူကလည္း လီဗာပူးအသင္းကို ေလ့လာျပီး တိုးတက္လာေအာင္ တည္ေဆာက္မႈေတြကို ျပဳလုပ္လိုတယ္လို႔ ဝန္ခံစကား ေျပာဆိုလိုက္ပါတယ္။

ဂန္းနားသစ္ မာရီရဲ႕ ေျခစြမ္းကို အာဆင္နယ္ နည္းျပ အာတီတာကလည္း အားရေက်နပ္မႈ ရွိေနျပီး အထူးသျဖင့္ အသင္းေဖာ္မ်ားနဲ႕ ဆက္သြယ္ ေျပာဆိုမႈ အပိုင္းမွာ ကစားသမားသစ္ ျဖစ္ေပမယ့္ သက္ေတာင့္သက္သာ ရွိစြာ ပြဲခ်ိန္တြင္း ေအာ္ဟစ္ သတိေပးမႈေတြ ျပဳလုပ္ခဲ့ပံုကို နွစ္ျခိဳက္ေနပါတယ္။

မြန္ခ်င္ဂလာလတ္အသင္းမွ ကြင္းလယ္ကစားသမား ဒန္းနစ္ ဇာကာရီရာကို ေခၚယူဖို႔ ၾကိဳးစားေနတဲ့ အသင္းေတြထဲမွာ ယူနုိက္တက္နဲ႕ ဘိုင္ယန္ျမဴးနစ္က အလားအလာ အေကာငး္ဆံုး ျဖစ္ေနတယ္လို႔ ဂ်ာမန္ဘက္က သတင္းေတြမွာ ေဖာ္ျပေနပါတယ္။

လက္စတာအသင္းကလည္း ၄င္းတို႔ ခံစစ္မွဴး ဘန္ေခ်း၀ဲလ္ကို ခ်ယ္ဆီး၊ မန္စီးတီးနဲ႕ စပါးအသင္းတို႔ ေစာင့္ၾကည့္ျခင္း ခံေနရတာေၾကာင့္ အစားထိုးရန္ ကစားသမား ၾကိဳတင္ ရွာေဖြေနျပီး ဘန္ေလမွာ ခ်ာလီ ေတလာကို ပစ္မွတ္ထားေနပါတယ္။

ယူအီးအက္ဖ္ေအက ကိုရိုနာ ဗိုင္းရပ္ ကိစၥအေပၚ အေလးအနက္ထား ေစာင့္ၾကည့္ေလ့လာေနျပီး ခ်န္ပီယံလိဂ္ ၁၆ သင္း ရံွဴးထြက္ ဒုတိယအေက်ာ့ ပြဲစဥ္မ်ား အတြက္ ဒီျဖစ္ရပ္ကို ဂရုစိုက္ေနတယ္လို႔ သိရပါတယ္။

ခ်ယ္ဆီးအသင္း ပစ္မွတ္ထားေနတဲ့ ေပၚတို ဘယ္စြန္ခံစစ္မွဴး တဲလက္စ္ဟာ လက္ရွိကလပ္နဲ႕ သက္တမ္းတိုး စာခ်ဳပ္လက္မွတ္ထိုးရန္ ျငင္းပယ္လိုက္ပါတယ္။

အာဆင္နယ္ လူငယ္ကစားသမား ေရးစ္ နယ္လ္ဆန္က ပို႔စ္ေမာက္နဲ႕ ပြဲမွာ ျပသခဲ့တဲ့ ေျခစြမ္းေကာင္းကဲ့သို႔ ပိုေကာင္းတဲ့ အေနအထားမ်ိဳး ပံုမွန္လို ထိန္းသိမ္းထားနုိင္ပါက အာဆင္နယ္ရဲ႕ အနာဂတ္ ကစားသမား ျဖစ္လာနုိင္ေၾကာင္း ေရးပါလာက ခ်ီးက်ဴးခဲ့ပါတယ္။

Unicode – ပရီးမီးယားလိဂ်တာဝန်ရှိသူတွေက ဗြိတိန်မှာ အားကစားပွဲတွေ ရပ်ဆိုင်းရဖို့ ဖြစ်လာခဲ့ရင် ပရိသတ် မပါစေဘဲ ကွင်းပိတ်ပြီး ရုပ်သံကနေ ပြသခွင့်အတွက် ဆွေးနွေးမှုကို စတင်နေကြပြီ ဖြစ်ပါတယ်။

