ဥရောပတခွင်မှ ယနေ့ညပိုင်း နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများ (21/8/21)

ချယ်ဆီးအသင်းဟာ ကွန်ဒဲလ်နဲ့ ဆော တို့ကို မခေါ်ယူခင် အသင်း လက်ရှိ ကစားသမားတွေကို ရောင်းချ ရှင်းထုတ် ရဦးမှာ ဖြစ်ပြီး ထိုအပေါ်လည်း မူတည်နေပါတယ်။ ဇက်ပါကော်စတာက ဖီအိုရင်တီးနားကို အငှားရောက်ဖွယ် ရှိပြီး ဘာကာယိုကိုကလည်း အေစီသို့ အငှားထွက်ဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း သတင်းထောက် ရိုမန်နိုက ဆိုပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒိုကတော့ ၎င်းဟာ ဂျူဗင်တပ်မှာပဲ ဆက်နေမှာ ဖြစ်ကြောင်း နည်းပြ အယ်လီဂရီအား ပြောဆိုထားပါတယ်။ ဒီနွေမှာ ရော်နယ်ဒို အသင်းပြောင်းမယ် ဆိုတဲ့ သတင်းတွေ ပြန်လည် လှုပ်ခတ်နေတာ ဖြစ်ပြီး ၎င်း စာချုပ်ကလည်း နောက်ဆုံး ၁၂လထဲကို ဝင်လာပြီ ဖြစ်ပါတယ်။

တော့တင်ဟမ် စပါးအသင်းကတော့ ဒီနွေမှာ ကိန်းကို လက်လွှတ်ရမယ် ဆိုရင် အစားထိုး ခေါ်ယူဖို့ ဖီအိုရင်တီးနား တိုက်စစ်မှူး ဗလာဟိုဗစ်ကို ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်လိုက်ပါတယ်။

ချယ်ဆီး ကွင်းလယ်လူငယ်လေး ဘီလီ ဂေးလ်မားဟာ ဒီရာသီ နောဝစ်ချ်မှာ အငှား သွားရောက်ကစားဖို့ သဘောတူကာ စတန်းဖို့ဘရစ်ချ်ကို စွန့်ခွာခဲ့ရပေမယ့် ၎င်းနှလုံးသားကတော့ ချယ်ဆီး ကစားသမား အဖြစ်သာ ရှိနေကာ မိခင်ကလပ် အသင်းထံ ပြန်သွားဖို့ စိတ်အားထက်သန်နေပါတယ်။

အာဆင်နယ်နဲ့ စာချုပ်ကုန်ဆုံးလို့ ထွက်ခွာလာပြီးနောက် အသင်းသစ် ရှာဖွေနေတဲ့ ခံစစ်မှူး ဒေးဗစ်လူးဝစ်ဟာ ဖလာမင်ဂို အသင်းထံ ရောက်သွားဖို့ နီးစပ်နေပါတယ်။ ဘရာဇီးကလပ်မှာ လူးဝစ်ဟာ ယူနိုက်တက် ကစားသမား ဟောင်း ပါရဲရားနဲ့ ပြန်ဆုံရဖွယ် ရှိနေတာပါ။

လီဗာပူးအသင်းဟာ တိုက်စစ်မှူး မိုဟာမက် ဆာလက်ကို တစ်ပတ် လုပ်ခ ပေါင် ၂သိန်းခွဲထိ အသင်းမှာ လစာအမြင့်ဆုံး တိုးပေးပြီး စာချုပ်သစ် ချုပ်ဆိုဖို့ ညှိနှိုင်းနေပါတယ်။

မန်စီးတီးအသင်းဟာ ပွဲထွက်ကစားချိန် သိပ်မရလို့ မပျော်ရွှင် ဖြစ်နေတဲ့ ခံစစ်မှူး လာပေါ်တေး အတွက် ပေါင် သန်း ၆၀ နဲ့ အထက် ကမ်းလှမ်းမှု ရရင် လက်ခံစဉ်းစားသွားဖို့ ရှိနေပါတယ်။

