ယူနိုက်တက်နဲ့ အတူ အလွန်တောက်ပတဲ့ အနာဂတ်ရှိနေတဲ့ ကစားသမား ၆ ဦး

ယူနိုက်တက် ကွင်းလယ်ဟောင်းကြီး ဖြစ်တဲ့ ပေါစခိုလ်းက မန်ချက်စတာ ယူနိုက်တက်မှာ အလွန်တောက်ပတဲ့ အနာဂတ်ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမား အနည်းဆုံး ၆ ယောက် လောက်ကို ရှိတယ်လို့ သုံးသပ် ထောက်ပြသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဆာအဲလက်စ် ဖာဂူဆန် အနားယူသွားတဲ့ ၂၀၁၃ နောက်ပိုင်း အကျဘက်ကို ရောက်ကာ ရုန်းကန်နေခဲ့ရပေမယ့် ဒီနှစ်ထဲမှာတော့ တိုးတက်ရိပ်တွေ ပြန်မြင်နေရပါတယ်။ ဇန်နဝါရီမှာ ဘရူနို ဖာနန်ဒက်စ် ရောက်ရှိလာပြီးနောက် ယူနိုက်တက်ရဲ့ အသင်းလိုက် ကစားပုံပါ မြန်ဆန် သွက်လက်လာခဲ့ပါတယ်။

ပေါ်တူဂီသား အပြင် အခြား ယူနိုက်တက် ကစားသမား ၅ ဦးကလည်း အသင်းနဲ့ အတူ တောက်ပလာဦးမယ်လို့ စခိုးလ်က ယုံကြည်နေပါတယ်။ ထို ၅ ယောက်ကတော့ မာရှယ်၊ ရက်ဖို့ဒ်၊ ပေါ့ဘာ၊ တော်မီနေးနဲ့ ဘရန်ဒန် ဝီလီယံတို့ ဖြစ်ပါတယ်။

” ပွဲကစားဖို့ တစ်နေရာ အတွက် ပြိုင်ဆိုင်မှုတွေကတော့ အများကြီး ရှိမယ် ဒါကိုကပဲ မန်ချက်စတာ ယူနိုက်တက် ကစားသမား ဖြစ်ရခြင်း တစိတ် တဒေသ အဖြစ် ပါဝင်နေတာ ဖြစ်တယ်။ ဒီရှပ်အင်္ကျီကို ရတည်းက ဒါကို ထိန်းသိမ်းဖို့ တာဝန်ရှိလာပြီ။ တစ်ပတ်ပြီးတစ်ပတ် ပါဝင် ကစားခွင့် ရဖို့ ကစားသမားကေငာင်း ဖြစ်ဖို့ပေါ့။ ကိုယ့် ခြေစွမ်း မကောင်းလို့ မန်နေဂျာက မရွေးဘဲ ကျန်နေခဲ့တာမျိုး မဖြစ်အောင် အားထုတ်ရတော့မှာပါ။

အနာဂတ်ကတော့ တောက်ပနေတယ်။ အိုလေ (ဆိုးရှား)က တကယ် အလုပ်ကောင်း လုပ်ထားတယ်လို့ ကျနော် ထင်တယ်။ သူ့မှာ တကယ့် တိုက်စစ် အင်အားစုကောင်း ရှိတယ်။ တွေးကြည့်လေ သူ့မှာ မာရှယ်၊ ရက်ဖို့ဒ်၊ ဖာနန်ဒက်စ်တို့ ရှိတယ်။ ပေါ့ဘာလည်း ပြန်လာပြီ ပြီးတော့ တော်မီနေး တကယ် ငယ်ရွယ် ကောင်းမွန်တဲ့ ကစားသမားတွေ၊ ဝီလီယံကလည်း တက်လာနေပြီ။ ကျနော်ကတော့ ယူနိုက်တက် အတွက် တကယ် ရင်ခုန်စရာ အချိန်ကောင်းလို့ ထင်တယ်။ ” လို့ စခိုးလ်က သုံးသပ် ပြောဆိုခဲ့ပါတယ်။

ဆိုးရှားရဲ့ ယူနိုက်တက်ဟာ ပြန်လည် စတင်တော့မယ့် ပရီးမီးယားလိဂ် ပွဲတွေ အတွက် အသင့် ဖြစ်နေအောင် ပြင်းပြင်းထန်ထန် လေ့ကျင့်နေကြပြီ ဖြစ်ပြီး ထရိန်နင်မှာလည်း ကစားကွက် အခင်းအကျင်းသစ်တွေ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Zawgyi – ယူနုိက္တက္ ကြင္းလယ္ေဟာင္းၾကီး ျဖစ္တဲ့ ေပါစခိုလ္းက မန္ခ်က္စတာ ယူနိုက္တက္မွာ အလြန္ေတာက္ပတဲ့ အနာဂတ္ ေကာင္းေတြ ပိုင္ဆိုင္ထားတဲ့ ကစားသမား အနည္းဆံုး ၆ ေယာက္ ေလာက္ကို ရွိတယ္လို႔ သံုးသပ္ ေထာက္ျပသြားခဲ့ပါတယ္။