ယူနိုက်တက် တိုက်စစ်မှူးဟောင်း အင်တာမီလန် ကစားသမား လူကာကူက ၎င်းနဲ့ တွဲဖက် ကစားဖူးတဲ့ထဲက အကောင်းဆုံး ကွင်းလယ်ကစားသမား ကို ရွေးချယ်ရာမှာ ယူနိုက်တက် အသင်းဖော်ဟောင်း ပေါ့ဘာကို မရွေးခဲ့ဘဲ ဘယ်လ်ဂျီယံ အသင်းဖော် မန်စီးတီး ကွင်းလယ် ဒီဘရိုင်း လို့ ရွေးချယ်ခဲ့ပါတယ်။

ချယ်ဆီးမန်နေဂျာလမ်းပတ်က အခြားသော ကလပ်အသင်းတွေနည်းတူ သူကလည်း လီဗာပူးအသင်းကို လေ့လာပြီး တိုးတက်လာအောင် တည်ဆောက်မှုတွေကို ပြုလုပ်လိုတယ်လို့ ဝန်ခံစကား ပြောဆိုလိုက်ပါတယ်။

ဂန်းနားသစ် မာရီရဲ့ ခြေစွမ်းကို အာဆင်နယ် နည်းပြ အာတီတာကလည်း အားရကျေနပ်မှု ရှိနေပြီး အထူးသဖြင့် အသင်းဖော်များနဲ့ ဆက်သွယ် ပြောဆိုမှု အပိုင်းမှာ ကစားသမားသစ် ဖြစ်ပေမယ့် သက်တောင့်သက်သာ ရှိစွာ ပွဲချိန်တွင်း အော်ဟစ် သတိပေးမှုတွေ ပြုလုပ်ခဲ့ပုံကို နှစ်ခြိုက်နေပါတယ်။

မွန်ချင်ဂလာလတ်အသင်းမှ ကွင်းလယ်ကစားသမား ဒန်းနစ် ဇာကာရီရာကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်းတွေထဲမှာ ယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်က အလားအလာ အကောင်းဆုံး ဖြစ်နေတယ်လို့ ဂျာမန်ဘက်က သတင်းတွေမှာ ဖော်ပြနေပါတယ်။

လက်စတာအသင်းကလည်း ၎င်းတို့ ခံစစ်မှူး ဘန်ချေးဝဲလ်ကို ချယ်ဆီး၊ မန်စီးတီးနဲ့ စပါးအသင်းတို့ စောင့်ကြည့်ခြင်း ခံနေရတာကြောင့် အစားထိုးရန် ကစားသမား ကြိုတင် ရှာဖွေနေပြီး ဘန်လေမှာ ချာလီ တေလာကို ပစ်မှတ်ထားနေပါတယ်။

ယူအီးအက်ဖ်အေက ကိုရိုနာ ဗိုင်းရပ် ကိစ္စအပေါ် အလေးအနက်ထား စောင့်ကြည့်လေ့လာနေပြီး ချန်ပီယံလိဂ် ၁၆ သင်း ရံှူးထွက် ဒုတိယအကျော့ ပွဲစဉ်များ အတွက် ဒီဖြစ်ရပ်ကို ဂရုစိုက်နေတယ်လို့ သိရပါတယ်။

ချယ်ဆီးအသင်း ပစ်မှတ်ထားနေတဲ့ ပေါ်တို ဘယ်စွန်ခံစစ်မှူး တဲလက်စ်ဟာ လက်ရှိကလပ်နဲ့ သက်တမ်းတိုး စာချုပ်လက်မှတ်ထိုးရန် ငြင်းပယ်လိုက်ပါတယ်။

အာဆင်နယ် လူငယ်ကစားသမား ရေးစ် နယ်လ်ဆန်က ပို့စ်မောက်နဲ့ ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းကောင်းကဲ့သို့ ပိုကောင်းတဲ့ အနေအထားမျိုး ပုံမှန်လို ထိန်းသိမ်းထားနိုင်ပါက အာဆင်နယ်ရဲ့ အနာဂတ် ကစားသမား ဖြစ်လာနိုင်ကြောင်း ရေးပါလာက ချီးကျူးခဲ့ပါတယ်။