Zawgyi

ခ်ယ္ဆီးအသင္းဟာ ကြန္ဒဲလ္နဲ႕ ေဆာ တို႔ကို မေခၚယူခင္ အသင္း လက္ရွိ ကစားသမားေတြကို ေရာင္းခ် ရွင္းထုတ္ ရဦးမွာ ျဖစ္ျပီး ထိုအေပၚလည္း မူတည္ေနပါတယ္။ ဇက္ပါေကာ္စတာက ဖီအိုရင္တီးနားကို အငွားေရာက္ဖြယ္ ရွိျပီး ဘာကာယိုကိုကလည္း ေအစီသို႔ အငွားထြက္ဖို႕ နီးစပ္ေနျပီ ျဖစ္ေၾကာင္း သတင္းေထာက္ ရိုမန္နိုက ဆိုပါတယ္။

ခရစၥတီယာနို ေရာ္နယ္ဒိုကေတာ့ ၄င္းဟာ ဂ်ဴဗင္တပ္မွာပဲ ဆက္ေနမွာ ျဖစ္ေၾကာင္း နည္းျပ အယ္လီဂရီအား ေျပာဆိုထားပါတယ္။ ဒီေႏြမွာ ေရာ္နယ္ဒို အသင္းေျပာင္းမယ္ ဆိုတဲ့ သတင္းေတြ ျပန္လည္ လႈပ္ခတ္ေနတာ ျဖစ္ျပီး ၄င္း စာခ်ဳပ္ကလည္း ေနာက္ဆံုး ၁၂လထဲကို ၀င္လာျပီ ျဖစ္ပါတယ္။

ေတာ့တင္ဟမ္ စပါးအသင္းကေတာ့ ဒီေႏြမွာ ကိန္းကို လက္လႊတ္ရမယ္ ဆိုရင္ အစားထုိး ေခၚယူဖို႔ ဖီအိုရင္တီးနား တိုက္စစ္မွဴး ဗလာဟိုဗစ္ကို ထိပ္တန္း ပစ္မွတ္ အျဖစ္ သတ္မွတ္လိုက္ပါတယ္။

ခ်ယ္ဆီး ကြင္းလယ္လူငယ္ေလး ဘီလီ ေဂးလ္မားဟာ ဒီရာသီ ေနာ၀စ္ခ်္မွာ အငွား သြားေရာက္ကစားဖုိ႔ သေဘာတူကာ စတန္းဖို႔ဘရစ္ခ်္ကို စြန္႕ခြာခဲ့ရေပမယ့္ ၄င္းနွလံုးသားကေတာ့ ခ်ယ္ဆီး ကစားသမား အျဖစ္သာ ရွိေနကာ မိခင္ကလပ္ အသင္းထံ ျပန္သြားဖို႔ စိတ္အားထက္သန္ေနပါတယ္။

အာဆင္နယ္နဲ႕ စာခ်ဳပ္ကုန္ဆံုးလို႕ ထြက္ခြာလာျပီးေနာက္ အသင္းသစ္ ရွာေဖြေနတဲ့ ခံစစ္မွဴး ေဒးဗစ္လူး၀စ္ဟာ ဖလာမင္ဂို အသင္းထံ ေရာက္သြားဖို႔ နီးစပ္ေနပါတယ္။ ဘရာဇီးကလပ္မွာ လူး၀စ္ဟာ ယူနိုက္တက္ ကစားသမား ေဟာင္း ပါရဲရားနဲ႕ ျပန္ဆံုရဖြယ္ ရွိေနတာပါ။

လီဗာပူးအသင္းဟာ တိုက္စစ္မွဴး မိုဟာမက္ ဆာလက္ကို တစ္ပတ္ လုပ္ခ ေပါင္ ၂သိန္းခြဲထိ အသင္းမွာ လစာအျမင့္ဆံုး တိုးေပးျပီး စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖုိ႕ ညွိနိႈင္းေနပါတယ္။

မန္စီးတီးအသင္းဟာ ပြဲထြက္ကစားခ်ိန္ သိပ္မရလို႔ မေပ်ာ္ရႊင္ ျဖစ္ေနတဲ့ ခံစစ္မွဴး လာေပၚေတး အတြက္ ေပါင္ သန္း ၆၀ နဲ႕ အထက္ ကမ္းလွမ္းမႈ ရရင္ လက္ခံစဥ္းစားသြားဖို႕ ရွိေနပါတယ္။