ယူနိုက္တက္ဟာ ဆာအဲလက္စ္ ဖာဂူဆန္ အနားယူသြားတဲ့ ၂၀၁၃ ေနာက္ပိုင္း အက်ဘက္ကို ေရာက္ကာ ရုန္းကန္ေနခဲ့ရေပမယ့္ ဒီနွစ္ ထဲမွာေတာ့ တိုးတက္ရိပ္ေတြ ျပန္ျမင္ေနရပါတယ္။ ဇန္န၀ါရီမွာ ဘရူနို ဖာနန္ဒက္စ္ ေရာက္ရွိလာျပီးေနာက္ ယူနိုက္တက္ရဲ႕ အသင္းလိုက္ ကစားပံုပါ ျမန္ဆန္ သြက္လက္လာခဲ့ပါတယ္။

ေပၚတူဂီသား အျပင္ အျခား ယူနုိက္တက္ ကစားသမား ၅ ဦးကလည္း အသင္းနဲ႕ အတူ ေတာက္ပလာဦးမယ္လိုိ႔ စခိုးလ္က ယံုၾကည္ ေနပါတယ္။ ထို ၅ ေယာက္ကေတာ့ မာရွယ္၊ ရက္ဖို႔ဒ္၊ ေပါ့ဘာ၊ ေတာ္မီေနးနဲ႕ ဘရန္ဒန္ ၀ီလီယံတို႔ ျဖစ္ပါတယ္။

” ပြဲကစားဖို႔ တစ္ေနရာ အတြက္ ျပိဳင္ဆိုင္မႈေတြကေတာ့ အမ်ားၾကီး ရွိမယ္ ဒါကိုကပဲ မန္ခ်က္စတာ ယူနိုက္တက္ ကစားသမား ျဖစ္ရျခင္း တစိတ္ တေဒသ အျဖစ္ ပါ၀င္ေနတာ ျဖစ္တယ္။ ဒီရွပ္အက်ၤီကို ရတည္းက ဒါကို ထိန္းသိမ္းဖို႔ တာ၀န္ရွိလာျပီ။ တစ္ပတ္ျပီးတစ္ပတ္ ပါ၀င္ ကစားခြင့္ ရဖို႔ ကစားသမားေကငာင္း ျဖစ္ဖို႔ေပါ့။ ကိုယ့္ ေျခစြမ္း မေကာင္းလို႔ မန္ေနဂ်ာက မေရြးဘဲ က်န္ေနခဲ့တာမ်ိဳး မျဖစ္ေအာင္ အားထုတ္ရေတာ့မွာပါ။

အနာဂတ္ကေတာ့ ေတာက္ပေနတယ္။ အိုေလ (ဆိုးရွား)က တကယ္ အလုပ္ေကာင္း လုပ္ထားတယ္လို႔ က်ေနာ္ ထင္တယ္။ သူ႔မွာ တကယ့္ တိုက္စစ္ အင္အားစုေကာင္း ရွိတယ္။ ေတြးၾကည့္ေလ သူ႔မွာ မာရွယ္၊ ရက္ဖို႔ဒ္၊ ဖာနန္ဒက္စ္တို႔ ရွိတယ္။ ေပါ့ဘာလည္း ျပန္လာျပီ ျပီးေတာ့ ေတာ္မီေနး တကယ္ ငယ္ရြယ္ ေကာင္းမြန္တဲ့ ကစားသမားေတြ၊ ၀ီလီယံကလည္း တက္လာေနျပီ။ က်ေနာ္ကေတာ့ ယူနိုက္တက္ အတြက္ တကယ္ ရင္ခုန္စရာ အခ်ိန္ေကာင္းလို႔ ထင္တယ္။ ” လို႔ စခိုးလ္က သံုးသပ္ ေျပာဆိုခဲ့ပါတယ္။

ဆိုးရွားရဲ႕ ယူနုိက္တက္ဟာ ျပန္လည္ စတင္ေတာ့မယ့္ ပရီးမီးယားလိဂ္ ပြဲေတြ အတြက္ အသင့္ ျဖစ္ေနေအာင္ ျပင္းျပင္းထန္ထန္ ေလ့က်င့္ေနၾကျပီ ျဖစ္ျပီး ထရိန္နင္မွာလည္း ကစားကြက္ အခင္းအက်င္းသစ္ေတြ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။